အချိန်ခဏလေးနဲ့ မွဲပြာကျသွားတတ်တဲ့ စီးပွားရေးသမား(၃)မျိုး

Chayantorn Tongmorn/Shutterstock

ပိုက်ဆံလေး နည်းနည်းစုမိလို့ ၊ ဒါမှမဟုတ် မိဘက အရင်းအနှီးထုတ်ပေးလို့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ စဉ်းစားနေပြီလား။ တကယ်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာ လွတ်လပ်မှုရှိတယ်လို့ပြောကြပေမယ့် လွယ်တယ်တော့မဟုတ်ပါဘူး။ အခန့်မသင့်ရင် ကိုယ့်ပိုက်ဆံတွေအများကြီး ဆုံးရှုံးသွားနိုင်တာကိုး။ အထူးသဖြင့် အောက်မှာပါတဲ့ ပုံစံ(၃)မျိုးနဲ့ စီးပွားရေးလုပ်ဖို့ ကြိုးစားသူတွေက အချိန်ခဏအတွင်းမှာပဲ ခွက်ခွက်လန်အောင် ရှုံးသွားတတ်တယ်။ အဲဒါက ဘယ်လိုလူမျိုးတွေလဲဆိုတော့…….

(၁)။ စိတ်အထင်နဲ့ အရောင်းအ၀ယ်လုပ်တဲ့သူ

တိကျတဲ့ သတင်းအချက်အလက်ကို အခြေမခံပဲနဲ့ စိတ်ထဲရှိတဲ့အတိုင်း လုပ်နေတတ်တဲ့သူမျိုးက တကယ့်ကို အန္တရာယ်ရှိပါတယ်။ မြေဈေးတွေတက်မယ်ထင်လို့ မြေကွက်တွေဝယ်ထား၊ တကယ်တမ်းမှာတော့ မြေဈေးတွေက တက်မလာ။ ဒေါ်လာဈေးတက်မယ်ထင်လို့ ဒေါ်လာတွေဝယ်ထား။ တကယ်တမ်းကျတော့ ဒေါ်လာဈေးက ကျတောင်ကျသွားသေး။ ဖြစ်လာနိုင်မယ့်အခြေအနေတွေကို သေချာမတွေးပဲ ကိုယ့်စိတ်ထဲမှာ ထင်နေတဲ့အတိုင်း လိုက်လုပ်နေတဲ့သူမျိုးက ပိုက်ဆံတွေဆုံးရှုံးနိုင်ဖို့ အခွင့်အရေးများတယ်ဆိုတာ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။

READ
Millennials အများစုမသုံးဖြစ်တော့တဲ့ နေ့စဉ်သုံးပစ္စည်းများ
ShotPrime Studio/Shutterstock
(၂)။ ပိုက်ဆံအားကိုးနဲ့ မိုက်တဲ့သူ

ကိုယ့်ဆီမှာ ပိုက်ဆံအများကြီးရှိနေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာပဲ ရွှေဈေးတွေက တက်လာတယ်။ ဒီတော့ ရွှေတွေဝယ်စုထားမယ်၊ ပြီးရင် ပြန်ရောင်းမယ်ဆိုပြီး ၀ယ်ပါလေရော။ ဒါပေမယ့် ရွှေဈေးက မတက်တဲ့အပြင် ပိုပြီးတော့တောင် ကျလာတယ်။ ကျလာပေမယ့်လည်း ဘာဖြစ်လဲ၊ ငါ့မှာပိုက်ဆံရှိတာပဲဆိုပြီး ထပ်ဝယ်၊ ဈေးကထပ်ကျ။ ဒီလိုနဲ့ ပိုက်ဆံအားကိုးနဲ့မိုက်ရင်း နောက်ဆုံးကျ အရှုံးကြီးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်တာမို့ ပိုက်ဆံရှိတိုင်းလည်း စွတ်လုပ်လို့မရပါဘူး။

dotshock/Shutterstock
(၃)။ ရှိတဲ့ အရင်းအနှီးလေးကုန်မှာ ကြောက်နေတဲ့သူ

ကိုယ့်မှာရှိတဲ့ အရင်းအနှီးလေးက သိပ်မများတဲ့အခြေအနေ၊ စီးပွားရေးကလည်းလုပ်ချင်။ ဘာလုပ်ရမှန်းလည်းမသိ။ လုပ်လိုက်လို့ ရှုံးမှာကိုလည်းကြောက်။ ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးတွေဖြစ်။ တကယ်တမ်းလုပ်လိုက်မိတော့လည်း ပိုက်ဆံနည်းနည်းလေး ရှုံးလိုက်တာနဲ့ ဆက်မလုပ်တော့ပဲ ရပ်။ ဒီလိုလူမျိုးတွေကလည်း ရှိတဲ့ပိုက်ဆံလေးတွေ ကုန်သွားဖို့ အလားအလာရှိသူတွေပါ။ စီးပွားရေးလုပ်တယ်ဆိုတာ အရမ်းစွန့်စားလို့မရသလို၊ အရမ်းလည်းကြောက်နေလို့မရပါဘူး။ ကြောက်နေရင်တော့ ဘာမှဖြစ်မလာပဲ ရှိတာလေးတွေတောင် ကုန်သွားလိမ့်ဦးမယ်။

READ
ကလေးတွေကို မကောင်းဆိုးဝါးမကပ်နိုင်အောင် မောင်းထုတ်ကြတဲ့ စပိန်ရိုးရာဓလေ့
Pra Chid/Shutterstock

Linn

SHARE