လုပ်ဖော်ကိုင်ဖက်တွေကို အီစီကလီလုပ်ခြင်းက ဖိအားတွေကိုလျော့ကျစေတယ်လို့ဆို

Shutterstock

သတင်းခေါင်းစဉ်ကိုဖတ်ပြီး အရမ်းတွေ သဘောကျသွားပြီမို့လား။ ငါနဲ့တော့ ကိုက်နေပြီဆိုပြီးတော့လေ..။ ဒါပေမယ့် ဒီအကြောင်းအရာက စစ်တမ်းတွေကနေ အခြေခံလာတာမို့ ယုံကြည်လို့ရတဲ့ ရာခိုင်နှုန်းများပါတယ်နော်။ လုပ်ငန်းခွင်ထဲက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အီစီကလီလုပ်ခြင်းအားဖြင့် လုပ်ငန်းခွင်ထဲက ဖိအားတွေကို လျော့ကျသွားစေတယ်ဆိုတာ တကယ်ပါတဲ့။

Daily Mail ရဲ့ ဖော်ပြချက်အရတော့ ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲက တစ်ယောက်ယောက်ကို ကြူတယ်လို့ပဲခေါ်ခေါ်၊ အီတယ်လို့ပဲခေါ်ခေါ်၊ ရည်ရွယ်ချက်တစ်ခုခုနဲ့ စကားပြောတယ်ပဲခေါ်ခေါ် အဲဒီလို လုပ်တဲ့အချိန်မှာ လူတွေရဲ့ စိတ်ဟာ ကျေနပ်မှု တစ်စုံတစ်ရာ ကို ရကြပါသတဲ့။ ပြောနေတဲ့သူရော၊ အပြောခံရသူပါ အဲဒီအချိန်မှာ သာယာတဲ့စိတ် ကိုယ်စီ ဖြစ်ကြပြီး လုပ်ငန်းခွင်ထဲက စိတ်ညစ်စရာအချိန်တွေကို ခဏလောက် မေ့သွားနိုင်ကြတယ်လို့ သိရပါတယ်။

Shutterstock

ဒါဟာ လုပ်ငန်းခွင်အတွင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးမဟုတ်တဲ့ ရိုးရိုးတန်းတန်း အီစီကလီ လုပ်တာမျိုး၊ နှစ်ဦးသဘောတူ သာသာယာယာလေးတွေပြောတာမျိုးကို ဆိုလိုတာပါ။ ၀ါရှင်တန်ပြည်နယ်တွင်းက တက္ကသိုလ်တစ်ခုရဲ့ စစ်တမ်းတွေအရ အလုပ်မှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ အီစီကလီ လုပ်သူတွေဟာ လုပ်ငန်းခွင်မှာ ပျော်ကြပြီး ရုံးတက်ရက်လည်း မှန်ကြတယ်လို့ သိရပါတယ်။

READ
တစ်ပတ်လျှင် (၄)ရက်သာ အလုပ်လုပ်သင့်ဟု သိပ္ပံပညာရှင်များအကြံပြု

အဲဒါတွေအပြင် လုပ်ငန်းခွင်အတွင်းမှာ အချင်းချင်းဖြစ်တတ်တဲ့ ကတောက်ကဆဖြစ်မှုတွေကိုလည်း လျော့ချပေးနိုင်တယ်၊ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်မှုတွေလည်း လျော့ကျသွားနိုင်တယ် ဆိုတာတွေကိုလည်း စစ်တမ်းတွေအရ သိခဲ့ရပါတယ်။

Shutterstock

ပရော်ဖက်ဆာ ရှက်ဖာ နဲ့ သူ့ရဲ့ စစ်တမ်းကောက်ယူရေးအဖွဲ့ဟာ လိင်ကိစ္စလေးနည်းနည်းပါတဲ့ ဟာသပြောမှုလေးတွေ၊ နစ်နာစေလိုတဲ့ စကားလုံးတွေမပါတဲ့ စကားစမြည်ပြောမှုလေးတွေကို ပြောလေ့ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အလုပ်လုပ်ရာမှာ ပိုပြီး စနစ်ကျသလို၊ သူတို့ရှိနေတဲ့ လုပ်ငန်းခွင်ကလည်း ပိုလို့ ပျော်စရာကောင်းကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံတွင်းက ရာနဲ့ချီတဲ့ ၀န်ထမ်းတွေကို မေးမြန်းခဲ့တဲ့ စစ်တမ်းတွေအရ အလုပ်ခွင်က ၀န်ထမ်းတွေဟာ သူတို့ရဲ့ အထက်လူကြီးအများစုကို မမျှမတဆက်ဆံတတ်သူတွေလို့ ကောက်ချက်ချလေ့ရှိပြီး၊ အထက်လူကြီးကြောင့်ရတဲ့ လုပ်ငန်းခွင်ဖိအားတွေကို အချင်းချင်း ပြန်လည်ဖောက်သည်ချခြင်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားကြလေ့ရှိတယ်လို့ သိရပါတယ်။

READ
ငိုကြွေးခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူး (၆)မျိုး

Linn

SHARE