သင့်ရဲ့ အောင်မြင်မှုလမ်းကြောင်းကို နှောင့်နှေးစေတဲ့ အကျင့်ဆိုး (၅)ခု

fizkes/Shutterstock

ကိုယ်က အလုပ်ကိုလည်း ကြိုးစားပါရက်နဲ့ သူများတွေလိုမျိုး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ကိုယ်ရည်မှန်းထားသလောက် မြန်မြန်ဆန်ဆန် ဖြစ်မလာပဲ တိုးတက်လာမှုနှုန်းက နှေးနေလို့ အားမလိုအားမရဖြစ်ရတဲ့အချိန်တွေ ရှိကောင်းရှိမှာပါ။ ဖြစ်နိုင်တာကတော့ သင့်အနေနဲ့ ကြိုးစားသလောက် အောင်မြင်မှုဆီကို မရောက်ဘူးဆိုတာ တခြားပြင်ဖို့လိုတာလေးတွေ ရှိသေးလို့ဆိုတာပါပဲ။ အထူးသဖြင့် အောက်မှာပါတဲ့ အချက်တွေက သင့်ကိုအောင်မြင်မှုပန်းတိုင်ဆီရောက်ဖို့ တကယ်ပဲ နှောင့်နှေးနေစေပါလိမ့်မယ်…။ အဲဒါတွေကတော့…

(၁)။ ရည်ရွယ်ချက်မရှိပဲ အလုပ်လုပ်တတ်တာ

ကိုယ်က အလုပ်တော့ကြိုးစားပြီးလုပ်ပါရဲ့။ ဒါပေမယ့် ကိုယ်လုပ်နေသမျှက ဘာဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိရင်လည်း အလကားပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှဟာ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်နေတာဖြစ်ပြီး အဲဒီရည်ရွယ်ချက်ကို ရောက်အောင် ကြိုးစားနေတာက သင့်ကို အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သွားစေပါလိမ့်မယ်။

READ
ဖခင်ခြေရာနင်းပြီး အန္တရာယ်များတဲ့တိရစ္ဆာန်တွေကို သိမ်မွေ့စွာကိုင်တွယ်နိုင်သူမိန်းမလှလေး
fizkes/Shutterstock

(၂)။ တာဝန်မယူတတ်တာ

ကိုယ်က အလုပ်တွေတော့ လုပ်ပါရဲ့။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့အလုပ်က ရလဒ်ဆိုးတွေ ထွက်လာပြီး အဲဒီအတွက် တာဝန်မယူတတ်ဘူး၊ ရှောင်ဖယ်နေမယ်ဆိုရင် သင် တော်တော်နဲ့အောင်မြင်မှာမဟုတ်ပါဘူး။ အောင်မြင်ကြသူတွေအများစုက သူတို့လုပ်ခဲ့တဲ့ အမှားတွေကို ကိုယ်တိုင်တာဝန်ယူတတ်သူတွေဖြစ်ကြပြီး သူတို့ရဲ့ အမှားတွေကတစ်ဆင့် သင်ခန်းစာယူတတ်သူတွေပါ။

(၃)။ အတ္တကြီးတာ

“ငါ့လောက်ကြိုးစားတာငါပဲရှိတယ်” “ဘယ်သူမှ ငါ့လိုမတော်ကြဘူး” “ငါ့အလုပ်ကို ဘယ်သူ့ကိုမှခွဲမပေးနိုင်ဘူး” စသဖြင့် အလုပ်နဲ့ပတ်သက်ပြီး အတ္တကြီးလွန်းတာကလည်း သင့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ကြန့်ကြာစေပါတယ်။ ကိုယ့်ရဲ့ အတ္တကို တတ်နိုင်သလောက်လျော့ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေနေနိုင်ခြင်းက သင့်ကို လျင်လျင်မြန်မြန်ပဲ တိုးတက်လာစေပါလိမ့်မယ်။

fizkes/Shutterstock

(၄)။ ခွင့်မလွှတ်တတ်တာ

သင်က အလုပ်နဲ့ပတ်သက်လို့ စည်းကမ်းကြီးလွန်းသူဖြစ်ပြီး တစ်ယောက်ယောက် အမှားလုပ်တဲ့အခါ ခွင့်မလွှတ်နိုင်သူတစ်ယောက်ဆိုရင်လည်း သင်အောင်မြင်ဖို့ခက်မှာပါ။ သင့်ဆီမှာ ခွင့်လွှတ်နိုင်စိတ်၊ နားလည်နိုင်စိတ်တွေရှိမှသာ လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သင့်အပေါ်လေးစားကြမှာဖြစ်ပြီး ဒီလိုမှမဟုတ်ဘူးဆိုရင် သင်မျှော်လင့်ထားသလောက် မြန်မြန်ဆန်ဆန် အောင်မြင်မှာမဟုတ်ပါဘူး။

READ
မြန်မာနိုင်ငံမှာ တဖြည်းဖြည်းခေတ်စားလာနေတဲ့ Music Streaming

(၅)။ ပေါင်းသင်းဆက်ဆံရေးညံ့တာ

ကိုယ်က ဘယ်လောက်ပဲတော်နေနေ ၊ ဘယ်လောက်ပဲ အလုပ်ကို ကြိုးစားလုပ်နေပေမယ့် အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ပြီး တစ်ကိုယ်တော်လုပ်နေပြန်ရင်လည်း အလုပ်က ထင်တိုင်းမပေါက်နိုင်ပါဘူး။ သင့်မှာ အကူအညီပေးနိုင်တဲ့ မိတ်ဆွေတွေရှိရမယ်၊ လမ်းညွှန်ပေးနိုင်တဲ့ ဆရာသမားတွေရှိရမယ်၊ သင့်အတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုတဲ့ လက်အောက်ဝန်ထမ်းတွေ ရှိရမယ်။ ဒီလိုမျိုး ပေါင်းသင်းဆက်ဆံရေးကောင်းနိုင်မှသာ သင်မျှော်လင့်ထားသလောက် မြန်မြန်ဆန်ဆန် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

fizkes/Shutterstock

Linn

SHARE