အရက်အတူသောက်နေရင်း မမေးသင့်တဲ့ မေးခွန်း(၄)ခွန်း

Shutterstock

သူငယ်ချင်းတွေ အရက်အတူသောက်ကြတဲ့အခါ မမေးသင့်တဲ့ မေးခွန်းတွေ သပ်သပ်ရှိတယ်ဆိုတာ သိရဲ့လား။ တချို့မေးခွန်းတွေက အရမ်းအန္တရာယ်များပြီး အဲဒီ မေးခွန်းအမေးခံလိုက်ရတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတွေ ဖြစ်ကုန်ကြတော့တာ။ တစ်ခါတလေတော့လည်း ကိုယ်က အမေးမတတ်လို့ ပျော်ရွှင်နေကြတဲ့ အချိန်လေးကို ရပ်တန့်လိုက်သလို ဖြစ်သွားတာမျိုးလည်း ရှိလေရဲ့။ ကဲ…ဘယ်လို မေးခွန်းတွေကို အရက်အတူသောက်ရင်း မမေးသင့်ဘူးလဲ.. ။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ရအောင်…

Shutterstock

(၁)။ ပိုက်ဆံရှိသေးလား

အားလုံးလည်း မူးနေကြပြီ၊ စကားတွေများ၊ ပြောချင်တာတွေလျှောက်ပြော၊ အာလေးလျှာလေးတွေဖြစ်။ ဒီလိုအချိန်မှာ ပိုက်ဆံရှိသေးလား ဆိုတဲ့ မေးခွန်းကြီးက တော်တော့်ကို အန္တရာယ်များပါတယ်။ တစ်ယောက်ယောက်ကများ ငါ့မှာ ပိုက်ဆံရှိသေးတယ် လို့ ဖြေလိုက်ပြီဆိုရင် အဲဒီည အိမ်ကို ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ ထပ်သောက်ပြီး လမ်းဘေးမှာလဲချင်လဲနေမယ်၊ ဒါမှမဟုတ် အဲဒီပိုက်ဆံတွေမကုန်မချင်း ကဲချင်ကဲနေမယ်။ မနက်ကျတော့မှသာ ညက ဘယ်လောက်တောင် ကုန်သွားခဲ့သလဲလို့ တွေးပြီး နှမျောနေမယ် ။ ဒီတော့ ဒီလိုမေးခွန်းမျိုးကို မမေးတာကသာ အကောင်းဆုံးပါ။

READ
နှာခေါင်းပိတ်နေတဲ့အခါ ဘယ်လိုအိပ်ပျော်အောင် အိပ်ကြမလဲ …

(၂)။ နောက်တစ်နေရာသွားဦးမလား

နောက်တစ်နေရာသွားဦးမလားဆိုတဲ့ မေးခွန်းရဲ့နောက်မှာ အဓိပ္ပာယ်တွေအများကြီး ပါ ပါတယ်နော်။ နောက်တစ်နေရာဆိုတာက နောက်ထပ် ဆိုင်တစ်ဆိုင်မှာ သွားသောက်တာ ၊ ဒါမှမဟုတ် ပျော်ဖို့ကောင်းတယ်လို့ ထင်ရတဲ့တစ်နေရာကို ဆက်သွားတာ။ စတာမျိုးပါပဲ။ ဒီလို မေးခွန်းမျိုးအမေးခံရပြီဆိုရင် ပိုက်ဆံထပ်ပြီးကုန်မှာကတော့ ကျိန်းသေနေပြီး အခန့်မသင့်ရင် အိမ်ကတောင် နှင်ချတာခံရဖို့ရှိနေပါတယ်။

Shutterstock

(၃)။ ရည်းစားဟောင်းကို သတိရနေတာလား

ဒီမေးခွန်းကလည်း တော်တော်လေးကို အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ Admin ရဲ့ သူငယ်ချင်းတွေထဲမှာ အများစုက အရက်မူးရင် ရည်းစားဟောင်းကို သတိရပြီး ငိုတတ်ကြတာကြောင့်ပါ။ သူတို့ မူးနေတဲ့အချိန်မှာ ရည်းစားဟောင်းကို သတိရနေလား လို့ မေးလိုက်မိပြီဆိုရင်တော့ မဆုံးနိုင်အောင် ရှည်လျားတဲ့ ဇာတ်လမ်းကြီးကို နားထောင်ရတော့မှာဖြစ်ပြီး အခန့်မသင့်ရင် သူ ငိုနေတာကိုတောင် နှစ်သိမ့်ပေးရနိုင်တဲ့အခြေအနေပါ။

READ
ဒီလိုခံစားမှု ၅ မျိုးကိုခံစားချင်ရင် နှစ်တိုင်း မေမေနဲ့နှစ်ယောက်တည်းခရီးသွားကြည့်ပါ။

(၄)။ မင်းမကျေနပ်ဘူးလား

များသောအားဖြင့် မူးနေပြီဆိုရင် လူတွေက သွေးဆူလွယ်တတ်ကြပါတယ်။ အဲဒီလို အချိန်မျိုးမှာ မြှောက်ပေးသလိုလို၊ သွေးကြွအောင်လုပ်ပေးသလိုလို မေးခွန်းမျိုးက အန္တရာယ်ရှိစေတာပါ။ မူးနေတဲ့လူတစ်ယောက်ယောက်ကို “မင်းမကျေနပ်ဘူးလား” လို့ မေးတဲ့အခါ ကျေနပ်ပါတယ် လို့ ပြောတဲ့သူက အနည်းငယ်လောက်ပဲ ရှိမှာဖြစ်ပြီး အများစုက မကျေနပ်ဘူးကွာ လို့ပဲ ဖြေကြမှာပါ။ ဒီလိုဆိုရင် မူးမူးနဲ့ ထိုးပွဲကျိတ်ပွဲဖြစ်ဖို့ အခွင့်အရေးတွေများသွားပြီး ရန်ပွဲတွေဖြစ်လာနိုင်တာပါ။

Linn

SHARE