သက်ပြင်းအမြဲတမ်းချနေတတ်တဲ့ကောင်မလေးတွေဆိုတာ ဒီလိုမျိုးလေးတွေပါ

Cookie Studio/shutterstock

ကိုယ့်ဘေးနားမှာ ၊ ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သက်ပြင်းတွေ ခဏခဏ ချနေရတတ်တဲ့ ကောင်မလေးမျိုးကို တွေ့ဖူးလား။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဘေးမှာ တစ်ယောက်ယောက် လာပြီး သက်ပြင်းတွေ ချနေကတည်းက သူ့မှာ ဝေဒနာတွေ၊ ခံစားနေရတာတွေ၊ မပျော်တာတွေရှိပြီဆိုတာ သိနိုင်ပြီလေ။ ကဲ…အမြဲတမ်းသက်ပြင်းချနေတတ်တဲ့ ကောင်မလေးတွေနဲ့ တွေ့နေပြီဆိုရင် သူတို့ထဲက အများစုက ဒီလိုအချက်လေးတွေ ခံစားနေရတယ်ဆိုတာ သိထားနော်…။

(၁)။ ရည်းစားနဲ့အဆင်မပြေတဲ့သူတွေ

ကိုယ့်ရည်းစားနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပဲ တည့်လိုက်၊ ရန်ဖြစ်လိုက်၊ အော်လိုက်၊ ပျော်လိုက် ဖြစ်နေတဲ့ ကောင်မလေးတွေက သက်ပြင်းချရတာ ၀ါသနာပါ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တစ်ခါတလေကျရင် ပျော်ရတာနဲ့ စိတ်ပင်ပန်းရတာက မကာမိအောင် ဖြစ်တတ်ကြတာကိုး။ ဒီတော့ သင့်ဘေးမှာ သက်ပြင်းချတတ်တဲ့ ကောင်မလေးတစ်ယောက် ရှိနေပြီဆိုရင် သေချာတယ်၊ အဲဒီကောင်မလေးက သူ့ရည်းစားနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေဘူးဆိုတာ….။

comodigit/shutterstock

(၂)။ ပိုက်ဆံချေးပြီး ပြန်မပေးတတ်တဲ့သူငယ်ချင်းတွေရှိတယ်

READ
ကမ္ဘာကျော်အမျိုးသမီး (၅) ယောက်ကိုယ်တိုင် အသုံးပြုခဲ့တဲ့ အထိရောက်ဆုံး ဝိတ်ချနည်း

မိန်းကလေးအများစုက ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။ သူတို့က တစ်ခုခုဆို သနားတတ်တော့ သူတို့ သူငယ်ချင်းတွေ တစ်ခုခု ဒုက္ခရောက်ပြီ၊ ပိုက်ဆံလိုပြီဆိုရင် ကူညီကြတယ်၊ ပိုက်ဆံလည်းချေးတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင်တော့ သူတို့ရဲ့သူငယ်ချင်းတွေထဲမှာ ပိုက်ဆံချေးပြီး ပြန်မပေးတတ်တဲ့ သူငယ်ချင်းတွေပေါ်လာတတ်ပါတယ်။ ဒီလိုဆိုရင်တော့ သက်ပြင်းတွေချပြီး ဘယ်လိုပြန်တောင်းရင် ကောင်းမလဲပဲ စဉ်းစားနေရပြီပေါ့။

(၃)။ အိမ်ကလူကြီးတွေနဲ့ စကားပြောလို့အဆင်မပြေဘူး

အပြင်မှာ ဘယ်လိုပဲ သူငယ်ချင်းတွေနဲ့ တည့်အောင် နေနေ၊ ဘယ်လိုပဲ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းတယ်လို့ ပြောပြော အိမ်ကလူကြီးတွေနဲ့ အဆင်မပြေဘူးဆိုရင် အမြဲတမ်း သက်ပြင်း တချချ ဖြစ်နေရတတ်ပါတယ်။ လူကြီးတွေက ကိုယ်ပြောသမျှ အကောင်းမမြင်ဘူး၊ ကိုယ့်ကို အရွယ်ရောက်ပြီလို့ မသတ်မှတ်ဘူး၊ နေရာတကာ လိုက်ချုပ်ခြယ်နေတယ်၊ သူတို့ ခိုင်းသမျှကို လုပ်စေချင်တယ်…စသဖြင့် လူကြီးတွေနဲ့ သဘောထားမတိုက်ဆိုင်တာ များလာပြီဆိုရင် တစ်ယောက်တည်း သက်ပြင်းတွေသာ ချနေမိတော့တာပါပဲ။

READ
ကျောင်းပိတ်ချိန်မှာ ကလေးတွေကို အပြည့်အ၀နားခိုင်း၊ ကစားခိုင်းကြပါ
Nicoleta Ionescu/Shutterstock

(၄)။ တစ်ခုခုကိုအမြဲတမ်းမကျေမနပ်ဖြစ်နေတယ်

ကိုယ့်ဘေးမှာ အမြဲတမ်းသက်ပြင်းတွေချနေတတ်တဲ့ ကောင်မလေးမျိုးကိုတွေ့ရင် သတိထားပြီး ကြည့်ကြည့်၊ တစ်ခုခုကို အမြဲတမ်းမကျေမနပ် ဖြစ်နေတာချည်းပဲ။ သူတို့မှာ မကျေနပ်စရာတစ်ခုခုကတော့ အမြဲ ရှိနေတာချည်းပဲ။ ကိုယ့်သူငယ်ချင်းတွေကို မကျေနပ်တာ၊ အိမ်ကမိဘတွေကို မကျေနပ်တာ၊ အလုပ်က လူတွေကို မကျေနပ်တာ စသဖြင့်ပေါ့။ သူတို့ရဲ့ စိတ်ထဲမှာ မကျေနပ်တာ တစ်ခုခုက အမြဲစိုးမိုးနေပြီး အဲဒါကို ဘယ်လို ပြေလည်အောင်လုပ်မလဲ စဉ်းစားနေရင်းနဲ့ သက်ပြင်းတွေ ချမိနေကြတာပါ။

(၅)။ အလုပ်အရမ်းများတဲ့သူတွေ

တချို့ကတော့လည်း တစ်နေ့တစ်နေ့ လုပ်ရတဲ့အလုပ်က အရမ်းများလွန်းလို့ စိတ်တွေပင်ပန်းပြီး သက်ပြင်းတွေ အခါခါ ချမိနေတာမျိုးတွေ ရှိပါတယ်။ ကိုယ် အဲဒီလို သက်ပြင်းချမိနေတာကို ကိုယ်တိုင်တောင်မသိပဲ လုပ်ဖော်ကိုင်ဖက်တွေက ပြောမှ သိတာမျိုးတောင် ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်က အလုပ်တွေနဲ့ပိ၊ ဖိအားတွေဝင်ပြီး စိတ်ပင်ပန်းလွန်းလို့ သက်ပြင်းတွေအလိုလို ချနေမိတာကြောင့်ပါ။

Linn

 

SHARE