ဘာပဲလုပ်လုပ် မအောင်မြင်ရခြင်းရဲ့အကြောင်းရင်း(၄)ချက်

Shift Drive/Shutterstock

ဘ၀မှာ ဘာကိုပဲလုပ်လုပ် မအောင်မြင်ဘူးဆိုတဲ့သူတွေက သပ်သပ်ရှိတယ်။ တကယ်ပါ၊ တချို့တွေက ဘာကိုပဲလုပ်လုပ် မအောင်မြင်ကြဘူး။ အဲဒီလို မအောင်မြင်လေ၊ ရှေ့ဆက်လုပ်ရမှာကြောက်လေ ဖြစ်ပြီး အောင်မြင်မှုဆိုတာကြီးနဲ့ လုံးဝကို အလှမ်းဝေးသွားကြရတာပါ။ ဒီလိုလူတွေအတွက်တော့ ဘာပဲလုပ်လုပ် မအောင်မြင်ရခြင်းရဲ့အကြောင်းရင်းတွေ ရှိကြပါတယ်။ သူတို့က ဒီအချက်တွေနဲ့ ကိုက်ညီနေသူတွေဖြစ်ပြီး ဒါတွေက သူတို့ရဲ့ အားနည်းချက်တွေလို့တောင် ပြောရမယ်ထင်တယ်။

(၁)။ လွယ်လွယ်လေး လက်လျော့တတ်တာ

လူတွေက တစ်ခါ၊နှစ်ခါလောက် ကြိုးစားကြည့်လို့ မအောင်မြင်ရင် လက်လျော့လိုက်တတ်ကြတယ်။ သူတို့စိတ်ထဲမှာ “ဒါကြီးကတော့ အောင်မြင်မှာမဟုတ်ပါဘူးကွာ” လို့ ထင်လာတတ်ကြပြီး လွယ်လွယ်လေး လက်လျော့လိုက်တတ်ကြတာပါ။ အဲဒီလို ဘာမှ မလုပ်ရသေးပဲ လက်လျော့တတ်တဲ့အကျင့်ကြီးက အချိန်ကြာလာလေ ခိုင်မြဲလာလေ ဖြစ်လာမှာဖြစ်ပြီး သင့်ကို အရှုံးသမားတစ်ယောက်အဖြစ် ပုံစံပြောင်းပေးလိုက်မှာပါ။ ဒီတော့ ဘယ်လောက်ခက်ခဲတဲ့ စိန်ခေါ်မှုတွေပဲဖြစ်ဖြစ် လွယ်လွယ်လေး လက်မလျော့လိုက်ပါနဲ့။ တစ်ခါပြီးတစ်ခါ ကြိုးစားကြည့်ပါ။ သင့်အနေနဲ့ အောင်မြင်မှုကို မကြာခင် မြင်ရပါလိမ့်မယ်။

READ
အပျိုကြီးဖြစ်တော့မယ့် မိန်းကလေးတွေရဲ့ လက္ခဏာများ
igorstevanovic/Shutterstock
(၂)။ အားနာတတ်တာ

အားနာတတ်တဲ့သူတွေကလည်း အလုပ်ကိစ္စတွေမှာ၊ ငွေကြေးနဲ့ပတ်သက်တာတွေမှာ အောင်မြင်ဖို့ အခွင့်အလမ်းနည်းတယ်။ ကိုယ့်အပေါ် အမှားလုပ်ထားတဲ့သူ ရှိတယ်ဆိုရင်လည်း သူ့ကိုရင်ဆိုင်ပြီးပြောရမှာ အားနာ ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ ရစရာတွေရှိတယ်ဆိုလည်း အကြွေးတောင်းသလို တောင်းနေရမှာ အားနာ။ ဒီလိုနဲ့ ကျရှုံးသွားကြတာပါ။ ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့သူ အများစုက အားနာတတ်တဲ့သူတွေ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပြီး ကိုယ့်ရဲ့အလုပ်နဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ အားမနာပဲ နည်းလမ်းမှန်အတိုင်း ဆောင်ရွက်သွားဖို့က တကယ်ပဲ အရေးကြီးပါတယ်။

igorstevanovic/Shutterstock
(၃)။ သူများပြောတိုင်း ယုံတတ်တာ

ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာ ကိုယ်တိုင် စနစ်တကျနဲ့တွေးဖို့ထက် သူများပြောတာတွေကိုသာ ယုံကြည်ဖို့ ကြိုးစားနေတာကလည်း သင့်ကို မအောင်မြင်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဆိုတာမျိုး မရှိတော့ပဲ တစ်ခုခုဆိုရင် သူတပါးရဲ့မှတ်ချက်တွေ၊ သုံးသပ်မှုတွေကို နားထောင်နေရတဲ့အနေအထားမျိုး ဖြစ်လာမှာပါ။ အောင်မြင်တဲ့သူတွေကိုကြည့်ပါ။ သူတို့လည်း တခြားသူတွေရဲ့စကားသံတွေကို နားထောင်ကြပါတယ်။ ဒါပေမယ့် သူတို့က သူများပြောသမျှ ယုံနေတာတော့မဟုတ်ဘူး။ တခြားသူတွေ ဘယ်လိုပြောလဲ၊ ဘယ်လိုထင်နေကြသလဲဆိုတာ နားထောင်ပြီး သူတို့ကိုယ်တိုင် ပြန်လည်ဆန်းစစ် အဖြေရှာကြတာကို တွေ့ရပါလိမ့်မယ်။

READ
သာမန်အိမ်အပြင်အဆင်ထဲကနေကွဲထွက်စေဖို့ ဆန်းဆန်းပြားပြားအိမ်အတွင်းဒီဇိုင်းလေးများ
(၄)။ ပျင်းနေတာ

ဒီအချက်ကတော့ အဓိက ပြဿနာကြီးပေါ့။ ကိုယ်လုပ်ရမယ့်အလုပ်ကို အချိန်ရှိတုန်းမလုပ်ပဲ ပျင်းနေတာကြောင့် အချိန်တွေ ရွှေ့ရင်း၊ ရွှေ့ရင်းကနေ နောက်ဆုံးတော့ ဘာမှဖြစ်မလာတဲ့အနေအထားကို ရောက်သွားကြတာပါ။ ဘယ်လိုအလုပ်မျိုးကိုပဲဖြစ်ဖြစ် ပျင်းမနေပဲ ၀ီရိယရှိရှိ လုပ်မယ်ဆိုရင် ကြိုးစားမှုရဲ့ အသီးအပွင့်လေးတွေကို ခံစားရမှာပါနော်..။ ပျင်းမနေပါနဲ့။

Shift Drive/Shutterstock

Linn

SHARE