ပျော်ရွှင်နေတဲ့သူတွေ လုပ်လေ့ရှိတဲ့ အလေ့အကျင့်(၅)ခု

ပျော်ရွှင်နေတဲ့လူတစ်ယောက်က အခြားသူတွေနဲ့ ဘယ်လိုကွဲပြားနေလဲ? ။ လူတစ်ယောက် ပျော်နေပြီဆိုရင် အရမ်းသိသာပါတယ်။ တခြားသူတွေထက် တက်ကြွနေတတ်တယ်၊ သူ့မျက်နှာမှာ အပြုံးတစ်ခုက အမြဲတမ်းရှိနေတတ်ပြီး ကြည်လင်နေတတ်တယ်။ အဲဒီလို ပျော်နေတဲ့သူတွေက ဘယ်လိုအလေ့အကျင့်တွေကို လုပ်လေ့ရှိလဲ။ သူတို့ ဘာကြောင့်များ ပျော်နေရတာလဲဆိုတာ ဒီအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်…။

(၁)။ ကူညီတတ်တယ်

ပျော်ရွှင်နေတဲ့သူတစ်ယောက်က တခြားသူတစ်ယောက်ကို ကူညီဖို့ အမြဲတမ်းအဆင်သင့် ဖြစ်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ သူ့မှာ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာအချိန်တွေကို ရင်ဆိုင်နေရပြီဆိုရင် အခြားတစ်ယောက်ကို ကူညီချင်စိတ်က လွယ်လွယ်နဲ့ပေါ်လာမှာမဟုတ်ဘူးလေ။ အဲဒီအတွက် ပျော်ရွှင်နေတဲ့သူတစ်ယောက်က အခြားသူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေတတ်ကြပြီး အဲဒီလို ကူညီတာကနေ သူတို့အတွက် ပျော်ရွှင်မှုတွေ ပိုရအောင် စွမ်းဆောင်လေ့ရှိကြတယ်။

KieferPix/Shutterstock

(၂)။ အိပ်ရေးဝအောင်အိပ်တယ်

READ
ပျော်ရွှင်မှုတွေ ဖန်တီးယူဆောင်လာပေးမယ့် အဓိကအချက် (၅) ချက်

ပျော်ရွှင်တဲ့သူအများစုက အပူအပင်ကင်းတဲ့သူတွေ၊ ဘာကိုမှ စိတ်ပူစရာ၊ စိုးရိမ်စရာမရှိတဲ့သူမျိုးတွေပါ။ သူတို့ကိုကြည့်လိုက်ရင် အမြဲတမ်း နှစ်နှစ်ခြိုက်ခြိုက်အိပ်တတ်ကြသလို၊ သူတို့ရဲ့သတ်မှတ်ထားတဲ့အိပ်ချိန်တစ်ခု ပြည့်ဖို့ကိုလည်း ဂရုစိုက်တတ်ကြတယ်။ အဲဒီလို အိပ်စက်တဲ့အတွက်လည်း သူတို့မှာ အိပ်ရေးပျက်လို့ခေါင်းကိုက်ရတာတွေ၊ စိတ်မကြည်ဖြစ်ရတာတွေမရှိပဲ ပျော်ရွှင်မှုကို ကောင်းကောင်းခံစားနိုင်ကြတာပေါ့။

KieferPix/Shutterstock

(၃)။ ကျန်းမာရေးလိုက်စားတယ်

ပျော်ရွှင်နေတဲ့သူအများစုက သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်တတ်ကြပါတယ်။ သူတို့က နေမကောင်းဖြစ်ရလို့ စိတ်ညစ်ရတာကို မခံချင်ကြဘူး။ ဒီတော့ ကြိုတင်ကာကွယ်မှုတွေလုပ်ကြတယ်။ Gym မှာ နေ့စဉ်ပုံမှန်လာပြီး လေ့ကျင့်ခန်းတွေလုပ်နေသူတို့၊ မနက်ဖက်တို့ညနေဖက်တို့မှာ လမ်းလျှောက်တာတို့၊ ပြေးတာတို့ လုပ်နေတဲ့သူတွေကို မေးကြည့်ပါ။ သူတို့ထဲက အများစုက လက်ရှိဘ၀မှာ ပျော်ရွှင်နေကြသူတွေဖြစ်ပြီး ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေကို လုပ်နေကြသူတွေဖြစ်ကြောင်း သိရပါလိမ့်မယ်။

lzf/Shutterstock

(၄)။ မိသားစုကိုဦးစားပေးတယ်

ဘ၀မှာ ဘယ်လိုပျော်အောင်နေရမလဲ သိတဲ့သူတွေက သူတို့ရဲ့မိသားစုကို ဦးစားပေးတတ်ကြပါတယ်။ သူတို့ရဲ့မိသားစု၊ ပတ်ဝန်းကျင်ကလူတွေ အဆင်ပြေပြီး ပျော်ရွှင်မှသာ သူတို့ရဲ့ပျော်ရွှင်မှုက ပိုပြီး အားကောင်းလာမယ်ဆိုတာ သိကြတယ်။ မိသားစုနဲ့ညစာစားမယ်၊ ခရီးထွက်မယ်၊ ကစားကွင်းတွေသွားမယ်…စတာတွေကို လုပ်တတ်တဲ့သူအများစုက ပျော်ရွှင်နေကြသူတွေဆိုတာ သေချာတာပေါ့။

READ
ဘ၀ကို ကောင်းမွန်စွာ ဘယ်လိုအသက်ဆက်လက်ရှင်သန်ရမလဲ?????

(၅)။ ယဉ်ကျေးတယ်

ပျော်ရွှင်တဲ့သူတွေက ယဉ်ကျေးတတ်ကြတယ်ဆိုတာ (၁၀၀)ရာခိုင်နှုန်းသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားသူတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်တဲ့သူတွေရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုကို ရှာဖို့ထက် အနိုင်လိုချင်မှုတွေ၊ ဒေါသတွေ ရှိနေတတ်လို့ပါ။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေက ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ဖက်သား ထိခိုက်သွားမှာမျိုးကိုတောင် စိတ်ပူနေတတ်ကြတဲ့အထိ ယဉ်ကျေးသူတွေပေါ့…။

Linn

SHARE