လိုက်ကိုလိုက်နာသင့်တဲ့ သရဲကားများမှပေးသော ဘဝသင်ခန်းစာများအကြောင်း

IMDb-You Are Next

သရဲကားတွေ၊ လူသတ်ကားတွေကြည့်နေုတုန်း “ဒီလမ်းကိုမသွားပါနဲ့ဆို!” တို့၊ “ပြေးလေ.. ပြေး! ပြေး!” တို့၊ “ဟယ်သေတော့မှာပဲ” တို့၊ သေသွားပြန်ရင်လည်း “ပြောသားပဲ အဲဒီလိုလုပ်ရင်သေမှာပါဆို” တို့လို ပြောခဲ့ဖူးကြ၊ တွေးခဲ့ဖူးကြတယ်မဟုတ်လား။ ဒါဆို သရဲကားတွေကြည့်ရင်း ကျွန်တော်တို့ ဘယ်လိုမျိုး ဘဝနဲ့ရင်းတဲ့သင်ခန်းစာတွေရခဲ့သလဲဆိုတာ စုစည်းတင်ပြလိုက်တာမလို့ ဒီအထဲက ဘယ်အချက်တွေကိုတွေးခဲ့ဖူးသလဲ၊ ဒါမှမဟုတ် ထပ်ဖြည့်ချင်တာလေးတွေရှိရင်လည်း ပြန်လည်မျှဝေပေးသွားပါဦး။

(၁) ကားပေါ်တက်ရင်ဘေးဘီဝဲယာကြည့်

ဒါကတခြားတော့မဟုတ်ပါဘူး။ ကားပေါ်မတက်ခင် ကားထဲကိုကြည့်၊ ခုံအောက်တွေကြည့်၊ နောက်ဖုံးကိုကြည့်၊ သေသေချာချာစေ့စပ်အောင်ကြည့်ပြီးမှ ကားထဲဝင်ပါ။ နှင့်မို့ဆို ကားထဲရောက်မှ အနောက်ခန်းကပုန်းနေတဲ့ လူသတ်ကောင်ထွက်လာပြီး ဓားထောက်နေဦးမယ်။

IMDb

(၂) လျှာမရှည်ပါနဲ့

တွေ့ကရာစာအုပ်ကောက်ဖတ်လိုက်တာလို့၊ ပစ္စည်းတစ်ခုခုကောက်ယူသွားတာတို့လိုမျိုး ဘယ်တော့မှမလုပ်မိပါစေနဲ့လေ။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားမှ တော်ကာကျမှာပါ။

(၃) ပြောင်းမယ့်အိမ်ကို အစကတည်းက အရင်နောက်ကြောင်းစုံစမ်း

အိမ်မှာလူသေဖူးလား၊ ဘယ်လိုအဖြစ်အပျက်တွေရှိခဲ့ဖူးသလဲ၊ သရဲခြောက်သလား၊ ဘာရှိလဲ၊ ညာရှိလဲအရင်စုံစမ်း။ ဒါမှမဟုတ် အိမ်ပြောင်းလာပြီးပြီးချင်းမှာပဲ သရဲခြောက်ပြီလို့ ခံစားနေရရင် ဘုန်းကြီးသာပင့်၊ ပြီးရင်လည်း ဆက်မနေနဲ့ အိမ်သာပြောင်းပြေးပါတော့။

READ
၉၀ ခုနှစ်ဖွားတွေဆို ကောင်းကောင်းခံစားဖူးခဲ့မယ့် ဒုက္ခ၊ သုခများ
IMDb

(၄) လူစုခွဲခြင်း

လုံးဝ (လုံးဝ) မလုပ်သင့်တဲ့အထဲ လူစုခွဲခြင်းက အဓိကပါပဲနော်။ ရှည်ရှည်းဝေးဝေးမပြောလည်း လူစုကွဲရင် ဘာဖြစ်မလဲဆိုတာ အားလုံးသိထားပြီးကြမှာပါနော်။

(၅) ဒီနေရာတွေကို တစ်ယောက်တည်းမသွားပါနဲ့

ထပ်ခိုး၊ မြေအောက်ခန်း၊ သစ်တော၊ ဟိုင်းဝေးလမ်းမ၊ သူများအိမ် တို့ကတော့ အပြင်မှာလည်း တကယ်တစ်ယောက်တည်း သွားဖို့မသင့်တော်တဲ့နေရာမျိုးတွေပါနော်။

IMDb

(၆) ဝိဥာဉ်တွေနဲ့အဆက်သွယ်လုပ်ခြင်း

သရဲခေါ်တာတွေ၊ ဆုတောင်းပြည့်မယ်ဆိုပြီး တိုင်တည်သစ္စာပြုတာမျိုးတွေဘာတွေ မလုပ်သင့်ပါဘူးနော်။ စလိုက်တဲ့ဇာတ်မနိုင်ဘဲ ဒုက္ခကြုံတာမျိုးတွေ ကြည့်ဖူးကြတယ်မဟုတ်လား။

(၇) တကယ်ပြီးသွားပြီလား?

ဘာလဲ။ သရဲနှင်ပြီးသွား၊ လူသတ်သမားကို သတ်ပြီးသွားလို့ အရာအားလုံးပြီးသွားပြီထင်နေတာလား။ နိုးနိုးပါနော်။ သရဲတော့မပြောတတ်ပေမယ့် အကောင်တို့၊ ဇွန်ဘီနဲ့ လူသတ်သမားတွေဆိုရင်တော့ လဲကျသွားရင် နှလုံးကိုထိုး၊ ခေါင်းကိုဖြတ်၊ ခြေတွေလက်တွေဖြတ်ပြီးသတ်ရင်တော့ တစ်မျိုးပေါ့။

IMDb

Penny

SHARE