ခရီးသွားခြင်းကနေ သင်ရရှိမယ့်အကျိုးကျေးဇူး(၅)ခု

asmuSe/Pixabay

သင်က ခရီးသွားရတာကိုကြိုက်သူတစ်ယောက်လား။ ဒါမှမဟုတ် ခရီးတွေသွားဖို့တွေးထားပေမယ့် အလုပ်တွေများလွန်းလို့ မသွားနိုင်ဖြစ်နေသူလား။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ဖို့၊ အပန်းပြေဖို့ဆိုရင် ခရီးသွားတာက အကောင်းဆုံးအလုပ်ပါ။ သင့်အနေနဲ့ ခရီးသွားခြင်းကနေ အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပြီး အဲဒါတွေက ဘာတွေလဲလို့ သိချင်ရင်တော့ အောက်မှာဖတ်ကြည့်လိုက်ပါနော်။

(၁)။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်

သင့်အနေနဲ့ အလုပ်ထဲမှာ၊ ဒါမှမဟုတ် မိသားစုအတွက် စိတ်ဖိစီးမှုတွေအရမ်းခံနေရတယ်ဆိုရင် ခရီးတစ်ခုခုသာ ထွက်လိုက်ပါ။ သင့်ရဲ့လက်ရှိပတ်ဝန်းကျင်နဲ့  ဝေးကွာသွားစေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အဓိက အကြောင်းရင်းပဲဖြစ်ပြီး သင့်အနေနဲ့လည်း ကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ခေါင်းအေးအေးနဲ့ ပြန်လည်သုံးသပ် စဉ်းစားလာနိုင်ပါလိမ့်မယ်။

Pexels/Pixabay
(၂)။ မိတ်ဆွေကောင်းတွေကို ပိုင်ဆိုင်စေတယ်

လူတစ်ယောက်အကြောင်းကို သိချင်ရင် သူနဲ့ခရီးတစ်ခုလောက် အတူသွားကြည့်လိုက်ပါတဲ့။ သင်လည်း ခရီးသွားခြင်းကနေ မိတ်ဆွေကောင်းကဘယ်သူ၊ ကိုယ့်အပေါ်မကောင်းတဲ့သူက ဘယ်သူဆိုတာ ခွဲခြားသိလာမှာဖြစ်ပြီး မိတ်ဆွေကောင်းနဲ့မိတ်ဆွေတုကို ခွဲခြားပြီးသား ဖြစ်သွားမှာပါ။

READ
ကားတစ်စီးဝယ်မယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့အချက်များ
(၃)။ ပြဿနာဖြေရှင်းနိုင်စွမ်း မြင့်မားလာမယ်

ခရီးတစ်ခုသွားတယ်ဆိုတာ အမြဲတမ်းအဆင်ပြေပြေကြီးတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ တစ်ကိုယ်တော်ခရီးသွားတဲ့အချိန်၊ အဲဒီခရီးမှာ ပြဿနာတစ်စုံတစ်ခုနဲ့ ရင်ဆိုင်ရတယ်ဆိုရင် သင်တစ်ယောက်တည်း ဖြေရှင်းရတော့မှာလေ။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ပြီဆိုတာနဲ့ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာမှာဖြစ်ပြီး ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိုလို့နားလည်လာမှာပါ။

Pexels/Pixabay
(၄)။ ပိုပြီးစိတ်ရှည်လာတယ်

ခရီးသွားတယ်ဆိုတာ ကိုယ်စီစဉ်ထားသလို အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်တာမျိုးလေ။ ကားနောက်ကျတာမျိုး၊ လေယာဉ်မမီလိုက်တာမျိုး၊ ကိုယ်သွားချင်တဲ့ခရီးကို ရာသီဥတုကြောင့်စောင့်ဆိုင်းနေရတာမျိုး စတာတွေက သင့်ကို အရင်ထက်ပိုပြီး စိတ်ရှည်လာပါလိမ့်မယ်။ ဒါ့အပြင် သူစိမ်းတွေကြား၊ ကိုယ်မသိတဲ့ ဒေသခံတွေအကြားမှာ သင်ရဲ့သည်းခံနိုင်စွမ်းက ပိုလို့မြင့်မားလာမှာပါ။

JESHOOTS-com/Pixabay
(၅)။ ပိုက်ဆံကို ကောင်းကောင်းစီမံခန့်ခွဲလာနိုင်တယ်

တချို့ကတော့ ခရီးသွားတယ်ဆိုတာ ပိုက်ဆံက အဓိက  မဟုတ်ပေမယ့် တချို့အတွက်တော့ ပိုက်ဆံသိပ်မရှိတဲ့ကြားထဲကနေ ခရီးသွားဖို့ ကြိုးစားကြရတာပါ။ ဒီတော့ ခရီးမှာ ပိုက်ဆံအဆင်ပြေပြေဖြစ်နေစေဖို့ ကောင်းကောင်းကြီး စီမံခန့်ခွဲရတော့မယ်မဟုတ်လား၊။ မလိုတာတွေမ၀ယ်ဘူး၊ ဈေးကြီးတာတွေမစားဘူး၊ လက်ဆောင်တွေအများကြီးမ၀ယ်ဘူး စသဖြင့် ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ ကောင်းကောင်းကြီးနားလည်လာမှာဖြစ်ပြီး အဲဒါကပဲ ခရီးသွားခြင်းကနေ ရတဲ့ လက်ဆောင်တစ်ခု ဖြစ်လာမှာပါ။

READ
လူတွေဟာ လူအချင်းချင်းထက် တိရစ္ဆာန်တွေကို ပိုချစ်တတ်ကြကြောင်း လေ့လာတွေ့ရှိ

Linn

 

SHARE