ဘာသာစကားအသစ်တစ်ခု သင်ယူမယ်ဆိုရင် ဒီအချက်(၅)ချက်ကို လိုက်နာဖို့လိုပါတယ်

Aysezgicmeli/Shutterstock

သင်က ဘာသာစကားအသစ်တစ်ခုသင်ယူဖို့အတွက် ဆန္ဒရှိနေတဲ့သူလား။ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ဆိုတာ တကယ်ပဲ ခက်ခဲပါတယ်။ အချိန်ပေးနိုင်မှ၊ အပြည့်အ၀ အာရုံစိုက်နိုင်မှသာ တတ်မြောက်လာနိုင်တာဖြစ်ပြီး သာမန်ကြိုးစားအားထုတ်မှုမျိုးနဲ့တော့ တတ်မြောက်ဖို့ မလွယ်လှပါဘူး။ သင့်အနေနဲ့ ဘာသာစကားတစ်ခုကို သင်ယူတော့မယ်ဆိုရင် ဒီအချက်တွေကို အခြေခံအားဖြင့် လိုက်နာဖို့လိုအပ်မှာဖြစ်ပြီး သင့်အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

(၁)။ နေ့တိုင်းလေ့ကျင့်ဖို့ အချိန်ပေးပါ

ဘာသာစကားအသစ်တစ်ခုဆိုတာ တစ်ပတ်ကို တစ်ခါလောက်မှ သတိရတဲ့အစာ ထပြီး ဖတ်နေတာမျိုး၊ ပြောနေတာမျိုးနဲ့ ဘယ်လိုမှ တတ်လာဖို့မရှိပါဘူး။ ကိုယ့်အနေနဲ့ မဖြစ်မနေတတ်အောင်သင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိထားရင် တစ်နေ့ကို တစ်နာရီ ဒါမှမဟုတ် နှစ်နာရီ သီးသန့်အချိန်ပေးပြီး လေ့ကျင့်မှုတွေ နေ့တိုင်း ပြုလုပ်ပေးဖို့ လိုပါလိမ့်မယ်။

Undrey/Shutterstock
(၂)။ မရှက်ပါနဲ့

ဘာသာစကားအသစ်တွေကို သင်ယူတဲ့အခါ သင်ယူသူတွေ ကြုံတွေ့ရတဲ့အဓိက ပြဿနာက ရှက်ကြတာပါ။ သူတို့က ဒီဘာသာစကားကို လူရှေ့မှာပြောဖို့ ရှက်ကြတယ်။ သူတို့နဲ့ အကျွမ်းမ၀င်သေးတဲ့အနေအထားမှာ အသံထွက်ပြီး ပြောဖို့ကိုလည်း မ၀ံ့မရဲဖြစ်တတ်ကြတယ်။ အဲဒီစိတ်ကို ကျိန်းသေပေါက် ဖျောက်ပစ်ရမှာဖြစ်ပြီး ဘာသာစကားတစ်ခုကို တတ်မြောက်ချင်တယ်ဆိုရင် ရှက်စိတ်ဆိုတာကြီးကို အရင်ဆုံးဖျောက်ဖျက်ပစ်ဖို့လိုပါတယ်။

READ
ဘဝမှာပိုမိုအောင်မြင်ဖို့ ပြောင်းလဲသင့်တဲ့အသေးအဖွဲအရာလေးများ
Lordn/Shutterstock
(၃)။ အဘိဓာန်တွေသုံးပါ

ကိုယ်မသိတဲ့ စကားလုံးကို ရှာဖွေဖို့အတွက် အဘိဓာန်တစ်အုပ်ကတော့ သင်မဖြစ်မနေ ဆောင်ထားရမယ့်အရာပါ။ အဘိဓာန်ဆောင်ထားခြင်းအားဖြင့် စကားလုံးအသစ်တွေကို ပိုလို့ မှတ်မိနေစေမှာဖြစ်သလို သင့်ရဲ့ ဘာသာစကားလေ့လာမှုအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၄)။ စကားပြောလေ့ကျင့်မယ့် အဖော်ရှာပါ

ဘာသာစကားအသစ် သင်တဲ့သူတွေအတွက် နောက်ထပ်အရေးကြီးတာတစ်ခုက စကားပြောမယ့်အဖော်တစ်ယောက် ရှိဖို့ပါ။ သင့်လိုပဲ ဘာသာစကားသင်တဲ့ မိတ်ဆွေတစ်ယောက် ရှိမယ်ဆိုရင် အချင်းချင်း စကားပြောကြတာ အကောင်းဆုံးဖြစ်ပြီး ဒီနည်းလမ်းက သင့်ရဲ့ဘာသာစကားစွမ်းရည်ကို အမြန်ဆုံးတိုးတက်လာစေပါလိမ့်မယ်။

(၅)။ များများနားထောင်ပါ

ဘာသာစကားတစ်ခု တတ်မြောက်ဖို့အတွက် အများကြီးနားထောင်ဖို့လိုတယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ သင် လေ့လာနေတဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကနေ စကားသံတွေကို နားထောင်နိုင်သလို စကားပြောအသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကနေ တစ်ဆင့်လည်း နားထောင်လို့ရနေတာကြောင့် သင့်အနေနဲ့ များများနားထောင်ဖို့လိုအပ်ပါတယ်နော်။

READ
ချစ်ရတဲ့သူနဲ့ ခရီးသွားရင်း အမှတ်တရဓာတ်ပုံ ကောင်းကောင်းလေးတွေ ရစေချင်လို့....
fizkes/Shutterstock

Linn

SHARE