သင်ဟာ စကားပြောကောင်းတဲ့သူတစ်ယောက်ဆိုရင် ဒီအကျိုးကျေးဇူးတွေခံစားရမယ်

Tapui/Shutterstock

သင့်ရဲ့ ပတ်ဝန်းကျင်မှာ စကားပြောကောင်းတဲ့သူတွေ အများကြီးနဲ့ တွေ့ဖူးမှာပါ။ ဒီလိုမှ မဟုတ်ရင်လည်း သင်ကိုယ်တိုင်က စကားပြောကောင်းတဲ့သူတစ်ယောက် ဖြစ်ချင် ဖြစ်နေမှာ။ တချို့ကတော့ ငယ်ငယ်လေးကတည်းက စကားပြောကောင်းကြပြီး သူတို့ စကားပြောတာက ဆွဲဆောင်မှုတစ်ခုလိုတောင် ဖြစ်နေကြတယ်။ တချို့ကျတော့လည်း သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေအရ စကားပြောကောင်းဖို့ လေ့ကျင့်ကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သင်သာ စကားပြောကောင်းတဲ့သူတစ်ယောက် ဆိုရင် ဒီလို အကျိုးကျေးဇူးတွေကို ရရှိမှာ အသေအချာပဲပေါ့။

(၁)။ လူချစ်လူခင်ပေါတယ်

စကားပြောကောင်းတဲ့သူအများစုက လူချစ်လူခင် ပေါတတ်ကြပါတယ်။ သူတို့က ကျန်တဲ့နေရာတွေသာ မတော်ချင်နေမယ်၊ စကားပြောကောင်းကြသူတွေဆိုတော့ သူတို့နဲ့တွေ့တာနဲ့ကို လူတွေက စကားပြောချင်ကြတာ။ သူတို့က လူတွေကြိုက်အောင် ဘယ်လိုပြောရမယ်ဆိုတာ ကောင်းကောင်းသိကြတာဆိုတော့ လူချစ်လူခင်ပေါတာက အထူးအဆန်းမဟုတ်ဘူးပေါ့။

Monkey Business Images/Shutterstock

(၂)။ တခြားသူတွေရဲ့ယုံကြည်မှုကိုရတယ်

READ
ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်သူတွေသာရမယ့် ကောင်းကွက်လေးတွေ

စကားပြောကောင်းတဲ့သူတစ်ယောက်နဲ့ ပုံမှန်လူတစ်ယောက်ကို ယှဉ်ကြည့်လိုက်ပါ။ စကားပြောကောင်းတဲ့သူတွေကိုပဲ လူတွေက ပိုပြီး ယုံကြည့်ကြတာပါ။ သူတို့က လူတွေကို ယုံအောင် စကားလုံး လှလှလေးတွေ သုံးပြီး ပြောတတ်ကြတယ်လေ။ တကယ်မဟုတ်တဲ့ အကြောင်းအရာတွေကို ပြောနေရင်တောင်မှ သူတို့ စကားပြောကောင်းပုံကြောင့် အဲဒါတွေက တကယ်ဖြစ်ခဲ့တာလို့ လူတွေက ယုံကြတယ်။

Monkey Business Images/Shutterstock

(၃)။ မြန်မြန်ဆန်ဆန်စီးပွားဖြစ်တယ်

စကားပြောကောင်းသူတွေက စီးပွားရေးလုပ်ငန်းတွေမှာလည်း အမြဲလိုလို သူများတွေထက် ခြေတစ်လှမ်းသာလေ့ရှိကြပါတယ်။ အကြောင်းရင်းကတော့ သူတို့က ဖောက်သည်တွေကို ၀ယ်ချင်အောင် ဆွဲဆောင်နိုင်တယ်၊ လူတွေ ဘယ်လိုကြိုက်အောင် ပြောရမယ်ဆိုတာ ကောင်းကောင်းသိတယ်လေ။ ဒီနေ့ခေတ် စီးပွားရေးသမားတွေကို ကြည့်ရင် သိမှာပါ။ သူတို့ထဲမှာ အများစုက စကားပြောကောင်းသူတွေချည်းပဲ။

Tapui/Shutterstock

(၄)။ ကိုယ့်ကိုယ်ကိုယ်အမြဲယုံကြည်မှုရှိတယ်

စကားပြောကောင်းတဲ့သူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိနေတတ်တယ်။ သူတို့က ရှေ့ထွက်ရမှာ မကြောက်တဲ့သူမျိုးတွေဖြစ်ပြီး၊ ရှက်နေတာမျိုး၊ စိုးရိမ်နေတာမျိုးလည်း မရှိတတ်ကြဘူး။ အခမ်းအနားတစ်ခုမှာ စကားပြောဖို့၊ ပွဲတစ်ခုခုမှာ စကားပြောဖို့ တောင်းဆိုလာပြီဆိုရင် သူတို့ဆီမှာ ပြောစရာစကားအဆင်သင့် ရှိနေတတ်ကြတယ်။ အဲဒီလိုလူတွေက သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကြောင့် ဘ၀မှာ မြန်မြန်ဆန်ဆန်အောင်မြင်လာတတ်ကြပါတယ်။

READ
ခွေးနဲ့ကြောင်ကို တပြိုင်တည်းမွေးမယ်ဆိုရင် မဖြစ်မနေ သိထားသင့်တာလေးတွေ…

Linn

SHARE