မျှော်လင့်ချက်တွေအများကြီးထားမိပြီဆိုရင် ဒီဆိုးကျိုးတွေကို သင်ခံစားရနိုင်တယ်

Bobex-73/Shutterstock

ဘာမျှော်လင့်ချက်မှ မရှိတဲ့ဘ၀မျိုးထက်စာရင် မျှော်လင့်ချက်တစ်ခုခုနဲ့ အသက်ရှင်နေရတဲ့ဘ၀က ပိုပြီး အဓိပ္ပာယ်ရှိတာပေါ့။ ဒါပေမယ့်လည်း မျှော်လင့်ချက်ထားတာတွေ အရမ်းများနေပြီဆိုရင်တော့ ဘ၀က အဓိပ္ပာယ်ရှိတာ၊မရှိတာထက် ပျော်စရာမကောင်းတော့တဲ့ဖက်ကို ရောက်သွားတတ်တယ်။ အထူးသဖြင့် မျှော်လင့်ချက်တွေအများကြီး ထားမိသူတွေက ဒီဆိုးကျိုး(၃)ခုကို ကျိန်းသေပေါက် ရင်ဆိုင်ရပါလိမ့်မယ်…။

(၁)။ စိတ်ကူးယဉ်ရင်းနဲ့အချိန်တွေကုန်နေတတ်တယ်

ကိုယ့်ရဲ့မျှော်လင့်ချက်တွေအကြောင်း စဉ်းစားနေရင်းနဲ့ပဲ အချိန်တွေကုန်သွားတာမျိုးလည်း ဖြစ်တတ်တယ်။ တစ်နေ့ကျရင် ဘယ်လိုလုပ်မယ်၊ ဘယ်လိုဖြစ်လာမယ်၊ ဘယ်လိုနေမယ်၊ စသဖြင့် စိတ်ကူးတွေ ၊ မျှော်လင့်ချက်တွေကြားမှာ မျောပါနေတတ်ပြီး လက်တွေ့နဲ့ဝေးကွာသွားတာမျိုးလည်း ဖြစ်တတ်တယ်။ အကောင်းဆုံးကတော့ ကိုယ့်မျှော်လင့်ချက်တွေကို ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုချဉ်းကပ်မလဲဆိုတာတွေးရင်း တစ်ဆင့်ချင်း သွားဖို့ပါပဲ။

aabeele/Shutterstock

(၂)။ မျှော်လင့်ချက်တွေဖြစ်လာပါ့မလားလို့တွေးပူမိတတ်တယ်

တစ်ခါတလေကျရင် ကိုယ့်မျှော်လင့်ချက်တွေအတိုင်း ဖြစ်လာပါ့မလားဆိုပြီး တွေးပူမိနေတာကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခပေးနေသလိုပါပဲ။ ကိုယ်က အများကြီးမျှော်လင့်ထားပြီး အဲဒါတွေက တစ်ခုမှ ဖြစ်မလာသေးတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရတွေဖြစ်၊ တွန်းအားတွေ ပေးမိပြီး နေရထိုင်ရတာ အဆင်မပြေပဲဖြစ်လာတတ်တယ်။

READ
မင်္ဂလာဆောင်မှာ ဧည့်သည်လုပ်မယ်ဆိုရင် လုံးဝ အဖြူရောင် ၀တ်မသွားသင့်တဲ့အကြောင်း
aabeele/Shutterstock

 

(၃)။ မျှော်လင့်ထားသမျှ ဖြစ်မလာတဲ့အခါ မိုက်မိုက်မဲမဲတွေ လုပ်မိတတ်တယ်

ကိုယ်မျှော်လင့်ထားတာတွေက လုံးဝကို ဖြစ်မလာနိုင်တော့ဘူး၊ ပျက်စီးသွားပြီလို့ သိလိုက်ရတဲ့အချိန်မှာ ဘယ်သူမဆို ခံစားကြရတာပါပဲ။ မျှော်လင့်ချက်တွေက ကြီးမားပြီး အားကောင်းလေလေ ကိုယ်လည်း ပိုပြီးခံစားရလေပေါ့။ ဒီတော့ မျှော်လင့်ချက်တွေအများကြီး ထားမိသူတွေက သူတို့မျှော်လင့်တာတွေ လုံးဝ ပျက်စီးသွားပြီလို့ သိလိုက်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ဖြစ်တဲ့အထိ မိုက်မိုက်မဲမဲတွေ လုပ်တတ်ကြတယ်။ သူတို့စိတ်ထဲမှာလည်း အဲဒီလိုလုပ်လိုက်တာက သူတို့အတွက် ပိုပြီးထိုက်တန်တယ်လို့ ခံစားကြရတယ်။

Bobex-73/Shutterstock

ဒီတော့ မျှော်လင့်ချက်ထားတာကောင်းပါတယ်။ ဘာကိုပဲဖြစ်ဖြစ် အလွန်အကျွံတော့ မမျှော်လင့်မိစေနဲ့ပေါ့။ ပေါ့ပေါ့ပါးပါး မျှော်လင့်ချက်လေးတွေနဲ့ ချီတက်ကြပါစို့နော်…။

Linn

SHARE