သင့်ရဲ့နောက်ကျောကို ဓားနဲ့ထိုးမယ့်သူမှန်း ဘယ်လိုသိနိုင်လဲ

Shutterstock / Happy Together

ကိုယ့်အရှေ့မှာသာ ဟီးဟီးဟားဟားနဲ့ပေါင်းနေပေမယ့် ကိုယ့်ရဲ့နောက်ကွယ်မှာ ကိုယ့်ကို မနာလိုဖြစ်နေတဲ့ မိတ်ဆွေတွေ၊ ကိုယ့်အကြောင်း မကောင်းပြောတဲ့ မိတ်ဆွေတွေ ဘယ်လောက်များများ ကြုံဖူးပြီလဲ။ ဒီလိုမျိုးတွေ ကြုံရတာ ကြာလာတော့ လူတစ်ယောက်ကို ပေါင်းကြည့်လိုက်တာနဲ့ ဒီလူဟာ ဘယ်လိုလူမျိုးလဲ သိသွားတာပါပဲ။ ကဲ…တကယ်လို့ သင်က ပေါင်းသင်းဆက်ဆံရေးမှာ သိပ်ပြီး အားနာလွယ်တယ်၊ အမြဲတမ်းအလျော့ပေးတတ်တယ်ဆိုရင်လည်း ဒီလိုလူမျိုးတွေကိုတွေ့ရင် ဝေးဝေးကသာ ရှောင်လိုက်ပါနော်။

(၁)။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးတွေ

သင်ရဲ့အရှေ့မှာတော့ အပြုံးလေးနဲ့ အဆင်ပြေပြေ ဆက်ဆံနေလို့ သင့်အပေါ် ကောင်းတဲ့သူလို့ မထင်လိုက်ပါနဲ့ဦး။ တချို့က သင့်ရှေ့မှာ တမျိုး၊ ကွယ်ရာကျရင်တမျိုး လုပ်တတ်သူတွေပါ။ သင်နဲ့အတူရှိနေရင် သင့်အကြောင်းကို ချီးကျူးပေမယ့် သင့်ကွယ်ရာ ရောက်တဲ့အချိန်မှာတော့ သင့်ကို ရေရေလည်လည်အပုပ်ချ ကြပါလိမ့်မယ်။

READ
မိဘ(သို့)တစ်စုံတစ်ယောက်ရဲ့အရှိန်အဝါနဲ့ ဘဝင်မြင့်တတ်သူတွေရဲ့ အမူအကျင့် (၅) မျိုး
Shutterstock / Happy Together

(၂)။ သင့်အောင်မြင်မှုတွေကို မနာလိုဘူး

သင် ရာထူးတိုးတာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုခု အောင်တာပဲဖြစ်ဖြစ် စတဲ့အောင်မြင်မှုတွေ ကြုံတဲ့အခါ သူတို့က မနာလို ဖြစ်နေတတ်ကြပါတယ်။ သင့်အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူတို့မှာ ပြောစရာတစ်ခုခု ရှိနေလိမ့်မယ်။ သင့်အောင်မြင်မှုက သူတို့အတွက် ပျော်စရာမဟုတ်ဘူး။ အဲဒီလို လူတွေပေါ့။ သင်က တစ်ခုခုအောင်မြင်လာလို့ ကျွေးမယ် မွေးမယ်ဆိုရင်တော့ ပါလာကြပါလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ရက်မှာတော့ သင့်အကြောင်းမကောင်းတာတစ်ခုခုကို သူတို့ ပြောနေကြမှာပါပဲ။

(၃)။ ကုန်းချောတတ်သူတွေ

သင်နဲ့ တခြားမိတ်ဆွေတွေကြားမှာ ပြဿနာ တစ်ခုခုဖြစ်နေပြီဆိုရင် သူတို့က ၀င်ပြီး ဖြေရှင်းပေးသလိုလိုနဲ့ ပိုဆိုးသွားအောင် လုပ်ကြပါလိမ့်မယ်။ အားလုံးရဲ့အမြင်မှာတော့ ကြားဝင်ဖြေရှင်းပေးသလိုလိုမျိုးနဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ ပြဿနာမျိုးအထိ ဖြစ်သွားအောင် သူတို့က သင့်ကို စွမ်းဆောင်ပြကြမှာပါ။ ခံရပေါင်းများလာတဲ့အခါ သင်လည်း သဘောပေါက်သွားပါလိမ့်မယ်။

READ
ဘဝမှာပိုမိုအောင်မြင်ဖို့ ပြောင်းလဲသင့်တဲ့အသေးအဖွဲအရာလေးများ
Shutterstock / Happy Together

(၄)။ သူတို့အတွက် အမြဲတစ်ခုခုလုပ်ပေးနေမှ

သူတို့အတွက် သင့်မှာ ပေးစရာတစ်ခုခုရှိနေမှ၊ ဒါမှမဟုတ် သူတို့ကို မကြာခဏ တစ်ခုခု ကျွေးနေမှသာ သူတို့က သင့်အနားမှာ ရှိနေကြမှာဖြစ်ပြီး မဟုတ်ရင်တော့ သင်နဲ့ ခပ်ခွာခွာပဲ နေကြမှာပါ။ သင့်အနားက မိတ်ဆွေတွေကို သတိထားကြည့်ပါ။ အဲဒီလို လုပ်ပေးတော့မှ သင့်အပေါ် ကောင်းပြတဲ့မိတ်ဆွေမျိုးတွေ ရှိနေလားလို့။

Linn

 

SHARE