သင့်ရဲ့နေ့စဉ်ဘ၀ကို ပျင်းရိနေပြီဆိုရင် ဒီလိုမျိုးလေးတွေ လုပ်ကြည့်သင့်တယ်

LightField Studios/Shutterstock

တစ်နေ့တစ်နေ့ မနက်အိပ်ယာနိုးတာနဲ့အလုပ်သွား၊ ပြီးရင် ပြန်လာပြီး အိမ်အလုပ်တွေလုပ်၊ အိပ်ယာဝင်၊ မနက်ကျရင် အလုပ်ပြန်သွားနဲ့ သံသရာတွေ လည်နေကြရတာပါပဲ။ ပိတ်ရက်တွေကျရင်လည်း လူမှုရေးကိစ္စတွေ၊ ရုံးက မပြီးသေးတဲ့အလုပ်တွေ၊ သင်တန်းတွေနဲ့ လည်နေလိုက်တာ ပျော်စရာဆိုတာ ဘာမှန်းတောင်မသိတော့တာမျိုး ဖြစ်လာနိုင်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘ၀ကို စိတ်ကုန်လာတတ်ကြပါတယ်။

အလုပ်သွားရမှာ ပျင်းလိုက်တာ၊ အိမ်မှာနေနေရတာပျင်းလိုက်တာ…စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိနေတဲ့ အသံမျိုးက ကိုယ့်ရဲ့နေ့စဉ်ဘ၀ကို ပျင်းရိနေပြီဖြစ်ကြောင်း သိသာတဲ့ အချက်ပေးမှုပဲ ဖြစ်ပြီး အဲဒီလို ခံစားနေရပြီဆိုရင် အပြောင်းအလဲဖြစ်သွားအောင် ဒီလိုမျိုးလေးတွေ လုပ်ကြည့်သင့်တယ်။

(၁)။ ခရီးတိုလေးတွေသွားမယ်

အလုပ်ပိတ်ရက်တွေမှာ သွားလို့ရတဲ့ခရီးတိုလေးတွေ၊ ဒါမှမဟုတ် အလုပ်ကနေ တစ်ရက်လောက် ခွင့်ယူပြီးသွားလို့ရတဲ့ ခရီးတိုလေးတွေကို သွားဖို့ ကြိုးစားကြည့်ပါ။ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့အတူ သင့်ရဲ့စိတ်ကလည်း လွတ်လပ်ပျော်ရွှင်သွားမှာဖြစ်ပြီး ပျင်းရိလေးလံနေတဲ့စိတ်ကို ပြေပျောက်သွားစေပါလိမ့်မယ်။

READ
မိဘအဖိုးအဖွားများနှင့် အချိန်ပေး အတူနေထိုင်ခြင်းဟာ သူတို့ကို ကျန်းမာအသက်ရှည်စေ
Africa Studio/shutterstock

(၂)။ အိမ်မှာချည်းမနေပါနဲ့

အလုပ်က ပြန်လာတော့လည်း ပင်ပန်းလို့ဆိုပြီး ဘယ်မှမသွား၊ ပိတ်ရက်တွေကျပြန်တော့လည်း ပျင်းတယ်ဆိုပြီး ဘယ်မှမသွားနဲ့ အိမ်မှာချည်းပဲ ကုပ်နေတာက လူကို ပိုပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ ညဖက်အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်တာမျိုး၊ သွားသောက်တာမျိုး၊ ညစာစားတာမျိုး စသဖြင့် အပြောင်းအလဲလေးတွေ လုပ်ပြီး အပြင်ထွက်နိုင်ဖို့ ကြိုးစားပါ။ ပိတ်ရက်တွေဆိုလည်း အိမ်အလုပ်တွေပြီးတာနဲ့ အပြင်သွားဖို့ သူငယ်ချင်းတွေနဲ့ ချိန်းပါ။ အိမ်မှာချည်းပဲ အချိန်ဖြုန်းနေတာမျိုးလျော့ပါနော်။

Africa Studio/shutterstock

(၃)။ မိတ်ဆွေသစ်တွေရှာပါ

အွန်လိုင်းကနေ ခင်မင်လာတဲ့ မိတ်ဆွေသစ်တွေပဲဖြစ်ဖြစ်၊ အိမ်နီးချင်းအသစ်တွေနဲ့ မိတ်ဖွဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းတူ သူငယ်ချင်းတွေရှာတာပဲဖြစ်ဖြစ် သင့်အတွက် မိတ်ဆွေသစ်တွေရလာတာက ပျင်းရိမှုကို လျော့ပါးစေပါတယ်။ အနည်းဆုံးတော့ မိတ်ဆွေသစ်တွေအတွက် သင် အချိန်ပေးရမှာဖြစ်ပြီး သင့်ရဲ့ပျင်းဖို့ကောင်းတဲ့အချိန်တွေကို သူတို့ကြောင့် လျော့ပါးသွားစေနိုင်ပါလိမ့်မယ်။

READ
နောက်ကျမှအိပ်တတ်သူတွေဟာ အသက်တိုနိုင်ကြောင်း လေ့လာချက်သစ်တစ်ခုကဆို
LightField Studios/Shutterstock

(၄)။ ကိုယ်လုပ်ချင်တာတွေကိုစိတ်ထဲမှာသိမ်းမထားနဲ့

ကိုယ်က ဂီတပွဲတစ်ခုခုကို သွားချင်နေတယ်၊ ရုပ်ရှင်ကားအသစ်တင်တာကို ကြည့်ချင်နေတယ်၊ စားသောက်ဆိုင်အသစ်မှာစားချင်နေတယ် စသဖြင့် ကိုယ့်စိတ်ထဲမှာ လုပ်ချင်နေတဲ့ဆန္ဒတွေကို ချိုးနှိမ်မထား၊ သိမ်းဆည်းမထားပဲ အကောင်အထည်ဖော်ပစ်လိုက်ပါ။ ကိုယ်နဲ့အတူ လိုက်ပေးမယ့် သူငယ်ချင်းတွေ မအားဘူးဆိုရင်တောင်မှ တစ်ယောက်တည်း ဖြစ်အောင်လုပ်ပါ။ စိတ်ထဲမှာ သိမ်းထားတဲ့ လုပ်ချင်တာတွေများလာရင် ကိုယ့်ကိုယ်ကိုယ် ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်လာပြီး နေရတာ ပိုပြီး ငြီးငွေ့လာပါလိမ့်မယ်။

Linn

SHARE