အမြဲရှုံးနေပေမယ့်လည်း မြန်မာအသင်းကိုပရိသတ်တွေအားပေးကြတဲ့အကြောင်းရင်း(၅)ခု

MFF/Facebook

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဘောလုံးပွဲတွေ ရှိပြီဆိုရင် ပရိသတ်တွေက အရမ်းကို တက်ကြွကုန်ကြတော့တာပါပဲ။ ဘောလုံးပွဲပြီးလို့ ရှုံးပြီဆိုရင်တော့ ဆဲကြ၊ဆိုကြ၊ဆူညံပွက်လောရိုက်ကုန်ကြပြန်ရော။ ဒါပေမယ့်လည်း အဲဒီ ဆဲသံ၊ဆိုသံတွေဟာ ခဏပါပဲ။ နောက်တစ်ခေါက် ဘောလုံးပွဲရှိပြန်ပြီဆိုရင် ဘောလုံးကွင်းဆီ ပြေးတဲ့သူကပြေး၊ တီဗီရှေ့မှာ ထိုင်တဲ့သူက ထိုင်နဲ့ မြန်မာမှ မြန်မာ ဖြစ်ကုန်ကြတော့ပြန်တာပါ။ အဲဒါက ဘာကြောင့်လဲ။ မြန်မာပရိသတ်တွေဟာ ဒီလိုမျိုး အမြဲရှုံးနေတဲ့ မြန်မာအသင်းကို ဘာကြောင့်များ အရူးအမူးအားပေးနေကြတာလဲ။ အောက်ပါ အချက်တွေကို အခြေခံမယ်ထင်ပါတယ်။

(၁)။ အရှုံးဆိုတာ အထူးအဆန်းမဟုတ်တော့လို့

ရှုံးတယ်ဆိုတာ အထူးအဆန်းမဟုတ်တော့ဘူးလို့ တွေးမိသွားတဲ့နောက် ပရိသတ်တွေအနေနဲ့ ရှုံးရှုံး၊နိုင်နိုင် အားပေးမယ်ဆိုတဲ့ စိတ်မျိုး ၀င်လာတာလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့သာ မြန်မာအသင်းက နိုင်ပွဲတွေ ဆက်နေမယ်ဆိုရင် တစ်မျိုး ဖြစ်ကောင်းဖြစ်မှာပေမယ့် အခုလို ရှုံးပဲ ရှုံးနေတဲ့အခြေအနေကျတော့ ပရိသတ်တွေလည်း အေးဆေးဖြစ်သွားပြီ။ သူတို့အတွက်တော့ အရှုံးဆိုတာ အထူးအဆန်းမဟုတ်တော့ဘူး။ ဘောလုံးပွဲကြည့်ရဖို့ပဲ အဓိက ဖြစ်သွားပြီ။

READ
အသက်(၃၀) အရွယ်မှာ အမျိုးသမီးတွေ ပိုကြည့်ကောင်းလာတဲ့ အကြောင်းရင်းများ
MFF/Facebook

(၂)။ တစ်ခါတလေနိုင်မလားလို့ မျှော်လင့်မိလို့

တချို့ကတော့ တစ်ခါတလေနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မြန်မာပွဲတွေကို အားပေးနေကြသူတွေပါ။ မြန်မာအသင်း နည်းပြပြောင်းသွားပြီ၊ လူငယ်ကစားသမားတွေ ထပ်ရွေးထားတယ်၊ ကန်ရမယ့်အသင်းက ငယ်နိုင်အသင်းလေး..စတဲ့အချက်တွေကြောင့် ပရိသတ်တွေက ဒီတစ်ခါတော့ နိုင်မယ်ထင်တယ်ဆိုတဲ့စိတ်နဲ့ မြန်မာအသင်းကို အားပေးနေကြတာပါ။ မြန်မာအသင်း အနိုင်မရလေလေ၊ သူတို့စိတ်ထဲမှာ နောက်တစ်ပွဲများနိုင်မလားမသိဘူးလို့ မျှော်လင့်မိလေလေဖြစ်ပြီး ဒီလိုနဲ့ မြန်မာအသင်းကို အားပေးနေကြတာပါ။

(၃)။ စိတ်လွတ်လက်လွတ်နဲ့အော်ဟစ်လို့ရတဲ့အချိန်လေးမို့လို့

တချို့ကျတော့ ဘောလုံးကွင်းထဲမှာ စိတ်လွတ်လက်လွတ်အော်လို့ရတဲ့အရသာကို သဘောကျကြတာကြောင့် မြန်မာအသင်းကို အားပေးဖို့ ကွင်းထဲကို ချီတက်ကြတယ်။ တချို့ကျတော့လည်း မြန်မာပွဲလာပြီဆိုရင် တီဗီ ရှေ့မှာထိုင်ပြီး အော်ဟစ်နေကြတာပါပဲ။ တချို့ပရိသတ်တွေအတွက်ကတော့ မြန်မာပွဲတွေ ကြည့်မိတဲ့အချိန်ဆို စိတ်လွတ်လက်လွတ်နဲ့ အော်ဟစ်နေလို့ရပြီး စိတ်ဖိစီးမှုတွေတောင် လျော့သွားကြတယ်လို့ ဆိုကြတယ်။

READ
ငယ်ရွယ်စဉ်မှာမလုပ်သင့်တာလုပ်ခဲ့လို့ ကြီးလာရင်နောင်တရမယ့်အရာ(၅)ခု
MFF/Facebook

(၄)။ ဘောလုံးပွဲတွေကိုအရူးအမူးစွဲလန်းကြသူတွေမို့

မြန်မာနိုင်ငံဟာ ဘောလုံးပွဲတွေကို အရူးအမူးစွဲလန်းကြတဲ့နိုင်ငံတစ်ခုမို့လို့လည်း မြန်ုမာအသင်းရဲ့ပွဲတွေကို ပရိသတ်တွေ အားပေးကြတာပါ။ မြန်မာနိုင်ငံမှာ ဘောလုံး၊ လက်ဝှေ့ စတဲ့အားကစားနည်းတွေက ပရိသတ်အကြိုက်ဆုံး အားကစားနည်းတွေအဖြစ် ရှိနေပြီး မြန်မာအသင်းရဲ့ပွဲတွေနဲ့ ဥရောပကဘောလုံးပွဲတွေက မြန်မာပရိသတ်တွေရဲ့အကြိုက်ဆုံးလို့ပြောရမှာပါ။ အဲဒီအတွက်ကြောင့်ပဲ မြန်မာအသင်းရဲ့ပွဲစဉ်တွေမှာ ပရိသတ်များတာဖြစ်ပြီး သူတို့က ဘောလုံးကို အရူးအမူးစွဲလန်းကြသူတွေပဲ ဖြစ်ပါတယ်။

(၅)။ အတိတ်က အောင်မြင်မှုတွေကို ကျေနပ်နေကြတုန်းမို့လို့

တချို့ပရိသတ်တွေကတော့ မြန်မာအသင်းရဲ့ အတိတ်က အောင်မြင်မှုတွေကို သတိရနေကြမိလို့ မြန်မာအသင်းကို အားပေးနေကြတာပါ။ မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင် တို့ခေတ်တုန်းက ဘယ်လိုတွေကောင်းခဲ့တာ၊ အောင်သူတို့ သန်းပိုင်တို့ ကောင်းတဲ့အချိန်တုန်းက ဘယ်လိုမျိုး ခြေစွမ်းပြခဲ့တာ စသဖြင့် အတိတ်တုန်းက အောင်မြင်ခဲ့တာလေးတွေကို တွေးပြီး သံယောဇဉ်မကုန်ကြလို့ မြန်မာအသင်းကို အားပေးနေကြတာပါပဲ။

MFF/Facebook

Linn

SHARE