အသစ်ဝယ်လာတဲ့ အ၀တ်အစားတွေကို ဘာကြောင့် လျှော်ပြီးမှဝတ်သင့်လဲ

megaflopp / Shutterstock

အ၀တ်အစားအသစ်ဝယ်လာပြီဆိုရင် လူတွေက နှစ်မျိုးပဲ ရှိတော့တယ်။ လျှော်ပြီးမှ ၀တ်တဲ့သူနဲ့ မလျှော်ပဲ ၀တ်တဲ့သူ။ တချို့ကတော့ အသစ်ရဲ့အနံ့လေးကိုက သဘောကျဖို့ကောင်းတယ်ဆိုပြီး မလျှော်ပဲ ၀တ်တတ်ပါတယ်။ တချို့ကတော့ လျှော်ပြီး၊ မီးပူတိုက်ပြီးလို့ သေချာ ကျကျနနဖြစ်မှ ၀တ်တတ်ကြတယ်။

ဒါပေမယ့် Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာတော့ ဘာကြောင့် အ၀တ်အစားသစ်တွေကို လျှော်ပြီးဝတ်သင့်သလဲဆိုတာ အခုလို ဖော်ပြထားပါတယ်။

ဓာတ်မတည့်တာမျိုးတွေ

တချို့တွေအတွက်တော့ အ၀တ်အစားသစ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်တဲ့။ အ၀တ်အထည်မှာ ကပ်ငြိနေဆဲဖြစ်တဲ့ ဆိုးဆေးတွေနဲ့ ဓာတုပစ္စည်းတွေဟာ မလျှော်ဖွတ်ရသေးတဲ့ အခြေအနေမှာ ငြိတွယ်နေဆဲဖြစ်ပြီး ကိုယ်နဲ့ဓာတ်မတည့်ရင် ယားယံမှုတွေ၊ အဖုအပိန့်တွေ ဖြစ်ကြလို့ လျှော်ပြီးဝတ်သင့်တယ်လို့ ရေးသားထားတာပါ။

Evgeniy Kalinovskiy / Shutterstock

တခြားသူတွေဝတ်ထားပြီးသားတွေ

တချို့အ၀တ်အထည်တွေကတော့ ဆိုင်မှာ တစ်ထည် နှစ်ထည်ပဲ ကျန်တော့တတ်ပြီး အဲဒါကိုမှ တခြားသူတွေက စမ်းဝတ်ကြည့်ပြီးသားတွေ ဖြစ်နေတာပါ။ ကိုယ့်ရဲ့ အရှေ့မှာ လူ ဘယ်နှယောက် စမ်းဝတ်ထားမှန်းမသိတဲ့ အ၀တ်အထည်တစ်ခုဟာ ကိုယ့်အတွက် အရေပြားဆိုင်ရာ ပြဿနာတွေကို သယ်ဆောင်လာစေပါလိမ့်မယ်လို့ ရေးသားထားပါတယ်။

READ
အရိုးရှင်းဆုံးနည်းလမ်းတွေနဲ့ ပေါင် (၁၀၀)ကျော်ဝိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး (၃) ဦး

(၂၀၁၄)ခုနှစ်စစ်တမ်း

(၂၀၁၄)ခုနှစ်၊ ဆွီဒင်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ အ၀တ်အထည်ထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းလိုလိုဟာ သူတို့ တင်ပို့မယ့် အ၀တ်အထည်တွေမှာ “quinoline” ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို အသုံးပြုလေ့ရှိကြပြီး အ၀တ်အထည်တွေကို မှိုမစွဲဖို့၊ ထိုင်းထိုင်းမှိုင်းမှိုင်းမဖြစ်ဖို့အတွက် သုံးကြတယ်လို့ ဖော်ပြထားတာပါ။ အဲဒီ “quinoline” ကို လက်ရှိအချိန်အထိ အသုံးပြုနေဆဲ ဖြစ်သလို တချို့လူတွေအတွက် ဓာတ်မထည့်နိုင်တာတွေ ဖြစ်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားတာပါ။

Iakov Filimonov / Shutterstock

Linn

SHARE