ဖေဖေဘက်က ဘွားဘွားဖြစ်သူနဲ့အတူ ပျော်နေတဲ့ Liam လေး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ အနုပညာအလုပ်တွေကို မနားတမ်းပြုလုပ်နေရတဲ့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရင်သွေးဦးလေးဖြစ်တဲ့ Liam ကိုမွေးပြီးတဲ့နောက်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးကြိုးစားစားနဲ့ ပြုလုပ်နေဆဲဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတဲ့ သူမကတော့  သူမရဲ့ သားလေး Liam လေးနဲ့အတူ မြန်မာနိုင်ငံကို အရင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း ရန်ကုန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေရဲ့ အသဲကျော်လေးဖြစ်တဲ့ Liam လေးကတော့ သူရဲ့ ဖခင်ဖြစ်သူနဲ့အတူ အဘွားရဲ့ အိမ်ကိုရောက်နေတာဖြစ်ပါတယ်။

Liam လေးရဲ့ အဘွားကတော့ ချစ်မြေးလေးနဲ့အတူ ပျော်ပျော်ပါးပါး ဓါတ်ပုံတွေ ရိုက်ပြီးတော့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့သားလေး Liam ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ရဟာဇယ်လုပ်ချိန်မှာGirl-Groupတွေအထင်ကြီးအောင်Boy-Groupတွေပြုလုပ်လေ့ရှိတဲ့အရာ

Source: Shwe Htut Tin

SHARE