နေရင်းထိုင်ရင်း ရုတ်တရက်စိတ်ဓာတ်ကျသွားတတ်တာ ဘာကြောင့်လဲ

bluedog studio / Shutterstock

ဒီအတိုင်း၊ ပုံမှန်အလုပ်တွေ လုပ်နေရင်း၊ သူငယ်ချင်းတွေနဲ့ အတူရှိနေရင်းက ရုတ်တရက် စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်ဖူးလား။ ဘာမှလည်း ထူးထူးခြားခြား မဖြစ်ရပါပဲနဲ့ စိတ်ဓာတ်ကျသွားတတ်တာလေ။ တစ်ခါတလေကျရင်တော့ အဲဒါဟာ ထူးဆန်းတယ်လို့ ထင်စရာရှိပေမယ့် နေရင်းထိုင်ရင်း စိတ်ဓာတ်ကျ ကျ သွားတတ်တာဟာ တချို့လူတွေအတွက်တော့ ပုံမှန်ပါပဲ။ အထူးသဖြင့် ဒီလိုအချက်တွေကြောင့်ပေါ့…..။

(၁)။ ပြီးခဲ့တဲ့ ရက်တွေမှာအဆင်မပြေခဲ့လို့

တစ်ခါတလေကျရင် အဆင်မပြေခဲ့တဲ့ အချိန်တွေတုန်းက ကြိုးစားပြီး ကျော်ဖြတ်နေရတာနဲ့ စိတ်ဓာတ်ကျရကောင်းမှန်းမသိပဲ အဲဒီရက်တွေ ကျော်သွားတော့မှ ပြီးခဲ့တာတွေ ပြန်တွေးမိရင်း စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ တင်းထားတဲ့ ကိုယ့်စိတ်ကို လျော့ချလိုက်တဲ့အခါ အတွေးပေါင်းစုံဝင်လာတတ်ပြီး တချို့အတွေးတွေက ကိုယ့်ကို စိတ်ဓာတ်ကျသွားစေနိုင်တာမျိုးပါ။

Dmytro Zinkevych / Shutterstock

(၂)။ ကိုယ့်ရဲ့ကျန်းမာရေးကြောင့်

လူကသာ စကားတွေပြောလိုက်၊ စားလိုက်သောက်လိုက် လုပ်နေပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးက အကောင်းကြီးမဟုတ်ဘူးဆိုရင်လည်း ရုတ်တရက်စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်က ကျန်းမာရေးမကောင်းတဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါ တစ်ခါတလေ ကိုယ့်ရဲ့ကျန်းမာရေးကြောင့် စိတ်ဓာတ်ကျသွားတတ်တာမျိုးလည်းရှိတယ်လေ။

READ
အိမ်ထောင်ရှင်တွေထက် ပိုအသက်ရှည်နိုင်ကြတယ်ဆိုတဲ့ တစ်ကိုယ်တည်းအပျိုကြီးများ
tommaso79 / Shutterstock

(၃)။ မိသားစုပြဿနာတွေကြောင့်

ကိုယ်ရဲ့ မိသားစုမှာ ငွေကြေးအဆင်မပြေတာပဲဖြစ်ဖြစ်၊ မိဘတွေက မကြာခဏ ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိသားစုထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူတစ်ယောက်ယောက် ရှိနေတာပဲဖြစ်ဖြစ်…အလားတူ အခြေအနေတွေ ရှိနေရင်လည်း ရုတ်တရက် စိတ်ဓာတ်ကျသွားတတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အဲဒီ ပြဿနာတွေကြားမှာ ရက်တွေအများကြီး ဖြတ်သန်းခဲ့ရတာလေ။ ဒီတော့ စိတ်ထဲမှာ တစ်ခါတလေတော့ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး မပျော်မရွှင်ဖြစ်သွားနိုင်တာပဲ။

Syda Productions / Shutterstock

(၄)။ ငွေကြေးအဆင်မပြေလို့

ကိုယ့်ဆီမှာ ငွေကြေးနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ၊ ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ရုတ်တရက် စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ ရှိနေတယ်ဆိုရင် ပိုက်ဆံသုံးရတော့မယ့် ကိစ္စတွေကြုံလာတိုင်းစဉ်းစားနေရမယ်၊ အဲဒီနောက်တော့ စိတ်ဓာတ်ကျလာပါလိမ့်မယ်။

Linn

SHARE