ဒုတိယမြောက်အိမ်ဟာလည်း သရဲခြောက်တဲ့အိမ် ဖြစ်နေတယ်ဆိုတဲ့ Liam

Instagram- @liampayne

One Direction အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Liam ကတော့ အနုပညာလောကထဲကနေ ကျန်တဲ့လူတွေနဲ့ယှဉ်ရင် ပျောက်ချက်သားကောင်းနေသူတစ်ယောက်လို့ ဆိုရမှာပါ။ Liam တစ်ယောက် တကယ်တမ်း သူ့ရဲ့

သရဲခြောက်တဲ့အိမ်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာပါတဲ့။

 

View this post on Instagram

 

A post shared by Liam Payne (@liampayne)

စစချင်း လန်ဒန်အနောက်ပိုင်းမှာရှိနေတဲ့ အိမ်မှာတုန်းကလည်း Liam တစ်ယောက် သရဲအခြောက်ခံခဲ့ရပါတယ်တဲ့။ ညဖက်ညဖက်ဆို လုံးဝအိပ်မရအောင် အသံတွေနဲ့ ခြောက်တာမျိုးပါတဲ့လေ။ ဒါကို မကြောက်တဲ့အပြင် Liam ဟာ အခုလည်း နောက်ပြောင်းမယ့်အိမ်ကို ထူးထူးဆန်းဆန်းလေးဖြစ်စေမယ့် နေရာမျိုးကို ရွေးပြီးဝယ်ခဲ့တယ်လို့ Aisa One မှာ ဖော်ပြထားခဲ့ပါတယ်။ 

အခုအိမ်ကတော့ ၁၅၀၀ ခုနှစ်လောက်ကတည်း ဆောက်ထားတဲ့ အိမ်အိုဟောင်းကြီးဖြစ်ပြီးတော့ ပထမအိမ်ထက်ကို ကြမ်းတယ်ဆိုတဲ့ ရာဇဝင်တွေရှိနေတဲ့အိမ်ကြီးပါတဲ့။ မြို့ခံတွေကဆိုရင် အဲဒီအိမ်ရှေ့ကနေတောင် ညဖက်ကို ဖြတ်မလျှောက်ရဲကြပါဘူးတဲ့။ 

 

View this post on Instagram

 

A post shared by Liam Payne (@liampayne)

ပထမဆုံးအိမ်ပြောင်းတဲ့ညကတော့ Liam တစ်ယောက် အိပ်နေတုန်း တံခါးကိုခပ်ကြမ်းကြမ်းခေါက်တဲ့အသံတွေ ကြားခဲ့ရပြီး ဘယ်သူလဲလို့ ထမေးလိုက်တဲ့အချိန်ကျတော့ ငြိမ်သွားပါတယ်တဲ့။ ရုတ်တရက်ဆိုသလို အခန်းမီးကြီး ပွင့်လာပြီး ဘီဒိုတံခါးက ဝုန်းခနဲဆို ပိတ်သွားခဲ့ပါတယ်တဲ့လေ။ သူတောင် တော်တော်လေးကို လန့်ဖြန့်သွားခဲ့တယ်ဆိုပဲ။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး Liam ဟာ ဗီဒီယိုရိုက်ဦးမယ်ဆိုပြီးလည်း ပြောလာခဲ့ပါတယ်။ သရဲစောင့်ကြည့်ရေးဗီဒီယိုမှတ်တမ်းတွေလိုမျိုး ရိုက်ထားပြီး ပရီတ်သတ်တွေကို ပြန်ပြမှာပါတဲ့လေ။အခုဆိုရင် ဒုတိယမြောက်အိမ်မှာ နေတာလည်း ကြာနေပြီဆိုတော့ Liam တစ်ယောက် သရဲနဲ့ပတ်သက်ပြီး ဘာပြောလဲဆိုရင် “သူ့နာမည်က Adam တဲ့။ အကောင်လိုက်တော့ မမြင်ဖူးပေမယ့်လို့ မနက် ၃ နာရီဆိုရင် တစ်အိမ်လုံးမီးတွေ လင်းထိန်သွားပြီး သူပါ လာလာတတ်တယ်” လို့ ဆိုသတဲ့။

 

View this post on Instagram

 

A post shared by Liam Payne (@liampayne)

penny

SHARE