စိတ်ဓာတ်ကျခြင်းရဲ့ ကောင်းကျိုး (၄)ခု

Minerva Studio/Shutterstock

လူတွေက ပြောကြပါလိမ့်မယ်။ စိတ်ဓာတ်ကျတယ်ဆိုမှတော့ ဘယ်လိုလုပ် ကောင်းကျိုး ရှိမှာလဲလို့။ တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတဲ့နေရာမှာလည်း ကောင်းကျိုလေးတွေကတော့ ရှိတာပါပဲ။ ကောင်းကျိုးတွေရှိတယ်ဆိုပြီး အရမ်းတွေလည်း စိတ်ဓာတ်ကျမနေကြပါနဲ့ဦး။ ကောင်းကျိုးတွေက နည်းနည်းလေးပဲရှိပြီး ဆိုးကျိုးတွေက အများကြီး ရှိတတ်တာမို့ပါ။ ဒီ ဆောင်းပါးလေးမှာတော့ ဆိုးကျိုးတွေကိုမပြောပဲ ကောင်းကျိုးလေးတွေကို ပြောကြရအောင်…။

(၁)။ အလုပ်လုပ်ရတာ သက်သာတယ်

တချို့က စိတ်ဓာတ်ကျရင် ဘာမှကို မလုပ်ကြတော့ပါဘူး။ စိတ်ဓာတ်ကျလို့ဆိုပြီး ဘာဆိုဘာမှကို မလုပ်ကြတော့တာ။ ဘေးကနေ ခိုင်းလို့လည်းမရ၊ တွန်းအားပေးလို့လည်းမရ၊ မလုပ်ရင် မရဘူးလေ ဆိုလည်း မရ။ ဘယ်လို လုပ်လို့မှ မရတော့တာ။ ဒီတော့ သူ စိတ်ဓာတ်ကျနေပြီဆို ဘေးကလူတွေ စိတ်ညစ်ရပြီ။ သူ့အလုပ်တွေကို ၀င်ပြီး ကူလုပ်ပေးရတော့မှာကိုး။ အဲဒီလို စိတ်ဓာတ်ကျတတ်တဲ့ ၀န်ထမ်းမျိုးကိုမှ ခန့်ထားမိတယ်ဆိုရင် သူဌေးလည်း နာပေတော့ပဲ။ အဲလို လူမျိုးအတွက်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ အလုပ်လုပ်ရတာ သက်သာတာပါပဲ။ မဆိုးဘူးလေ…။

READ
ဒီလိုအစားအသောက်တွေနဲ့ မျက်ကွင်းမညိုအောင် ကာကွယ်ကြမယ်…
Chinnapong/Shutterstock

(၂)။ စားချင်တာတွေ စားရတယ်

“ငါ စိတ်ဓာတ်ကျနေတယ်၊ မုန့်သွားစားရအောင်” ဆိုပြီး ခေါ်တဲ့ သူငယ်ချင်းမျိုး မရှိဘူးမထင်နဲ့နော်။ တကယ် ရှိတယ်။ တချို့က စိတ်ဓာတ်ကျနေပြီဆိုတဲ့အခါ တစ်ခုခု စားလိုက်ရမှ ။ တစ်ခါတလေကျရင်လည်း တစ်ခုနဲ့တင် အားမရပဲ တွေ့သမျှတွေအကုန်စားတော့တာ။ သူတို့က စိတ်ဓာတ်ကျရင် အစားစားတတ်တဲ့သူမျိုးဖြစ်ပြီး စိတ်ဓာတ်ကျလေလေ ကောင်းကောင်းစားဖို့ ကြိုးစားလေလေ ဆိုတဲ့သူမျိုးတွေပေါ့။

RossHelen/Shutterstock

(၃)။ ပိုက်ဆံပိုသုံးရတယ်

အိမ်မှာ စိတ်ဓာတ်ကျလို့ဆိုပြီး ခွေခေါက်နေရင် လူကြီးတွေက မနေတတ်ကြပါဘူး။ အဲဒီတော့ စားချင်တာလေးတွေစားဖို့၊ ၀ယ်ချင်တာလေးတွေဝယ်ဖို့ဆိုပြီး ပိုက်ဆံပေးကြရော။ ဒီတော့လည်း စိတ်ဓာတ်ကျနေတယ်ဆိုရင် ပိုက်ဆံပိုသုံးရတယ်လို့ တွေးမိကြပြန်ရော မို့လား။ တချို့က စိတ်ဓာတ်ကျနေတဲ့အခါ သူတို့ရဲ့ Motivation အတွက်ဆိုပြီး ပိုက်ဆံတွေကို လိုတာထက် ပိုသုံးတတ်ကြတယ်။ အ၀တ်အစားအသစ်တွေဝယ်တယ်၊ သူငယ်ချင်းတွေနဲ့ သောက်မယ်၊စားမယ် စသဖြင့် သူတို့ စိတ်ဓာတ်ကျတာကို ပျောက်ဖို့အတွက် ပိုက်ဆံတွေ ပိုသုံးတတ်ကြတာပါပဲ။

READ
တကယ်ချမ်းသာချင်ရင် မဖြစ်မနေလုပ်ရမယ့် အရာ(၅)ခု
Bobex-73/Shutterstock

(၄)။ ပိုလှလာတယ်

တချို့တွေက စိတ်ဓာတ်ကျနေပြီဆိုရင် မပြင်မဆင်နဲ့ လုံးဝကို ဂျုံးဂျုံးကျသွားကြပေမယ့် တချို့ကတော့ လုံးဝကို ပြောင်းပြန်နော်။ သူတို့က စိတ်ဓာတ်ကျနေပြီလို့ ခံစားရတာနဲ့ သူတို့ကိုယ်သူတို့ အလှတွေ ပြင်ကြတော့တာပဲ။ မျက်နှာ၊ ဆံပင်၊ လက်သည်းခြေသည်း စသဖြင့် အကုန်လုံးကို ပြင်ကြတော့တာ။ သူတို့ တွေးထားတာကတော့ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာတောင် သူတို့က လှနေသေးတယ် ဆိုတာပေါ့။ အဲဒီတော့ တချို့တွေအတွက် စိတ်ဓာတ်ကျတယ်ဆိုတာ ပိုလှလာဖို့အတွက် လမ်းကြောင်းတစ်ခုပါလို့ ပြောလိုက်ပါရစေ…။

Linn

 

SHARE