ဖက်ရှင်နဲ့ပတ်သက်ပြီး အထာကျသူဖြစ်ချင်ရင် ဒီအချက်တွေကို ရှောင်ပါ

Inara Prusakova/Shutterstock

တစ်ခါတစ်လေကျရင် ကိုယ်နဲ့လိုက်မယ်ထင်ပြီး ၀တ်သွားပေမယ့် သူငယ်ချင်းတွေရှေ့ရောက်တဲ့အခါကျမှ ဘာကြီးဝတ်လာတာလဲဆိုပြီး ဝေဖန်ကြတာမျိုး ကြုံဖူးလား။ ကိုယ်က ဘယ်လောက်ပဲ ဖက်ရှင်ကို ၀ါသနာပါတဲ့သူ ဖြစ်ပါစေ တစ်ခါတစ်လေကျရင်တော့ အလွဲလေးတွေ ရှိတတ်ကြတာပဲလေ။

တချို့ကျတော့လည်း အထာကျကျတော့ ၀တ်ချင်ပါရဲ့၊ ဒါပေမယ့် ဘယ်လိုအရောင်တွေ၊ ဘယ်လိုဆိုက်တွေကို တွဲဖက်ပြီး ၀တ်ရမှန်းမသိ။ ပေါက်ကရတွေ ဖြစ်ကုန်ကြပါရော။

ဒီတော့ သင့်အနေနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး အထာကျသူတစ်ယောက် ဖြစ်ချင်ရင်တော့ အနည်းဆုံး ဒီအချက်လေးတွေကို ဂရုစိုက်သင့်တယ်။

(၁)။ မတော်တာတွေကို အတင်းဝတ်နေတာ

သင်က နဂိုထက်ပိုပြီး ပိန်လာတာပဲဖြစ်ဖြစ်၊ ပိုပြီး ၀ လာတာပဲဖြစ်ဖြစ် သင့်မှာမတော်တော့တဲ့ အ၀တ်တွေရှိလာမှာပါ။ တကယ်လို့ သင်က နှမျောတတ်သူမို့ အဲဒီအ၀တ်တွေကို ချောင်ထိုးမထားရက်ပဲ အတင်းတွေ ၀တ်နေရင် နေရထိုင်ရတွေခက်ပြီး ဘယ်လိုမှ ဖက်ရှင်ကျသူ ဖြစ်လာမှာမဟုတ်ပါဘူး။

READ
စုံတွဲများ ကလေးမယူခင်မဖြစ်မနေပြုလုပ်သင့်တဲ့အရာများ
Anna Demianenko/Shutterstock

(၂)။ ကိုယ့် size ကို ကိုယ်မမှတ်မိတာ

အ၀တ်အစားဝယ်တဲ့အခါ သင့် size ကို သင်မမှတ်မိပဲ ဖြစ်နေတာကလည်း မကောင်းပါဘူး။ အဲဒီလို မသိခြင်းအားဖြင့် နိုင်ငံခြားလိုနေရာမျိုးကနေ လူကြုံရှိလို့ မှာချင်တာမျိုး၊ သင်ကြိုက်တဲ့အရောင်နဲ့ဖက်ရှင်ဒီဇိုင်းမျိုး အွန်လိုင်းမှာတွေ့လို့ မှာချင်တာမျိုးကို သင် လုပ်နိုင်မယ်မထင်ဘူး။

(၃)။ Discount ချတိုင်းဝယ်မိနေတာ

သင်ကြိုက်လို့ပဲဖြစ်ဖြစ်၊ သင်မကြိုက်လို့ပဲဖြစ်ဖြစ် Discount လို့အသံကြားတာနဲ့ ၀ယ်ချင်နေမိတာကလည်း သင့်ရဲ့ဖက်ရှင်ကို ထိခိုက်စေပါတယ်။ အဲဒီလိုအချိန်တွေကျရင် သင်က အ၀တ်အစားကိုကြည့်ဖို့ထက် ဈေးဘယ်လောက်အထိ လျော့ထားသလဲဆိုတာကိုသာ ကြည့်မှာ သေချာနေတာကြောင့် သင်ဝယ်မိတာတွေက သင်နဲ့တကယ်လိုက်ဖက်တဲ့ အ၀တ်အစားတွေဖြစ်ချင်မှ ဖြစ်မှာပါ။

Syda Productions/Shutterstock

(၄)။ ကိုယ်ဘာနဲ့လိုက်လဲ သေချာမလေ့လာတာ

သင်က ဈေးကြီးတာတွေ၊ အကောင်းစားတံဆိပ်တွေကိုသာ ၀ယ်ပြီးဝတ်နေတာ၊ သင်နဲ့တကယ်လိုက်ဖက်တာက ဘယ်လိုပုံစံလဲဆိုတာ မသိဘူးဆိုရင်လည်း သင်က ထင်သလောက် ကြည့်ကောင်းလာမှာမဟုတ်ပါဘူး။ တကယ်လို့ သင်က ပေါ့ပါးပြီး လွတ်လွတ်လပ်လပ် ဖက်ရှင်မျိုးနဲ့ လိုက်တဲ့သူဆိုရင် လူကြီးဆန်တဲ့ဖက်ရှင်မျိုးကို မရွေးသင့်ဘူးပေါ့။

READ
ဘဝမှာ မဖြစ်မနေကြုံတွေ့ရမယ့် ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး အရာ (၃) ခု

(၅)။ တခြားသူတွေကို ကိုယ်နဲ့နှိုင်းယှဉ်တာ

တခြားသူတွေဝတ်တဲ့အခါ ကြည့်ကောင်းတာကြောင့် အဲဒီဝတ်စုံက ကိုယ်နဲ့လိုက်မယ်လို့ ထင်နေတာကလည်း သင့်ရဲ့ဖက်ရှင်ပုံစံကို တလွဲတွေဖြစ်စေတတ်ပါတယ်။ တချို့ဖက်ရှင်ပုံစံတွေက အသားအရောင်တွေ၊ အရပ်အမြင့်တွေနဲ့လည်း ဆိုင်သေးတယ်ဆိုတာ သင်လက်ခံထားဖို့လိုပါလိမ့်မယ်။ တကယ်တော့ ကိုယ်ဝတ်လို့ ကြည့်ကောင်းတာတွေကို သူတို့လိုက်ဝတ်တယ်ဆိုရင်လည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းမှာလေ။

Oleksandr Zamuruiev/Shutterstock

Linn

SHARE