အိပ်ရေးမ၀လို့ ခေါင်းမကြည်သူတွေအတွက် အမြန်ဆုံးအဆင်ပြေစေမယ့်နည်းလမ်းများ

Shutterstock

ညဖက်တွေမှာ အိပ်ယာဝင်နောက်ကျတာပဲဖြစ်ဖြစ်၊ အိပ်မပျော်တာပဲဖြစ်ဖြစ် မနက်ဖက်မှာ အိပ်ရေးမ၀ပဲ ထလာရပြီဆိုရင် စိတ်မကြည်တာမျိုး၊ ဒါမှမဟုတ် ခေါင်းမကြည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်ရပြီ၊ ခေါင်းမကြည်ဖြစ်နေပြီဆိုရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

(၁)။ ကိုယ်နှစ်ခြိုက်တဲ့ တီးလုံးသံကို နှိုးစက်နာရီမှာထားပါ

မနက် အိပ်ယာထချိန်မှာ ကိုယ်ကြားလိုက်ရတဲ့ နှိုးစက်သံက ကိုယ်နှစ်ခြိုက်သဘောကျတဲ့ အသံမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ဆူဆူညံညံအသံမျိုးကြီးကို နှိုးစက်မှာ ပေးထားတယ်ဆိုရင် အဲဒီအသံကြောင့် ကိုယ်နိုးကောင်း နိုးမှာဖြစ်ပေမယ့် စိတ်ထဲမှာတော့ ကြည်ကြည်လင်လင်ရှိမှာမဟုတ်ပါဘူး။ ဒီတော့ ပထမဆုံးအဆင့်အဖြစ် ကိုယ်ကြိုက်တဲ့အသံလေးကို နှိုးစက်သံအဖြစ် ပြောင်းလဲထားလိုက်ပါ။

(၂)။ ရေအေးနဲ့ချိုးပါ

READ
သူမသင့်ကိုအရမ်းချစ်နေပြီဆိုတာ သိနိုင်တဲ့အချက်(၅)ချက်

မနက်ဖက် အိပ်ရေးမ၀လို့ စိတ်မကြည်ဖြစ်နေချိန်မှာ ရေနွေးနဲ့ရေချိုးတာထက် ရေအေးနဲ့ချိုးတာက ခန္ဓာကိုယ်ကို ပိုပြီး တက်ကြွစေပါတယ်။ ရေအေးနဲ့ချိုးခြင်းက သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတာမို့ ရေအေးအေးနဲ့ မနက်စောစောချိုးကြည့်ဖို့ တိုက်တွန်းပါတယ်။

(၃)။ မနက်စာတစ်ခုခုကို မြန်မြန်စားလိုက်ပါ

မနက်ဖက် နိုးလာပြီး မကြာခင်မှာ အသီးအနှံတစ်ခုဖြစ်ဖြစ်၊ ပေါင်မုန့်၊ ဒါမှမဟုတ် ကိတ်မုန့်တစ်ခုခုဖြစ်ဖြစ် မြန်မြန်လေး စားလိုက်တာကလည်း စိတ်ဖိစီးမှုတွေကို အနည်းငယ်လောက် လျော့ချပေးနိုင်ပါတယ်။ သင့်ရဲ့ မကြည်မလင်ဖြစ်နေတဲ့ စိတ်တွေအတွက် အစားလေးနည်းနည်းကို ခပ်သွက်သွက်စားကြည့်လိုက်ပါ။

(၄)။ သင်အကြိုက်ဆုံးအရာတစ်ခုကို လုပ်ပါ

READ
တီထွင်ဖန်တီးမှူအပြည့်နဲ့ အလန်းတကာ့ အလန်းဆုံး မင်္ဂလာဖိတ်စာများ

သင်က အလုပ်သွားခါနီး နှုတ်ခမ်းနီကို အချိန်ယူပြီး လှလှလေး ဆိုးတတ်တဲ့သူမျိုးဆိုရင် အဲဒါကို လုပ်ဖို့ မမေ့ပါနဲ့။ ဒါမှမဟုတ် အအေးတစ်ခွက်ကို ပုံမှန်သောက်တတ်တဲ့သူ၊ ကိုယ်တိုင်ကြက်ဥကြော်ရမှ ကျေနပ်တဲ့သူဆိုရင် အဲဒါကို ကိုယ်တိုင်လုပ်ဖို့ မမေ့ပါနဲ့။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်တစ်ခုကို ကိုယ်တိုင်လုပ်ခြင်းက မနက်စောစောမှာ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါလိမ့်မယ်။

(၅)။ တက္ကစီ စီးပါ

အိပ်ချင်လို့ စိတ်မကြည်ဖြစ်နေတဲ့အချိန်မှာ ဘတ်စ်ကားစီးတာထက် တက္ကစီစီးတာက ပိုပြီး သင့်လျော်ပါတယ်။ ဘတ်စ်ကားပေါ်မှာဆိုရင် လူပေါင်းစုံနဲ့ ဆုံရမှာဖြစ်ပြီး အချိုးမပြေတဲ့လူမျိုးနဲ့ကြုံရရင် စိတ်မကြည်တာက နှစ်ဆတိုးသွားမှာပါ။ ဒီတော့ တက္ကစီလေးနဲ့ပဲ ကိုယ်သွားချင်တဲ့ခရီးကိုသွားရင်း လမ်းဘေးက မြင်ကွင်းလေးတွေ ငေးမောသွားတာ အကောင်းဆုံးပါပဲ။

Linn

SHARE