သင်ဟာ ရေပုံမှန်မချိုးတဲ့သူတစ်ယောက်ဆိုရင် ဒီလိုပြဿနာတွေနဲ့ရင်ဆိုင်ရမယ်

4 PM production/Shutterstock

သူငယ်ချင်းတွေထဲမှာ ရေပုံမှန်မချိုးတဲ့သူတွေရှိတယ်မို့လား။ တချို့ဆိုရင် မနက်ဖက်ရုံးသွားခါနီး အေးလို့ ဆိုပြီးမချိုးဘူး။ ညနေဖက် ရုံးကနေ ပြန်ရောက်ပြန်တော့လည်း ပင်ပန်းလို့ဆိုပြီး မချိုးဘူး။ ဒီလိုနဲ့ နှစ်ရက်တစ်ခါလောက် ရေချိုးတယ်တို့၊ (၃)ရက်တစ်ခါလောက် ရေချိုးတယ်တို့ ဖြစ်ကုန်ပါလေရော။ ကဲ…လူတစ်ယောက်အနေနဲ့ ရေပုံမှန်မချိုးဖြစ်ဖူးဆိုရင် ဘယ်လိုပြဿနာတွေ ရှိလာနိုင်သလဲ။ အောက်မှာ ဖော်ပြထားပေးပါတယ်။

(၁)။ ခန္ဓာကိုယ်က ချွေးနံ့တွေပိုပြီး ပြင်းလာတာ

ရေပုံမှန်မချိုးတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်မှာ တစ်ရက် တစ်ရက်ထွက်တဲ့ ချွေးနံ့တွေက ပျောက်မသွားပဲ ကျန်ရစ်တော့မှာပါ။ တဖြည်းဖြည်းနဲ့ အဲဒီအနံ့တွေက သင့်ခန္ဓာကိုယ်မှာ စွဲလာမှာဖြစ်ပြီး သင် ရေချိုးထားတယ်ဆိုရင်တောင် အဲဒီအနံ့ကြီးကို ဘေးကလူတွေက ရနေမှာပါ။ ဒီတော့ လူကြားထဲ သင်သွားတဲ့အခါ နှာခေါင်းရှုံ့စရာတွေဖြစ်ပြီပေါ့။

UfaBizPhoto/Shutterstock

(၂)။ အရေပြားရောဂါတွေဖြစ်လာမယ်

ရေမချိုးပဲ၊ သင့်အရေပြားကို ပုံမှန်သန့်ရှင်းမှုမရှိတဲ့ခါ အရေပြားမှာ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်လာမှာဖြစ်ပြီး မကြာခဏ ယားနေတာတွေ၊ အဖုအပိန့်ထွက်တာတွေ စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေနဲ့ သင် ရင်ဆိုင်ရမှာပါ။

READ
ကြောင်မွေးခြင်းကြောင့်ရနိုင်တဲ့ အကျိုးကျေးဇူးများ

(၃)။ ကိုယ်ခံအားနည်းမယ်

သင် အမြဲလိုလို ထိတွေ့နေတဲ့ ပစ္စည်းတိုင်းမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပါတယ်။ ရေချိုးရင်း ဆပ်ပြာတိုက်တာက အဲဒီ ဘက်တီးရီးယားတွေကို ပျောက်သွားအောင် ပြုလုပ်တာပဲဖြစ်ပြီး ရေမချိုးဘူးဆိုရင် သင့်ခန္ဓာကိုယ်ဆီရောက်လာတဲ့ ဘက်တီးရီးယားတွေလည်း တဖြည်းဖြည်းအားကောင်းလာတော့မှာပါ။ ဒီလိုနဲ့ သင့်ရဲ့ ကိုယ်ခံအားစနစ်လည်း အားနည်းလာမယ်။ မကြာခဏ အအေးမိနေတာမျိုး၊နှာစေးနေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

UfaBizPhoto/Shutterstock

(၄)။ အသားအရေကို ထိခိုက်လာမယ်

သင် နှစ်ရက်လောက် ရေမချိုးပဲနေကြည့်ပါလား။ သင့်ရဲ့အသားအရေဟာ ညစ်နွမ်းနွမ်းဖြစ်နေပြီလို့ ဘေးကလူတွေက ပြောကြလိမ့်မယ်။ ရေမချိုးခြင်းရဲ့ ရလဒ်က ကြည်လင်တဲ့အသားအရေလေးကို ဆုံးရှုံးရတာပါပဲ။ သင်ရေမချိုးတာ များလာတာနဲ့အမျှ သင့်ရဲ့အသားအရေက မွဲခြောက်ခြောက်ဖြစ်နေမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာမှာပါ။

4 PM production/Shutterstock

Linn

SHARE