အသက် (၃၀)အရွယ် ရောက်ပြီဆိုတာနဲ့ ဒီအချက်တွေကို သင် ပြင်ဆင်သင့်ပြီ

ArtFamily/Shutterstock

အသက် (၃၀)အရွယ်ဆိုတာ လူတစ်ယောက်အတွက်တော့ တော်တော်လေး ရင့်ကျက်လာပြီး အတွေ့အကြုံလည်းများတဲ့အချိန်ကိုရောက်လာပြီလို့ ပြောရမှာပါ။ ကိုယ့်ရဲ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုကလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီ၊ တချို့ဆိုရင် အသက် (၃၀)မှာ မိသားစုနဲ့ ဘာနဲ့ ဖြစ်နေပြီ၊ အနာဂတ်မှာ ဘာဆက်လုပ်မလဲ စဉ်းစားနေရပြီ။

ဒီတော့ အသက် (၃၀)အရွယ် ရောက်ပြီဆိုတာနဲ့ သင် ဘာတွေကို ပြင်ဆင်သင့်ပြီလဲ။ ဒီအချက်တွေကို တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး။

(၁)။ ငွေစုပါ

အသက် (၃၀)ရောက်ပြီလေ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကိုယ် သုံးချင်တာတွေ သုံးခဲ့ပြီးပြီမို့လား။ ဒီတော့ အသက် (၃၀)ဆိုတာ သင် ပိုက်ဆံစုရတော့မယ့်အချိန်ပါပဲ။ သင် အသက်ကြီးလာနဲ့အမျှ သင့်ကျန်းမာရေးကလည်း တဖြည်းဖြည်း ဆိုးလာတော့မှာ။ သင့်မှာ မိသားစု ရှိနေပြီဆိုရင် မိသားစုနောင်ရေးအတွက်လည်း ပိုက်ဆံစုရတော့မှာ။ ဒီတော့ မိသားစုအတွက်၊ ကျန်းမာရေးအတွက် စိတ်အေးချင်တယ်ဆိုရင် အသက် (၃၀)က ပိုက်ဆံစုရတော့မယ့်အရွယ်ပါပဲ။

READ
အမျိုးသားတိုင်း ရှိကိုရှိထားသင့်တဲ့ အ၀တ်အစား အသုံးအဆောင်များ
aslysun/Shutterstock

(၂)။ ကျန်းမာရေးကို ပိုဂရုစိုက်ပါ

လူငယ်ဘ၀အချိန်တွေမှာ သင့်ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိကောင်း ရှိနေမှာဖြစ်ပေမယ့် အသက်ကြီးလာပြီဆိုတာနဲ့ ရောဂါတွေပိုပြီး ထူလာဖို့ပါပဲ။ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မောလာမယ်၊ အစားလေးနည်းနည်းမှားလိုက်တာနဲ့ သွေးတိုးတာတို့၊ သွေးပေါင်ကျတာတို့ စတာတွေ ဖြစ်လာမယ်။ ဒီတော့ အသက် (၃၀)ဆိုတာ ကိုယ်နေချင်သလို နေလို့ရတဲ့အချိန်မဟုတ်ပဲ ကျန်းမာရေးအတွက် ဂရုစိုက်တာတွေကို စပြီးလုပ်ရတော့မယ့်အချိန်ပါ။

aslysun/Shutterstock

(၃)။ အလုပ်အပေါ်ပိုပြီးအာရုံစိုက်ပါ

အသက် (၃၀)ဆိုရင် သင်က သင့်ရဲ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နေလောက်ပါပြီ။ သင့်အနေနဲ့အများဆုံးအလုပ်လုပ်နိုင်ရင် နောက်ထပ် (၁၀)နှစ်ကျော်လောက်ပေါ့။ ဒီတော့ နောက်ထပ် အလုပ်လုပ်နိုင်မယ့် နှစ်နည်းနည်းအတွက် အလုပ်ကို ပိုလို့ အာရုံစိုက်ပြီးလုပ်ပါ။ ဒီအချိန်က သင့်ရဲ့အရည်အချင်းတွေကို ပိုက်ဆံရှာဖို့အသုံးချရမယ့်အချိန်ဖြစ်ပြီး အလုပ်အပေါ် ပိုလို့ အာရုံစိုက်သင့်တဲ့အချိန်ပါပဲ။

READ
အမြဲတမ်းကျန်းမာတက်ကြွနေစေဖို့ နည်းလမ်း (၆)သွယ်

(၄)။ မိဘတွေကို စောင့်ရှောက်ပါ

သင်က အသက် (၃၀)အရွယ်ကို ရောက်ပြီဆိုရင် သင့်မိဘတွေလည်း အသက်ကြီးနေလောက်ပါပြီ။ ဒီတော့ သင့်အနေနဲ့ သူတို့အတွက် အချိန်ပေးပါဦး။ အသက် (၃၀)ဆိုတာ ပိုက်ဆံရှာရမယ့်အချိန်လည်းဖြစ်သလို၊ ကိုယ့်ရဲ့မိဘတွေကိုလည်း ဂရုစိုက်ရမယ့်အချိန်ပါ။ အကြောင်းကတော့ သူတို့ အိုမင်းလာကြပြီဖြစ်ပြီး သားသမီးတွေရဲ့စောင့်ရှောက်မှုကို လိုအပ်နေပြီလေ။

ArtFamily/Shutterstock

(၅)။ တစ်ကိုယ်တော်ခရီးထွက်ပါ

အသက် (၃၀)အရွယ်ဆိုတာ ကိုယ့်အန္တရာယ်ကို ကိုယ်ကာကွယ်နိုင်တဲ့အရွယ်ဖြစ်သလို၊ လူကြီးမိဘတွေကလည်း စိတ်ချရတဲ့အရွယ် ရောက်နေပါပြီ။ ငယ်ငယ်တုန်းက ခရီးသွားရင် တစ်ယောက်တည်း စိတ်မချလို့ အဖော်ပါမှသွားရမယ်လို့ တားကောင်း တားကြမှာဖြစ်ပေမယ့် ဒီအချိန်မှာတော့ သင့်ကို တားမယ့်သူရှိတော့မှာမဟုတ်ပါဘူး။ ဒီတော့ အသက် (၃၀)ရောက်ပြီဆိုတာနဲ့ သင့်ရဲ့တစ်ကိုယ်တော် ခရီးစဉ်တွေကို စတင်သင့်ပါပြီ။

Linn

SHARE