သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျသွားနိုင်စေတဲ့အချက်တွေ

GaudiLab/Shutterstock

ရုပ်ချောတဲ့သူပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ်ပါ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှု ပုံစံလေးတွေ ရှိတတ်ကြပါတယ်။ နှုတ်ခမ်းလေးတွန့်ပြီး ပြုံးတာ၊ ဆံပင်လေးသပ်လိုက်တာ၊ အ၀တ်အစားကို အမြဲသပ်သပ်ရပ်ရပ်ဝတ်တတ်တာ အစရှိသဖြင့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မှု ရှိပုံချင်း မတူကြပါဘူး။

ဒါပေမယ့် ဒီအချက်တွေကို လုပ်မိရင်တော့ ဘယ်လောက်ဆွဲဆောင်မှုရှိတဲ့သူပဲဖြစ်ဖြစ် သူတို့ရဲ့ဆွဲဆောင်မှုပုံစံတွေ လျော့ကျသွားမှာပါ။ အဲဒါတွေကတော့….

(၁)။ ဟာသတွေကို နားမလည်နိုင်တော့တာ

ဆွဲဆောင်မှုရှိတဲ့သူအများစုက ဟာသဥာဏ်ရှိကြသူတွေပါ။ သူတို့က ဘ၀ကို အကောင်းမြင်တတ်ကြပြီး ဟာသပြောတဲ့နေရာမှာရော၊ ဟာသတွေကို နားလည်တတ်တဲ့နေရာမှာရော သူများထက် သာတတ်ကြတယ်။ ဒါပေမယ့် အလုပ်ဖိအားတွေ ၊ ပြဿနာတွေကြောင့် ဟာသတွေကို နားမလည်နိုင်တော့ဘူး၊ မခံစားနိုင်တော့ဘူးဆိုရင် အဲဒီလူတွေရဲ့ ဆွဲဆောင်မှုကလည်း ကျဆင်းသွားမှာပါ။

fizkes/Shutterstock
(၂)။ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့တာ

အရင်တုန်းကတော့ အင်္ကျီဝတ်ရင် မီးပူတိုက်ပြီးသားလေးမှ၊ ဆံပင်ဆိုရင်လည်း နည်းနည်းရှည်လာတာနဲ့ ညှပ်ရမှ စသဖြင့် ကိုယ့်ကိုယ်ကိုယ် တယုတယနေတတ်ပေမယ့် အကြောင်းကြောင်းကြောင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တော့တာမျိုးကလည်း သင့်ရဲ့ဆွဲဆောင်မှုကို ၀ုန်းဆို ထိုးကျသွားစေပါလိမ့်မယ်။ သင်ကတော့ ထင်မှာပေါ့၊ ဆံပင်တွေရှည်လာရင်လည်း ကြည့်ကောင်းပါသေးတယ်၊ အင်္ကျီတွေဖရိုဖရဲဖြစ်နေလဲမဆိုးပါဘူး ဆိုပြီး။ ဒါပေမယ့် သင့်ရဲ့မူလပုံစံနဲ့ လုံးဝ ကွဲပြားသွားမှာမို့ သင့်ရဲ့ရှိရင်းစွဲ ဆွဲဆောင်မှုတွေက ကျဆင်းသွားမှာပါ။

READ
စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို ဘယ်လို အကျိုးရှိရှိ ဖြတ်သန်းမလဲ...
Antonio Guillem/Shutterstock
(၃)။ အပျင်းထူလာတာ

တချို့တွေအတွက်တော့ တက်ကြွတဲ့ပုံစံက ဆွဲဆောင်မှုတစ်ခုပါ။ များသောအားဖြင့် မိန်းကလေးတွေက တက်ကြွတဲ့ပုံစံနဲ့ ယောင်္ကျားလေးတွေကို သဘောကျလေ့ရှိကြပါတယ်။ အဲဒီလို တက်ကြွနေရာကနေ ချက်ချင်းအပျင်းထူသွားပြီး မလုပ်ချင်မကိုင်ချင်ဖြစ်လာတာ၊ ဘာကိုမှ စိတ်မပါတော့တာ..စတာတွေက ဆွဲဆောင်မှုကို ကျဆင်းသွားစေတဲ့အချက်တွေပါ။

vectorfusionart/Shutterstock

Linn

SHARE