သင့်မှာ နှလုံးရောဂါရှိလာနိုင်ကြောင်း ဖော်ပြနေတဲ့အချက်(၄)ချက်

Photographee.eu/Shutterstock

နှလုံးရောဂါ ဆိုတာ တကယ်ပဲ သတိထားရမယ့် ရောဂါတစ်ခုပါ။ အခန့်မသင့်ရင် စက္ကန့်ပိုင်းအတွင်းမှာပဲ အသက်ဆုံးရှုံးသွားနိုင်တဲ့ ရောဂါမျိုးပေါ့။ လူအများစုကတော့ ကိုယ့်မှာနှလုံးရောဂါ ရှိနေသလား၊ မရှိဘူးလားဆိုတာ သေချာ မသိကြပါဘူး။ အရမ်းကြီး မကျန်းမာတဲ့အခြေအနေတွေဖြစ်လာမှသာ ဆေးစစ်ကြည့်ဖို့ သတိရကြတာဖြစ်ပါ။ ဒီတော့ တစ်ခုခုဆိုရင် ကြိုတင်ကာကွယ်နိုင်မှုတွေ မရှိတော့ဘူးပေါ့။

ကိုယ့်မှာ နှလုံးရောဂါ ရှိ/မရှိ သိရဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လေ့လာကြည့်စေချင်ပါတယ်။

(၁)။ မကြာခဏ ရင်ဘတ်အောင့်တယ်

နေရင်းထိုင်ရင်းနဲ့ ရင်ဘတ်ထဲက အောင့်လာတာမျိုး မကြာခဏကြုံဖူးလား။ ရင်ဘတ်အောင့်တယ်ဆိုတာ တစ်ခါတစ်လေမှာတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တာမျိုးပါ။ ဒါပေမယ့် မကြာခဏ ဆိုသလို စူးပြီး အောင့်နေတယ်ဆိုရင်တော့ ဒါဟာ နှလုံးရောဂါဖြစ်နိုင်တဲ့ လက္ခဏာကို ပြလာတာပါပဲ။ အဲဒီလို အောင့်နေတဲ့အချိန်မှာ အသက်ရှူပါကျပ်လာပြီဆိုရင်တော့ သင်မပေါ့ဆသင့်တော့ပါဘူး။ နီးစပ်ရာဆေးခန်းဆီကို အမြန်ဆုံးသွားသင့်တယ်။

READ
ပျားတုပ်မခံရဘဲ နေအိမ်ဧည့်ခန်းထဲမှာ အလွယ်တကူ ပျားမွေးမြူနည်း
pickingpok/Shutterstock
(၂)။ လွယ်လွယ်လေးနဲ့ မောတတ်တယ်

ကိုယ်က ဘာအလုပ်မှ ပင်ပင်ပန်းပန်းလုပ်ရတာမျိုးမဟုတ်ပေမယ့် လွယ်လွယ်လေးနဲ့မောနေတတ်တာမျိုး ဖြစ်လာတယ်ဆိုရင်လည်း သတိထားပါ။ လှေကား(၁၀)ထစ်လောက်တက်ရင်တောင် မောနေတတ်တာ၊ လမ်းလေး (၅)မိနစ်လောက် လျှောက်လိုက်ရင် မောလာတာ..စသဖြင့် အရင်လိုမဟုတ်တော့ပဲ လွယ်လွယ်လေးနဲ့မောနေတတ်တယ်ဆိုရင် သင့်ရဲ့နှလုံးအားနည်းနေတာဖြစ်နိုင်ပါတယ်။

neotemlpars/Shutterstock
(၃)။ ပိုပြီးကြောက်လန့်တတ်လာတယ်

ကိုယ့်အနီးအနားမှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ရင်တွေတုန်ပြီး လန့်နေတတ်တာမျိုး၊ ကြောက်စရာကောင်းတဲ့ဇာတ်ဝင်ခန်းတွေကြည့်လိုက်ပြီးတဲ့နောက် နှလုံးတုန်နေတတ်တာမျိုး..စသဖြင့် အရင်ကလိုမဟုတ်ပဲ ပိုပြီး ကြောက်လန့်တတ်လာတယ်ဆိုရင်လည်း သင့်ရဲ့နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးကြည့်သင့်တာအမှန်ပါ။

leungchopan/Shutterstock
(၄)။ လက်မောင်းတွေ ကိုက်တတ်တယ်

နှလုံးအားနည်းတဲ့သူတွေက လက်မောင်းတွေလည်း ကိုက်တတ်ပါတယ်။ ဘာမှ အလေးအပင်မ မ ထားဘူးဆိုရင်တောင် ညဖက်တွေမှာ လက်မောင်းတွေ ကိုက်လာတာမျိုး ဖြစ်တတ်တယ်။ အဲလို လက္ခဏာတွေက နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါသည်တွေဆီမှာလည်းတွေ့ရလေ့ရှိပါတယ်။

Linn

SHARE