ပိုက်ဆံများများရှာနိုင်ဖို့အတွက် ဒီအချက်တွေကို သင်လိုက်နာဖို့ လိုလိမ့်မယ်

AboutLife/Shutterstock

သင့်မှာ ပိုက်ဆံများများရှာချင်စိတ်တော့ရှိပါရဲ့၊ ဒါပေမယ့် ဘယ်လိုပဲရှာရှာ သင့်ရဲ့ဝင်ငွေက ပမာဏတစ်ခု အထိပဲ။ အဲဒီကနေ မတက်ပဲ ဖြစ်နေမယ်ဆိုရင် သင့်မှာ ပြဿနာတစ်ခုခုရှိနေပြီလေ။ ဒီလိုသာဆိုရင် သင့်အနေနဲ့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လုပ်မိနေပြီလား။ တစ်ချက်လောက် တိုက်ကြည့်လိုက်ပါဦး..။

(၁)။ ခင်မင်မှုအရ ကူညီပေးတာလေးတွေလျော့ပါ

သူငယ်ချင်းတွေမို့လို့၊ ဆွေမျိုးတွေမို့လို့၊ မိတ်ဆွေအချင်းချင်းမို့လို့ စတဲ့အကြောင်းပြချက်တွေနဲ့ ပိုက်ဆံမရပဲ လုပ်ပေးနေတာတွေရှိရင် အဲဒါတွေကို လျော့သင့်ပါတယ်။ တစ်ခါတစ်လေကျရင် အခမဲ့ကူညီခြင်းက ကောင်းပေမယ့် အမြဲတမ်းကြီး လုပ်ပေးနေရရင်တော့ မဟုတ်သေးဘူးလေ။ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ လုပ်အားခအတွက် ထိုက်သင့်တဲ့ တန်ကြေးတစ်ခု ရဖို့ ကြိုးစားတာက အကောင်းဆုံးပဲဖြစ်ပြီး ခင်မင်မှုအရ ကူညီပေးနေတာတွေကို တတ်နိုင်သလောက် လျော့သင့်ပါတယ်။

G-Stock Studio/Shutterstock

(၂)။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပါ

ဒီဟာဆိုရင် ငါလုပ်နိုင်ပါ့မလား ၊ ဟိုဟာဆိုရင်ရော အဆင်ပြေပါ့မလား နဲ့ ကိုယ့်ကိုယ်ကိုယ် သံသယတွေဝင်နေမယ်ဆိုရင် သင့်ဆီကိုရောက်လာမယ့် အခွင့်အရေးတော်တော်များများကို သင် လက်လွှတ်လိုက်ရမှာပါ။ ဘယ်လိုအခွင့်အရေးပဲဖြစ်ဖြစ် သင့်ဆီကိုရောက်လာပြီလို့ ထင်မိတာနဲ့ ယုံကြည်မှုအပြည့်နဲ့သာ အရယူလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ သင်ဟာ ပိုက်ဆံကောင်းကောင်းရှာနိုင်တဲ့သူတစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်သူဖြစ်လာမှာပါ။

READ
မင်္ဂလာဆောင်မှာ ဧည့်သည်လုပ်မယ်ဆိုရင် လုံးဝ အဖြူရောင် ၀တ်မသွားသင့်တဲ့အကြောင်း
G-Stock Studio/Shutterstock

(၃)။ အချိန်ကို တန်ဖိုးရှိအောင်အသုံးချပါ

သင်က တကယ်ပဲ ပိုက်ဆံရှာချင်နေတဲ့သူဆိုရင် သင့်ရဲ့အချိန်တွေကို တန်ဖိုးရှိအောင် အသုံးချဖို့လည်း လိုအပ်ပါသေးတယ်။ သင်က တစ်နေ့ကို ပုံမှန်အလုပ်ချိန် (၈)နာရီထက် ပိုလုပ်တဲ့သူမဟုတ်ပဲ အားတဲ့အချိန်မှာလည်း ပျော်စရာတွေနဲ့အချိန်ဖြုန်းနေတာမျိုး၊ အိပ်နေတာမျိုးတွေဆိုရင် သင့်အနေနဲ့ ဘယ်လိုလုပ် ပိုက်ဆံအများကြီး ရှာနိုင်တော့မှာလဲ။ ဒီတော့ သင့်အချိန်တွေကို နေ့စဉ် ဘယ်လိုအသုံးပြုမလဲဆိုတာ ကောင်းကောင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပြီး အချိန်ကို တန်ဖိုးရှိအောင် အသုံးချခြင်းက သင့်ကို ပိုများတဲ့ဝင်ငွေအခွင့်အလမ်းတွေရရှိလာစေပါလိမ့်မယ်။

AboutLife/Shutterstock

(၄)။ စိတ်ပါရင်အလုပ်ကြိုးစားပြီး၊စိတ်မပါရင်ပျင်းနေတာမျိုးမလုပ်ပါနဲ့

သင်က အလုပ်တော့ကြိုးစားပါရဲ့။ ဒါပေမယ့် သင်စိတ်ပါတဲ့အချိန်မှ အလုပ်ကို ထပြီး ကြိုးစားနေတတ်တာ၊ စိတ်မပါတဲ့အချိန်တွေမှာဆို ဘာမှမလုပ်ပဲ ပျင်းနေတတ်တာမျိုးဆိုရင် သင့်အတွက် တိုးတက်လာဖို့ အခွင့်အရေးနည်းမှာပါ။ သင်က ကြိုးစားသူတစ်ယောက်မဟုတ်ဘူးဆိုရင်တောင်မှ ပုံမှန်လေး အလုပ်လုပ်ဖို့ လိုနေမှာဖြစ်ပြီး စိတ်ပါမှ ထပြီး လုပ်နေတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

READ
ဆေးလိပ်ဖြတ်ချင်နေသူတွေ ... ဒီနည်းတွေနဲ့ ဘ၀အသစ်ကို ပြန်စကြည့်ပါ

Linn

SHARE