ကိုယ့်ကိုစိတ်ဖိစီးအောင်လုပ်တဲ့သူတွေကို (၅)မိနစ်အတွင်းစိတ်ဖိစီးအောင်ပြန်လုပ်နည်း

Shutterstock

အလုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်မှာပဲဖြစ်ဖြစ် ကိုယ့်ကို စိတ်ဖိစီးအောင် လာလုပ်နေတဲ့ တစ်ယောက်ယောက်ကတော့ အမြဲရှိနေတာပါပဲ။ များသောအားဖြင့်တော့ အဲဒီလို လူမျိုးတွေကို အလုပ်ထဲမှာ အမြဲလိုလို တွေ့ရလေ့ရှိပြီး တစ်ယောက်ယောက်ကို စိတ်ဖိစီးအောင် လုပ်ရမှ စားဝင်၊ အိပ်ပျော်တယ်ဆိုတဲ့ လူမျိုးတွေပါ။

ကဲ…အခု ဖော်ပြပေမယ့် ဆောင်းပါးလေးကတော့ ကိုယ့်ကို စိတ်ဖိစီးအောင် လာလုပ်နေတဲ့ သူတွေကို (၅)မိနစ်အတွင်း တန်ပြန်သက်ရောက်မယ့်နည်းလမ်းတွေနဲ့ စိတ်ဖိစီးအောင် ပြန်လုပ်နိုင်ဖို့ ဖော်ပြပေးမှာပါ။

(၁)။ နေရာကနေ ခဏလောက် မပြောမဆိုပျောက်သွားလိုက်ပါ

ကိုယ်က ကိုယ့်ရဲ့စားပွဲမှာ ထိုင်ပြီးအလုပ်တွေ လုပ်နေတယ်ဆိုရင် သူကိုယ့်ကို စိတ်ဖိစီးအောင် လာလုပ်ပြီဆိုတာနဲ့ နေရာကနေ ထပြီး (၁၅)မိနစ်လောက် လျှောက်သွားနေလိုက်ပါ။ အပြင်ဖက် ဈေးဆိုင်ဆီ ခဏသွားတာပဲဖြစ်ဖြစ်၊ သူ့ရဲ့မျက်ကွယ်နေရာတစ်ခုကို သွားတာပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုဆိုရင် သူ့အနေနဲ့ သင် ဘယ်များရောက်သွားလဲ၊ သူ့ကြောင့်အလုပ်ထွက်သွားပြီလား၊ အိမ်များပြန်သွားလား၊ အလုပ်တွေပြီးမှ ပြီးပါ့မလား..စသဖြင့် ဟိုတွေးဒီတွေးနဲ့ ခဏလောက်တော့ စိတ်ဖိစီးမှုအောက် ရောက်သွားမှာပါ။ ဒီတော့ သင့်အနေနဲ့ သူ့ကို စိတ်ဖိစီးအောင်ပြန်လုပ်ချင်ရင် အဲဒီလို လုပ်ကြည့်ပေါ့။

READ
သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေမည့် သေးငယ်သောအမူအကျင့်လေးများ
Shutterstock

(၂)။ သူ့ရဲ့အထက်လူကြီးနဲ့ စကားပြောပါ

ကိုယ့်အပေါ်က အရာရှိက ကိုယ့်ကို စိတ်ဖိစီးမှုပေးလာပြီလို့ ခံစားရရင် သူ့ထက်ကြီးတဲ့ အထက်လူကြီးနဲ့ ချက်ချင်းပဲ စကားပြောနိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပြောဖို့က အလုပ်အကြောင်းတင်မဟုတ်ပါဘူး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးတာဖြစ်ဖြစ်၊ အကြံဥာဏ်တစ်ခုခု တောင်းတာပဲဖြစ်ဖြစ် စိတ်ထဲမှာ ရှိနေတာလေးတွေကို အလာပ ဿလာပ ပြောတာလေးတွေဆို ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ သူက သင့်ကို စိတ်ဖိစီးအောင်လုပ်လိုက်ပြီး မိနစ်အနည်းငယ်မှာပဲ သူ့ရဲ့အထက်လူကြီးနဲ့ သင်သွားပြီး စကားပြောနေပြီဆိုတော့ ဘာများတိုင်နေပြီလဲ၊ အဆင်မှပြေပါ့မလားဆိုပြီး သူ စိတ်ပူနေမှာပါပဲ။ ဟုတ်တယ်ဟုတ်။

Shutterstock

(၃)။ ခွင့်ယူမယ်ဆိုတဲ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပါ

သင့်ဆီမှာ စိတ်ဖိစီးမှုတွေများနေပြီ၊ ခွင့်ယူပြီးနားမှဖြစ်တော့မယ် စသဖြင့် အကြောင်းပြချက်တစ်ခုခု ပြပြီး ခွင့်ယူမယ့်အကြောင်းကို လုပ်ဖော်ကိုင်ဖက်တွေဆီ အသိပေးလိုက်ပါ။ သင့်အထက်လူကြီးက သင့်ကို ဖိအားတွေပေးနေပြီဆိုရင်တော့။ သင့်အနေနဲ့ တကယ်ခွင့်မယူပေမယ့်လည်း အဲဒီလို သတင်းလွှင့်လိုက်ခြင်းအားဖြင့် ပထမဆုံးအနေနဲ့ သူသင့်ကြောင့် မပျော်မရွှင်ဖြစ်သွားမှာပါ။ သင်မရှိရင် အလုပ်တွေ ဘယ်လိုခွဲပေးရမလဲ၊ ခွင့်မယူအောင်ဘယ်လိုခေါ်ပြောရမလဲ…စသဖြင့် စဉ်းစားရတော့မှာဖြစ်လို့ သင် စိတ်ဖိစီးမှုရသလိုမျိုး၊ သူလည်း အလားတူ စိတ်ဖိစီးမှုမျိုးခံစားရမှာပါ။

READ
ပုရိသတွေကိုရင်ဘောင်တန်းနိုင်တဲ့ ထက်မြက်သောမိန်းကလေးများရဲ့အမူအကျင့်များ
Shutterstock

(၄)။ ကိုယ့်ရဲ့စိတ်ခံစားမှုကို ပြပါ

တကယ်လို့ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ကိုယ့်ရဲ့အထက်ကြီးက စိတ်ဖိစီးစရာတွေ ယူလာတယ်ဆိုရင် ကိုယ့်ရဲ့ခံစားမှုကို နေရာမှာတင် ထုတ်ပြလိုက်တာအကောင်းဆုံးပါ။ ချက်ချင်းကြီး မျက်ရည်တွေ ကျလာတာတို့၊ အော်ငိုတာတို့ဆိုရင် အကောင်းဆုံးပေါ့။ အဲဒီလို လုပ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အထက်လူကြီးလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားမှာဖြစ်ပြီး ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေက သူ့ဆီ ပြန်ရောက်သွားမှာ အသေအချာပါပဲ။

Linn

SHARE