သမီးရှင်တွေက ကိုယ့်ကိုသားမက်တော်ချင်နေရတဲ့ အကြောင်းရင်း(၆)ခု

Kiselev Andrey Valerevich/Shutterstock

သမီးရှင်တွေက ကိုယ့်ကိုဝိုင်းပြီး သားမက်တော်ချင်နေကြတယ် လို့ ပြောလိုက်တာနဲ့ ကိုယ်ဟာ ခေသူတစ်ယောက်မဟုတ်ဘူးဆိုတာ အားလုံးလက်ခံကြရမှာပါ။ ဒီခေတ်ကြီးမှာ ဒီလို သားမက်တော်ချင်ဖို့ဆိုတာ တော်ရုံအရည်အချင်းမျိုးနဲ့ မရဘူးလေ။

ကဲ…ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေရှိတာကြောင့် သူတို့က သားမက်တော်ချင်ရတာလဲ။ တစ်ချက်လောက်ကြည့်ရအောင်…။

(၁)။ တည်ငြိမ်ရင့်ကျက်တဲ့ပုံ ပေါက်တာကြောင့်

ကိုယ်က တည်ငြိမ်ရင့်ကျက်နေတဲ့ ပုံစံပေါက်နေရင်လည်း သမီးရှင်တွေက သဘောကျကြပါတယ်။ သူတို့စိတ်ထဲမှာ ဒီကောင်လေးကတော့ တည်တည်ငြိမ်ငြိမ်ရှိသား လို့ ထင်တတ်ကြတယ်။ ဒီလိုပုံမျိုးနဲ့ဆိုရင် သူတို့ရဲ့သမီးလေးကို ကောင်းကောင်းထိန်းသိမ်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြတယ်လေ။

ESB Professional/Shutterstock
(၂)။ ခိုင်မာတဲ့ဝင်ငွေတစ်ခု ရှိတာကြောင့်

ကိုယ့်မှာ ခိုင်မာတဲ့ဝင်ငွေတစ်ခုမရှိပဲ ဘယ်သူကမှ သားမက်တော်ချင်မှာမဟုတ်ပါဘူး။ သင်က တစ်လ တစ်သိန်း၊နှစ်သိန်းလောက်ရတယ်ဆိုရင် လမ်းတွေ့ရင်တောင် ခလုတ်တိုက်သွားဦးမယ်။ ဒီလိုမှမဟုတ်ပဲ သင်က လစာကောင်းတဲ့သူ၊ အလုပ်မှာရာထူးကြီးကြီးရထားတဲ့သူဆိုရင်တော့ သူတို့ရဲ့သားမက်လောင်း စာရင်းထဲမှာ အလိုလိုပါပြီးသား ဖြစ်သွားမှာပါ။

READ
IQ မြင့်တဲ့လူတွေက တစ်ယောက်တည်းနေရတာပိုသဘောကျကြောင်းတွေ့ရှိ
sanneberg/Shutterstock
(၃)။ ပတ်ဝန်းကျင်မှာ နာမည်ပျက်မရှိလို့

ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ နာမည်ပျက်မရှိတာကလည်း သမီးရှင်တွေကို မျက်စိကျစေပါတယ်။ ကိုယ့်အကြောင်းကို စကားစပ်မိလို့ပြောကြတဲ့အခါ “ဒီကောင်လေးက တော်တယ်” “လိမ်လိမ်မာမာနဲ့” စသဖြင့် ချီးကျုးသံတွေကိုကြားရရင် သူတို့ ကိုယ့်ကို စိတ်ဝင်စားလာကြမှာပဲလေ။ ဒီလိုမှမဟုတ်ပဲ ကိုယ်က မူးလာတိုင်း ရပ်ကွက်ကိုအော်ဆဲတတ်တာမျိုး ၊ ကိုယ့်အိမ်ကိုအကြွေးရှင်တွေ မကြာခဏ လိုက်လာတတ်တာမျိုးဆိုရင်တော့ သူတို့သမီးနဲ့မပြောနဲ့ သူတို့အိမ်နားတောင် အကပ်ခံချင်မှာမဟုတ်ပါဘူး။

(၄)။ လူချစ်လူခင်ပေါလို့

ကိုယ်က လူချစ်လူခင်ပေါတယ်ဆိုတာကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ရှိနေပါသေးတယ်။ ကိုယ့်ကိုချစ်တဲ့ ခင်တဲ့သူတွေပေါပြီး အဲဒီလူတွေဆီကတစ်ဆင့် ကိုယ့်ရဲ့ကောင်းသတင်းတွေကို သူတို့ ခဏခဏပြန်ကြားရတယ်ဆိုရင် ကိုယ့်ကိုသူတို့ သားမက်တော်ချင်လာမှာ သေချာတာပေါ့။

Ljupco Smokovski/Shutterstock
(၅)။ ပရဟိတလုပ်ငန်းတွေမှာ ဦးဆောင်လေ့ရှိလို့

ကိုယ်က ရပ်ရေးရွာရေးအတွက်လည်း ကူညီတတ်တဲ့သူ၊ ပရဟိတလုပ်ငန်းတွေမှာလည်း ရှေ့ဆုံးက ဦးဆောင်တတ်တဲ့သူဆိုရင် သမီးရှင်တွေမျက်စိကျခံရမှာအသေအချာပါ။ သူတို့စိတ်ထဲမှာ ကိုယ်က အများအကျိုးကို စိတ်ဝင်စားတဲ့သူလို့ ထင်မိကြလိမ့်မယ်။ ဒီလိုစိတ်ထားမျိုးနဲ့ဆိုရင် သူတို့သမီးအတွက် စိတ်ချရလိမ့်မယ်လို့လည်း ထင်မိကြပါလိမ့်မယ်။

READ
အိမ်ထောင်ရှင်တွေထက် ပိုအသက်ရှည်နိုင်ကြတယ်ဆိုတဲ့ တစ်ကိုယ်တည်းအပျိုကြီးများ
(၆)။ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းလို့

ဒီအချက်က သိပ်အရေးမကြီးပေမယ့် ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ရုပ်ရည်ကလည်းအဓိက ကျပါတယ်။ အဲလိုရုပ်ရည်မျိုးမရှိဘူးဆိုရင် သားမက်တော်ချင်တဲ့သူတွေရှိနေရင်တောင် သူတို့ရဲ့သမီးဖြစ်သူတွေက ကိုယ့်ကိုသဘောကျမှာမဟုတ်ကြလို့ပါပဲ။ အနည်းဆုံးတော့ သင့်တင့်တဲ့ရုပ်ရည်လေးရှိဖို့ လိုတာပေါ့လေ…။

Linn

 

SHARE