ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေရဖို့ ဒီအချက်တွေကို စွန့်ပစ်လိုက်ပါ

Asier Romero/Shutterstock

ဘ၀မှာ တချို့သော ကိစ္စတွေက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေဆီရောက်ဖို့ မထင်မှတ်ပဲ အတားအဆီး ဖြစ်နေတတ်ပါတယ်။ ကိုယ် ဘယ်လိုမှ ထင်မထားမိတဲ့ ကိစ္စအသေးအမွှားလေးတွေက ကိုယ်အောင်မြင်မှုရဖို့အတွက် ကြီးမားတဲ့အတားအဆီးကြီးဖြစ်နေတတ်တယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကိုရဖို့ ဘယ်လိုအချက်တွေက အတားအဆီးဖြစ်နေကြသလဲ။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုကြည့်ရအောင်…။

(၁)။ ကိုယ့်ကိုယ်ကိုယ် သနားမိနေတာ

အလုပ်လေးနည်းနည်းလုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် အနားပေးသင့်ပြီထင်နေတာ၊ စာနည်းနည်းကျက်ပြီးတာနဲ့ ပျော်စရာတစ်ခုလောက်ရဖို့ ထိုက်တန်တယ်လို့ ထင်နေတာ။ ပိုက်ဆံတွေအများကြီးရှာထားရတဲ့နောက် ပိုက်ဆံအများကြီးသုံးသင့်တယ်လို့ထင်နေတာ။ စတဲ့ ကိုယ့်ကိုယ်ကိုယ် သနားနေမှုတွေက သင့်ကို အောင်မြင်မှုနဲ့ ဝေးကွာစေပါလိမ့်မယ်။

CREATISTA/Shutterstock
(၂)။ တွေ့ကရာပစ္စည်းတွေ အကုန်လိုချင်နေတာ

ကိုယ်လိုအပ်နေတဲ့ ပစ္စည်းတွေတင်မဟုတ်ပဲ မျက်စိရှေ့မှာ တွေ့သမျှပစ္စည်းတွေ အကုန်လိုချင်နေတာမျိုး ဖြစ်ဖူးလား။ ကိုယ့်မှာပိုက်ဆံရှိရင် ရှိသလောက် ပစ္စည်းတွေဝယ်ချင်နေမိပြီး အဲလိုစိတ်ကို အလိုလိုက်နေမိတာကလည်း သင့်ကို တကယ့်ပျော်ရွှင်မှုအစစ်နဲ့ဝေးကွာစေပါတယ်။ သင် ၀ယ်လိုက်တဲ့ အချိန်မှာသာ စိတ်ကျေနပ်မှု ရမှာမျိုးဖြစ်ပြီး အဲဒီနောက်မှာတော့ မလိုအပ်ပဲ ၀ယ်မိတဲ့အရာတွေကြောင့် သင့်ကိုယ်သင်အပြစ်တင်မိမှာ သေချာနေလို့ပါပဲ။

READ
ကောင်မလေးတွေ ပြောတတ်ကြတဲ့ စကားများရဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ်
(၃)။ တခြားသူတွေရဲ့ ဘ၀ကို အားကျနေတာ

ကိုယ့်ရဲ့လက်တွေ့ဘ၀ကို မေ့ထားပြီး တခြားသူတွေရဲ့ဘ၀ကို အားကျနေမိတာကလည်း သင့်ကို အောင်မြင်မှုနဲ့ ဝေးကွာစေပါလိမ့်မယ်။ သင်က လက်တွေ့ဘ၀မှာ ကြိုးစားဖို့ထက် သူတို့လို ဘ၀မျိုး ဘာကြောင့်မရောက်ရတာလဲလို့  သင့်ကိုယ်သင် အပြစ်တင်နေမိလိမ့်မယ်။

CREATISTA/Shutterstock
(၄)။ မလုပ်နိုင်ဘူးလို့ အမြဲတွေးနေတာ

မလုပ်နိုင်ဘူးလို့ အမြဲတွေးမိနေတာကို ရပ်လိုက်ပါ။ အဲဒီအစား “ငါဘာလို့မလုပ်နိုင်ရမှာလဲ” ဆိုပြီး စိန်ခေါ်မှုတွေကို လက်ခံကြည့်လိုက်ပါလား။ ကိုယ်မကျွမ်းကျင်တဲ့ကိစ္စတစ်ခုခုကို မလုပ်နိုင်ဘူးလို့ လက်လျော့လိုက်မယ့်အစား ကြိုးစားပြီးအောင်မြင်အောင် လုပ်ကြည့်တာက သင့်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။

(၅)။ အတိတ်ကိုပြန်တွေးပြီး ဒဏ်ရာရနေတာ

ပြီးခဲ့တာတွေကို ပြန်တွေးပြီး စိတ်ညစ်နေတတ်တာကလည်း သင့်ရဲ့အောင်မြင်မှု လမ်းကြောင်းတွေကို ပိတ်ဆို့နေစေပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို သင် သတိရနေသရွေ့ သင် မပျော်မရွှင်ဖြစ်နေမယ်၊ ကြိုးစားချင်စိတ်တွေလည်း ပျောက်နေမယ်၊ ဘယ်သူမဆို အတိတ်မှာ မနာကျင်ခဲ့ရတာ မရှိဘူးလေ။ ဒီတော့ အတိတ်ကိုမေ့ထားပြီး အနာဂတ်ကိုပဲ မျှော်ကြည့်နေတာ သင့်အတွက်အကောင်းဆုံးဖြစ်မှာပါ။

READ
တက်တူးတွေကို မကြိုက်လို့ ဖျက်မယ်ဆို ဒါလေးတော့ သိထားသင့်.....
Asier Romero/Shutterstock
(၆)။ အပေါ်ယံခင်မင်မှုတွေမှာ သာယာနေတာ

သင့်နံဘေးမှာ တကယ့်မိတ်ဆွေစစ်တွေ၊ သူငယ်ချင်းကောင်းတွေရှိမနေပဲ အပေါ်ယံခင်မင်မှုတွေနဲ့ သာယာနေတာကလည်း သင့်ကို အကျိုးမရှိစေပါဘူး။ သင်အခက်အခဲဖြစ်တဲ့အချိန်မှာ တစ်ယောက်တည်းရင်ဆိုင်ရမယ်၊ သင် အမြင့်ကိုတက်ဖို့အခွင့်အရေးရလာချိန်မှာ ထောက်ပံ့ပေးနိုင်တဲ့သူ မရှိဘူး..စသဖြင့် အပေါ်ယံမိတ်ဆွေတွေပဲရှိတဲ့ ဒဏ်ကို သင်ခံစားရပါလိမ့်မယ်။ ဒီတော့ အပေါ်ယံခင်မင်သူတွေကို စွန့်ပစ်ပြီး မိတ်ဆွေစစ်နည်းနည်းလေးကိုပဲ တန်ဖိုးထားဖို့ကြိုးစားပါ။

Linn

SHARE