ပွေ့ဖက်ပြီး အိပ်စက်ခြင်းကနေရရှိမယ့် ကောင်းကျိုး(၅)မျိုး

Roman Samborskyi/Shutterstock

မိုးအေးအေးလေးနဲ့ အိပ်ကောင်းတဲ့ရာသီမှာ ဒီလိုဆောင်းပါးလေး ဖတ်လိုက်ရတာ လုံးဝ အနှစ်ပဲနော်။ တစ်ယောက်ယောက်ကို ဖက်အိပ်ဖို့အကြောင်း တွေးနေရုံပဲ။ သင့်မှာ ဖက်အိပ်ရမယ်သူ ရှိတယ်ဆိုရင် ဒီအချက်လေးတွေကို ဖတ်ပြီး ကျေကျေနပ်နပ်ကြီး ပြန်အိပ်လိုက်ပါ။

တကယ်လို့သာ ဖက်အိပ်ရမယ့်သူမရှိဘူးဆိုရင်တော့ ဒီအချက်တွေကိုဖတ်ပြီး သူများတွေ ဘယ်လိုသာယာနေကြသလဲဆိုတာ အားကျနေလိုက်ပေါ့…။

ဘာတွေလဲဆိုတော့….

(၁)။ စိတ်ကျရောဂါကို ကာကွယ်နိုင်တယ်

ပွေ့ဖက်ပြီး အိပ်စက်ကြတဲ့အခါ လူ့ရဲ့ခန္ဓာကိုယ်ကနေ Oxytocin ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပြီး စိတ်ကို ပိုလို့ တည်ငြိမ်လာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကလည်း သက်သောင့်သက်သာရှိပြီး နေလို့ထိုင်လို့ကောင်းသလို ခံစားရစေတယ်။ တီဗီကြည့်ရင်းပဲဖြစ်ဖြစ်၊ အိပ်ယာထဲမှာလဲလျောင်းရင်းပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြတာဟာ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုတွေကို ပြေပျောက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

klublu/Shutterstock
(၂)။ နွေးထွေးမှုကိုခံစားရတယ်

တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားပြီး အိပ်စက်ဖို့ ကြိုးစားကြတယ်ဆိုကတည်းက နှစ်ဦးကြားမှာ နွေးထွေးမှုကို ခံစားရမှာအသေအချာပဲလေ။ ဒီလို အိပ်စက်နည်းမျိုးက လူနှစ်ယောက်ကြားက သံယောဇဉ်ကို ပိုမိုခိုင်မာလာစေသလို ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာစေတယ်လို့ bustle.com က ဖော်ပြပါတယ်။

READ
တက္ကစီငှားစီးတဲ့သူတွေ မကြားချင်ဆုံးစကား(၄)ခွန်း
(၃)။ ပြိုင်တူအသက်ရှူခြင်းကနေ နှလုံးပိုမိုကျန်းမာစေတယ်

မြောက်ကာရိုလိုင်းနားပြည်နယ်ထဲမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး အိပ်စက်ကြသူတွေဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အိပ်စက်ကြသူတွေထက် နှလုံးကျန်းမာရေးပိုကောင်းတာကို တွေ့ရပါတယ်တဲ့။ ဒါက ပြိုင်တူအသက်ရှူခြင်းကနေ ရတဲ့အကျိုးကျေးဇူးတစ်ခုလို့ ဖော်ပြနေကြပြီး ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေထဲက တစ်ခုလို့ ရေးသားကြပါတယ်။

StockLite/Shutterstock
(၄)။ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်

တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး အိပ်စက်ခြင်းက တစ်ယောက်တည်းအိပ်တာထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်တဲ့။ သိပ္ပံပညာရှင်တွေကတော့ နှစ်ယောက်အတူအိပ်ကြတဲ့အခါ လုံခြုံမှုကို ပိုပြီးခံစားရတာကြောင့် သာမန်အချိန်တွေထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတာလို့ ဆိုထားပါတယ်။

(၅)။ နှစ်ယောက်ကြားက လိင်နဲ့ပတ်သက်တဲ့ခံစားမှုကို ပိုမိုအားကောင်းလာစေတယ်

တိုရွန်တိုမှာရှိတဲ့ တက္ကသိုလ်တစ်ခုက (၂၀၁၄)ခုနှစ်မှာ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပြီး နှစ်ဦးသားဖက်အိပ်လေ့ရှိကြတဲ့ စုံတွဲတွေဟာ လိင်ဆက်ဆံမှုတွေ၊ လိင်နဲ့ပတ်သက်တဲ့ ခံစားမှုတွေမှာ တခြားသူတွေထက် ပိုမိုအားကောင်းတာကို တွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေကတော့ ခန္ဓာကိုယ်ချင်း ထိကပ်နေတဲ့အခါ လိင်စိတ်ကို ပိုမိုအားကောင်းလာစေပြီး နှစ်ယောက်ကြားက ခံစားမှုကို ပိုမိုမြင့်တက်လာစေတယ်လို့ဆိုပါတယ်။

READ
အသက် ၂၀ တုန်းကထက်တောင် လှနေတဲ့ ၄၁ အရွယ် မိခင်တစ်ယောက်ရဲ့ secret
Roman Samborskyi/Shutterstock

Linn

Ref : bustle.com

SHARE