ပျော်ပျော်နေတတ်တဲ့သူတွေဟာ ဒီအချက်တွေကိုဘယ်တော့မှမလုပ်ကြပါဘူးတဲ့

Luis Molinero/Shutterstock

သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လား..။ ဒါမှမဟုတ် သင်ပေါင်းနေတဲ့ သူငယ်ချင်းတွေထဲမှာရော ပျော်ပျော်နေတတ်တဲ့သူရှိလား။ ပျော်ပျော်နေတတ်တဲ့သူတွေဆိုတာ သူတို့ရဲ့နံဘေးမှာ ရှိနေသူတွေကို ပျော်ရွှင်မှုတွေ ကူးစက်အောင် စွမ်းဆောင်ပေးနိုင်သူတွေဖြစ်လို့ ဘယ်သူမဆို အပေါင်းအသင်းလုပ်ချင်ကြတဲ့သူတွေပါ။ သူတို့က ဘာကြောင့် ပျော်ပျော်နေတတ်သူတွေ ဖြစ်လာကြလဲ..။ ဒီလိုအချက်တွေကို ဘယ်တော့မှ မလုပ်ကြတာကြောင့်ပါလို့ပြောရမယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့….။

(၁)။ အတိတ်ကိုပြန်တွေးမနေတတ်တာ

သူတို့က လက်ရှိဖြစ်နေတာတွေအပေါ်မှာပဲ အာရုံစိုက်ထားတတ်ကြတယ်။ ပြီးခဲ့တာတွေကို ပြန်တွေးပြီး စိတ်ညစ်နေတာမျိုး၊ ပြီးခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်တမ်းတနေတာမျိုး စတာတွေကို မလုပ်တတ်ကြဘူး။ လက်တွေ့ဘ၀ကိုပဲ တန်ဖိုးထားကြသူတွေပေါ့…။

bbernard/Shutterstock
(၂)။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တတ်တာ

ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် အမှားအယွင်းတစ်ခုခုဖြစ်သွားရင် သူတို့က ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တတ်ကြဘူး။ သူတို့က အကောင်းမြင်တတ်သူတွေဖြစ်ပြီး အမှားရှိရင် အမှန်လည်းရှိရမယ်လို့ လက်ခံထားကြသူတွေဖြစ်ပါတယ်။

READ
သင့်အကြိုက်ဆုံး အရောင်က ပြောနေသော သင့်အကြောင်း
(၃)။ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်သိပ်မဖြုန်းဘူး

သူတို့က လက်တွေ့ဘ၀ကို ပိုပြီး တန်ဖိုးထားကြသူတွေဖြစ်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာရီအများကြီး အချိန်ဖြုန်းနေတာမျိုး မလုပ်ကြပါဘူး။ သူငယ်ချင်းတွေနဲ့လျှောက်သွားမယ်၊ မိသားစုကိုအချိန်ပေးမယ်၊ ချစ်သူနဲ့တွေ့မယ် စသဖြင့် တကယ့်လက်ရှိဘ၀မှာ ရှိတဲ့ နီးစပ်သူတွေကိုသာ ပိုပြီးအချိန်ပေးကြသူတွေပါ။

Roman Samborskyi/Shutterstock
(၄)။ အဆင်မပြေတဲ့ Relationship တွေကို သည်းခံမနေကြဘူး

သူတို့က အချစ်ရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ် အဆင်မပြေဘူးလို့ ခံစားရတာနဲ့ အဲဒါကို ရပ်လိုက်ဖို့ ကြိုးစားကြသူတွေပါ။ သူတို့က ပျော်ပျော်နေချင်ကြသူတွေဖြစ်တာကြောင့် သူတို့အဆင်မပြေတဲ့ ဆက်ဆံရေးတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဝေးဝေးကို ထွက်ပြေးသွားဖို့ပဲ ကြိုးစားတတ်ကြတယ်။

(၅)။ ဘာမဆို လိုက်ပြီး ခံစားမနေဘူး

ဒီနေ့ခေတ် ဆိုရှယ်မီဒီယာ သုံးတဲ့သူတွေအတွက် ခံစားစရာတွေ များပြားလွန်းလှတယ်ဆိုပေမယ့် ပျော်ပျော်နေတတ်သူတွေကတော့ ဘာမဆိုလိုက်ပြီး ခံစားမနေကြဘူး။ နာမည်ကျော်တစ်ယောက်ရဲ့ခွေးလေးသေသွားတာ၊ ရုပ်ရှင်တွေကြည့်ပြီး ဘယ်လိုမျက်ရည်ကျကြတာ…စသဖြင့် လတ်တလော ပေါ်ပင်ဖြစ်နေတဲ့ ကိစ္စတွေကို လိုက်ပြီးခံစားနေတာမျိုးမလုပ်တတ်ကြပါဘူး။ သူတို့ရဲ့ပျော်ရွှင်မှုကို သူတို့နည်းသူတို့ဟန်နဲ့ ရှာကြသူတွေပါ။

READ
အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေရဲ့ လူမသိတဲ့ စိတ်ဒဏ်ရာများ
Yulia Grigoryeva/Shutterstock
(၆)။ တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုးမလုပ်ဘူး

တခြားသူတွေ အောင်မြင်နေတာ၊ ချမ်းသာနေတာ၊ ကားအကောင်းစားတွေစီးနေတာမျိုးကို သူတို့က သိပ်ပြီးအားကျ ကြသူတွေမဟုတ်ဘူး။ တချို့ကတော့ အားကျကောင်းကျနိုင်ပေမယ့် အဲဒီလူတွေနဲ့ သူတို့ကိုယ်သူတို့ လိုက်ပြီး နှိုင်းယှဉ်နေတာမျိုးတော့ မလုပ်တတ်ကြဘူး။

Linn

SHARE