ချစ်သူဆီက ကြားနေကျစကားတွေထဲမှာ ယုံစားလို့မရတဲ့ စကား (၅) ခွန်း

မိန်းကလေးတွေ တော်တော်များများဟာ ယောက်ျားတစ်ယောက်ကို ချစ်မိပြီဆိုရင် သူတို့ရဲ့မာယာ၊ လှည့်ကွက်တွေကအစ ဘာဆိုဘာမှ မမြင်တော့ပါဘူး။ ချစ်သူကို အရမ်းချစ်တဲ့ မိန်းကလေးတွေ ကြုံနေကျ အရာလေးတွေရှိပါတယ်။ အဲဒါကတော့ ပြောပြီးရင် ဘယ်တော့မှ မလုပ်ဖြစ်တဲ့ ချစ်သူရဲ့စကားလေးတွေပါပဲ။ ဘာတွေလည်းဆိုတာ ကြည့်လိုက်ပြီး သင်လည်းကြုံဖူးနေရင်တော့ သင်ဟာ သင့်ချစ်သူကို အရမ်းချစ်တဲ့သူတစ်ယောက်ပါ။

(၁) ခဏနေပြန်ဆက်မယ်

သင့်ချစ်သူကို ဖုန်းဆက်လိုက်လို့ သူ့ဖက်က “ခဏလေးနော် ကိုယ်ချက်ချင်းပြန်ဆက်လိုက်မယ်” ဆိုရင်တော့ သေချာပါတယ်။ တစ်နာရီအတွင်း သူလုံးဝဆက်တော့မှာ မဟုတ်ပါဘူး။ စောင့်နေရသူအဖို့ တစ်မိနစ်ကို တစ်နာရီလောက်ကြာသလို ခံစားရပေမယ့်၊ သူ့ဖက်ကတော့ သူ့ကိစ္စတွေကသာ အရေးကြီးနေတာကြောင့် တစ်ခါတလေ ခဏဆိုပြီး တစ်နေကုန်လည်းမဆက်၊ ကိုယ်ဆက်တော့လည်း မကိုင်ဖြစ်နေတတ်ပါတယ်။ ဒါကြာင့် ခဏနေပြန်ဆက်မယ်ဆိုတဲ့ စကားဟာ မယုံရဆုံးထဲက တစ်ခုဖြစ်ပါတယ်။

READ
သင့်ကောင်လေးက သင့်ကိုရူးရူးမူးမူးချစ်နေမှန်း သိနိုင်မည့်အချက်များ

(၂) နောက်မလုပ်တော့ဘူး

ယောက်ျားလေးတွေဟာ သူတို့ရဲ့ အကျင့်တွေကို ဘယ်တော့မှ အလွယ်တကူ ပြင်လေ့မရှိပါဘူး။ ဒါကြောင့် “နောက်မလုပ်တော့ဘူး” ဆိုတဲ့စကားဟာလည်း ခဏအတွက်ပဲ ဖြစ်ပါတယ်။ အချိန်တန်ရင် ပြန်ပြန်လုပ်တတ်ကြလို့ ဒေါသတွေထွက်၊ ကတိတွေပြန်တောင်း၊ ပြန်လုပ် ဒီလိုနဲ့ပဲ အကြီးအကျယ်တွေ ရန်ဖြစ်၊ မနေနိုင်တော့လည်း ပြန်ချစ် ဒီလိုနဲ့ပဲ သံသရာတွေလည်နေရမှာပါ။ ဒါကြောင့်နောက်မလုပ်တော့ဘူး ဆိုတဲ့ စကားက မယုံရဆုံးထဲက တစ်ခုဖြစ်ပါတယ်။

(၃) နောက်မှဆက်ပြောကြမယ်

ချစ်သူကို အကြောင်းတစ်ခုခုကြောင့် သွားရစ်လိုက်လို့ သူက “အဲဒီအကြောင်း နောက်မှဆက်ပြောကြမယ်” လို့ပြောနေတယ်ဆိုရင်တော့ သေချာပါတယ်၊ အဲဒီ့အကြောင်း သူဘယ်တော့မှ စကားစတော့မှာ မဟုတ်ပါဘူး။ သူပြောတဲ့ နောက်မှဆိုတာ ဘယ်တော့မှလို့ ပြောတာနဲ့အတူတူပါပဲ။ ဒါကြောင့် ယောက်ျားတစ်ယောက်ရဲ့ နောက်မှဆက်ပြောကြမယ် ဆိုတဲ့စကားဟာလည်း မယုံရဆုံးပဲဖြစ်ပါတယ်။

READ
မှန်ကြောင်လေးတွေကို မိန်းကလေးတွေ သဘောကျရတဲ့ အကြောင်းအရင်း

(၄) အပြင်ပိုင်းက အရေးမကြီးပါဘူး

သင့်ချစ်သူကို သင်ရဲ့အပြင်ပိုင်းပုံသဏ္ဍာန်နဲ့ ပတ်သတ်လို့ (ဝနေလား၊ လှလား စသည်ဖြင့်) မေးတဲ့အခါမှာ သူက “အပြင်ပိုင်းက အရေးမကြီးပါဘူး” လို့ပြောနေရင် မယုံရပါဘူး။ သင့်ခန္ဓာကိုယ် ဝနေလားပိန်နေလား၊ လှလားမလှလား သင့်ကိုသင် သိနေတာမို့လို့၊ ပြင်သင့်တာရှိရင် ကိုယ့်အသိနဲ့ပြင်လိုက်တာ အကောင်းဆုံးပါ။ အပြင်ပိုင်းက အရေးမကြီးပါဘူး လို့ပြောတဲ့ ယောက်ျားတွေကပဲ အပြင်ပိုင်းကို အကြည့်တတ်ဆုံးဖြစ်နေလို့ပါ။

(၅) ယုံပါ

ယောက်ျားတွေ ပြောတတ်တဲ့စကားတွေထဲက ယုံပါ ဆိုတဲ့စကားဟာလည်း မယုံရဆုံးဖြစ်ပါတယ်။ မယုံဘူးလားတို့ ယုံပါတို့ လာပြောနေရင်တော့ မယုံဘူး လို့သာပြန်ပြောလိုက်ပါ။ ဒီစကားလေးကို ယုံပြီး ပုံအပ်လိုက်မိလို့ မရှုနိုင်မကယ်နိုင်ဖြစ်သွားတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပါ။ ဒါကြောင့် ယုံပါ ဆိုတဲ့စကားကိုလည်း မယုံပါနဲ့။

Em Em(Shwemom)

SHARE