တွေးမိလိုက်ရုံနဲ့တင် (၇)ရက်လောက်ထမင်းမစားနိုင်ပဲဖြစ်သွားမယ့် အတွေး(၅)မျိုး

Dean Drobot/Shutterstock

လူတွေကို နှိပ်စက်နေတဲ့အထဲမှာ အတွေးတွေက ထိပ်ဆုံးက ပါ ပါတယ်နော်။ ကိုယ်တွေးမိတဲ့ အတွေးတွေက ကြည်နူးစရာတွေ၊ ပျော်စရာတွေဆို ပြဿနာ မရှိပေမယ့် စိတ်ညစ်စရာတွေ၊ ကြောက်စရာတွေ ဆိုရင်တော့ ကိုယ်တိုင်လည်း ညစ်တော့တာ၊ မပျော်မရွှင် ဖြစ်ရတော့တာပဲ။

အောက်မှာ ဖော်ပြထားတဲ့ အချက်တွေမှာတော့ လူအများစု တွေးမိတတ်တဲ့ အတွေးလေးတွေပါပဲ။ တွေးလိုက်တိုင်း မပျော်မရွှင် ဖြစ်သွားစေရုံတင်မက (၇)ရက်လောက်တောင် ထမင်းမစားနိုင်ပဲ ကြေကွဲနေရတဲ့အထိ ဖြစ်သွားမယ့်အတွေးတွေမို့ ဘာတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁)။ ၀ိတ်ချမှဖြစ်တော့မယ်

ဒီအတွေးကြီးကို ကြောက်ဖို့အကောင်းဆုံး အတွေးစာရင်းထဲမှာ ထည့်ထားလိုက်ပါပြီ။ ဒီလို တွေးမိလိုက်ပြီဆိုတာနဲ့ ကိုယ့်ခန္ဓာကိုယ်အနေအထားက ဘယ်လိုတွေတောင် ဖြစ်နေပြီလဲဆိုတာ သိလိုက်တော့လေ။ ၀ိတ်ချဖို့ တွေးလိုက်မိပြီဆိုတာနဲ့ ကိုယ်ကြိုက်တာတွေ မစားရတော့မှာကို စိုးရိမ်လာတယ်၊ gym မှာ ပင်ပင်ပန်းပန်းတွေ လုပ်ရတော့မှာ၊ ညစာလျော့စားရမှာ…အစရှိသဖြင့် တွေးမိလာပြီး လုံးဝကို မပျော်မရွှင်ဖြစ်သွားတော့တာပါပဲ။

READ
ဓာတ်လှေကားစီးတဲ့သူတွေကို ရှုးရှုးထွက်လောက်အောင်ခြောက်ခဲ့တဲ့ စနောက်မှု
Ruslan_127/Shutterstock

(၂)။ မနက်ဖြန်တနင်္လာပဲ

ဒီအတွေးကြီးဟာလည်း တကယ်ပဲ ကြောက်ဖို့ကောင်းလှပါတယ်ဆိုတာ ရုံးတက်ရမယ့်သူတွေ အသိဆုံးပါ။ စနေ၊တနင်္ဂနွေရုံးပိတ်ရက်တွေဘယ်လိုကုန်သွားမှန်းမသိလိုက်ပဲ တနင်္ဂနွေနေ့ညဆီ ရောက်လို့လာတဲ့အခါ ဒီအတွေးကြီးကို တွေးမိလာပြီလေ။ မနက်ဆိုရင် အိပ်ရေး၀၀မအိပ်ရတော့ဘူး၊ အလုပ်တွေ ပြန်ရှုပ်တော့မယ် လို့ တွေးမိတိုင်း ဘ၀ကြီးကို စိတ်နာလာတဲ့အထိ ဖြစ်ကုန်တော့တာပါပဲ။

jirayu drawing/Shutterstock

(၃)။ ဘယ်သူ့ဆီကပိုက်ဆံချေးရမလဲ

ဒီအတွေးကြီးကတော့ လကုန်ရက်နားရောက်လာပြီဆိုရင် ခေါင်းထဲကို သူ့အလိုလို ၀င်လာပါပြီနော်။ အဲဒီလို တွေးမိလိုက်တဲ့အချိန်က ကိုယ့်ဆီမှာ ပိုက်ဆံသုံးစရာ မကျန်တော့တဲ့အချိန်ဖြစ်ပြီး အခက်အခဲကာလကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ အဲဒီအတွေးကြီးဝင်လာပြီဆိုကတည်းက ဘယ်သူက ကိုယ့်ကို ပိုက်ဆံချေးမလဲဆိုတာ တွေးရ၊ ကိုယ့်ရဲ့အဆင်မပြေမှုတွေကို ပြန်ပြီး စိတ်ညစ်ရနဲ့ တော်တော်ဆိုးတဲ့အတွေးကြီးပေါ့။

pathdoc/Shutterstock

(၄)။ ငါ ဒီတစ်သက်ရည်းစားမှရပါဦးမလား

အဲဒီလို တွေးနေမိပြီဆိုကတည်းက သင်ဟာ ရည်းစားရဖို့ တော်တော်လေး ရုန်းကန်နေရသူတစ်ယောက်ဆိုတာ သိနိုင်သွားပြီး ရည်းစားလိုချင်တာ တစ်ပိုင်းသေနေသူတစ်ယောက်ဆိုတာလည်း သိသာသွားပါပြီ။ သူများတွေ အတွဲကိုယ်စီနဲ့ ပျော်ရွှင်နေကြတဲ့အချိန်မှာ ကိုယ်ကတော့ ဂယောင်ခြောက်ခြားနဲ့ တစ်ယောက်တည်း လျှောက်သွားနေတာမျိုး၊ သူငယ်ချင်းတွေက သူတို့ရဲ့ချစ်သူတွေနဲ့ Romantic တွေဆန်နေကြချိန်မှာ ကိုယ်ကတော့ တစ်ယောက်တည်း ငူငူငိုင်ငိုင် ဖြစ်နေတာမျိုးတွေ မကြာခဏ ဖြစ်လာရင် ဒီအတွေးမျိုး တွေးမိလာတတ်တာပါ။

READ
ဈေးဝယ်တာကြာနေတဲ့သခင်ကို စိတ်မရှည်တော့လို့ ဟွန်းသံရှည်ဆွဲပြီးခေါ်နေခဲ့တဲ့ ခွေးလေး

(၅)။ အိမ်က လွှတ်မှ လွှတ်ပါ့မလား

ကိုယ်က သူငယ်ချင်းတွေနဲ့ ခရီးတွေသွားဖို့၊ ဒါမှမဟုတ်ရင် Night Out ထွက်ဖို့၊ ရှိုးပွဲတစ်ပွဲ သွားကြည့်ဖို့ စသဖြင့် အစီအစဉ်တွေ ဆွဲနေပေမယ့် စိတ်ထဲမှာတော့ အိမ်ကလွှတ်ပါ့မလား ဆိုတဲ့ အတွေးကြီးရှိနေတာမျိုးက တော်တော်လေး အဆင်မပြေဖြစ်စေပါတယ်။ ဒီအတွေးကြီးက လူငယ်တော်တော်များများကို ဒုက္ခပေးနေတဲ့ အတွေးမျိုးဖြစ်ပြီး တစ်ချို့တွေဆိုရင် အသက်ကြီးသွားတဲ့အထိတောင် တွေးနေရဆဲဖြစ်တဲ့ အတွေးမျိုးပါနော်..။

Linn

SHARE