ဒီလိုလူမျိုးတွေ သူငယ်ချင်းထဲမှာရှိနေရင် အမြန်ဆုံးစွန့်လွှတ်လိုက်ပါ

StockSnap/Pixabay

သင့် သူငယ်ချင်းတွေအကြောင်း ပြောပြပါဦး။ သူတို့က သင့်ကို တကယ်ရော ချစ်ကြရဲ့လား။ ဒါမှမဟုတ် သူတို့က ချစ်တော့ချစ်ပါရဲ့ သင်စိတ်ညစ်အောင်၊ စိတ်ပူအောင် တစ်ချိန်လုံး လုပ်နေတတ်တဲ့သူတွေလား။ တကယ်လို့သာ သင့်သူငယ်ချင်းတွေထဲမှာ အောက်ပါအချက်တွေနဲ့ ကိုက်ညီနေတဲ့သူတွေရှိနေတယ်ဆိုရင် ဘာမှမစဉ်းစားမနေပဲ အမြန်ဆုံး စွန့်လွှတ်လိုက်ပါလို့ အကြံပြုချင်ပါတယ်နော်…။

(၁)။ သင့်ကိုလိုက်ပြိုင်နေတဲ့သူ

သင့်ရဲ့အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ စသဖြင့် သင်တစ်ခုခု သုံးလိုက်ပြီဆိုတာနဲ့ သူလည်းချက်ချင်းဝယ်သုံးတာမျိုး၊ ဒါမှမဟုတ် သင် မသုံးဖူးသေးတဲ့ဟာတွေကို သုံးပြပြီး ကြွားလုံးထုတ်ပြတာမျိုး။ အချိန်ကြာလာတာနဲ့အမျှ ဒီလို အပြုအမူတွေဟာ သင့်ကို ပြိုင်ဆိုင်နေတာပါလားဆိုပြီး သင်သိလာမယ်၊ စိတ်ရှုပ်လာမယ်။ စတာတွေကို ခံစားရမှာပါ။ ဒီတော့ ကိုယ့်ကို လိုက်ပြိုင်နေတယ်လို့ ခံစားရရင် ဒီလိုသူငယ်ချင်းမျိုးနဲ့ အမြန်ဆုံးလမ်းခွဲလိုက်တာပဲ ပိုကောင်းပါလိမ့်မယ်။

READ
အဆိုးမြင်ခြင်းကိုရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်း(၅)မျိုး
StockSnap/pixabay
(၂)။ သင့်အကြောင်းကို ပြန်ပြီးဖောက်သည်ချတတ်သူ

သင့်ကွယ်ရာမှာ သင့်အကြောင်း တခြားတစ်ယောက်ဆီ ပြောနေတဲ့ သူငယ်ချင်းမျိုးကိုရော သင်လိုချင်ပါ့မလား။ သင့်အနေနဲ့ သူ့ကိုတစ်ခုခု ရင်ဖွင့်လိုက်ပြီဆိုတာနဲ့ သင့်အကြောင်းကို တခြားတစ်ယောက်ဆီ ပြောပြပြီးသား ဖြစ်နေတယ်ဆိုရင် သင် စိတ်ညစ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် သူ့ကိုရင်ဖွင့်လို့မရဘူးဆိုတာလည်း သင် နားလည်သွားလိမ့်မယ်။

(၃)။ သူ့ကိုပဲလိုက်ထိန်းနေရတယ်

သူငယ်ချင်းတွေ အပြင်ထွက်ကြပြီ၊ လျှောက်လည်ကြပြီဆိုရင် ကလေးတစ်ယောက်လို လိုက်ထိန်းနေရတဲ့ သူငယ်ချင်းမျိုးကိုရော သင်ကြာရှည် လက်တွဲချင်ပါ့မလား။ အစပိုင်းမှာတော့ သင့်အနေနဲ့ သည်းခံနိုင်ကောင်း သည်းခံနိုင်မှာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့ကို သင်စိတ်ကုန်လာမှာပါ။

Free-Photos/Pixabay
(၄)။ သူ့ပြဿနာတွေက ကိုယ့်ဆီကိုအမြဲလာတယ်

သင်က အေးအေးဆေးဆေးနေတတ်သူတွေ ဖြစ်ပေမယ့် သူ့ရဲ့ပြဿနာတွေကို အမြဲ လိုက်ရှင်းပေးနေရတာမျိုး ကြုံဖူးမှာပါ။ သင့်ရဲ့နာမည်ကိုသုံးပြီး ပြဿနာတွေဖန်တီးတာမျိုး၊ ဒါမှမဟုတ် သူ့ရဲ့ပြဿနာတွေကို ဘေးကနေ အမြဲလိုက်ရှင်းပေးနေရတာမျိုး တွေက တကယ်ပဲ စိတ်ပျက်စရာကောင်းမှာဖြစ်ပြီး ဒီလိုသူငယ်ချင်းမျိုးကို ဝေးဝေးက ရှောင်တာ အကောင်းဆုံးပါ။

READ
ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့မျက်လုံးကို စိုက်ကြည့်ခြင်းရဲ့ အဓိပ္ပါယ်
(၅)။ ကိုယ်ကပဲ အမြဲပေးနေရတယ်

တစ်ခုခုသွားစားပြီဆိုရင် သင်ကပဲ အမြဲရှင်းရတယ်၊ ဒါမှမဟုတ် သင်တစ်နေရာသွားတိုင်း တစ်ခုခုအမြဲမှာတတ်တယ်။ သူ့အလှည့်ကျတော့ မသိချင်ယောင်ဆောင်နေတတ်တဲ့သူမျိုး။ အဲလို သူငယ်ချင်းမျိုးဆိုရင်ရော သင် ကြာကြာလက်တွဲချင်ပါ့မလား။ အချိန်ကြာလာတာနဲ့အမျှ တွက်ကပ်ချင်တဲ့စိတ်တွေ သင့်ဆီမှာ ပေါ်ပေါက်လာမှာဖြစ်ပြီး သူ့ကိုရှောင်ဖယ်လာချင်မိမှာ အသေအချာပါပဲ။

StockSnap/Pixabay

Linn

SHARE