သင့်ရဲ့မနက်ခင်း အိပ်ယာထပုံကိုကြည့်ပြီး သင်ဘယ်လိုလူလဲဆိုတာ သိစေနိုင်သတဲ့

NotarYES/Shutterstock

မနက်ခင်းတွေမှာ သင်အိပ်ယာထတဲ့ ပုံစံကိုကြည့်ပြီး သင်ဘယ်လိုလူလဲဆိုတာ သိနိုင်တယ်လို့ပြောရင် ယုံနိုင်မလား။ တစ်ခါတလေကျရင် ကိုယ်မသိပဲ လုပ်လိုက်မိတဲ့ အပြုအမူလေးတွေက ကိုယ်ဘယ်လိုလူလဲဆိုတာ ဖော်ပြသလို ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် မနက်ခင်းတွေမှာ သင်လုပ်တဲ့ အလေ့အကျင့်လေးတွေက သင်ဘယ်လိုလူလဲဆိုတာကို ဖော်ပြနေကြပါတယ်တဲ့…။

(၁)။ နှိုးစက်ကို အချိန်ရွှေ့တတ်တဲ့သူ

သင်က မနက်အလုပ်သွားဖို့အတွက် နှိုးစက်အမြဲပေးထားတတ်ပြီး အဲဒီနှိုးစက်မြည်တိုင်း အချိန်ကို ရွှေ့နေတတ်သူလား။ နှိုးစက်ကို မနက် (၆း၀၀)နာရီမှာပေးထားရင် နှိုးစက်မြည်တဲ့အခါ (၆း၁၅)ကိုရွှေ့လိုက်မယ်၊ (၆း၁၅)မှာ မြည်လာတဲ့အခါ (၆း၃၀)ကို ရွှေ့လိုက်ပြန်ရော။ အဲဒီလို လုပ်နေတတ်တဲ့သူမျိုးလား။ ဒီလိုဆိုရင်တော့ သင်က သင့်အလုပ်ကို မုန်းနေတဲ့သူ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ အလုပ်သွားရမလား၊အိပ်နေရမလားဆိုတဲ့ မေးခွန်းကို မနက်တိုင်း ဖြေနေရတဲ့သူတစ်ယောက်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးနော်။

READ
အထာကျကျ ၊ စမတ်ကျကျ မိန်းကလေးတစ်ယောက်ဖြစ်အောင် နေထိုင်နည်း
Ko Backpacko/Shutterstock
(၂)။ နှိုးစက်မပေးပဲ နာရီကိုသာထကြည့်တတ်တဲ့သူ

သင်က နှိုးစက်ပေးထားရတာကိုမကြိုက်ပဲ မျက်လုံးပွင့်တာနဲ့ နာရီကို ထကြည့်တတ်တဲ့သူလား။ အဲဒီလိုဆိုရင်တော့ သင်က အချိန်ကိုလေးစားတတ်တဲ့သူမျိုးပါ။ သင် အိပ်ယာထရမယ့်အချိန်မတိုင်ခင် အမြဲတမ်းနိုးနေတတ်သလို သင့်ရဲ့အချိန်တွေကို အိပ်ယာထဲမှာ ကုန်သွားရတာမျိုး မကြိုက်တဲ့သူပေါ့။

(၃)။ နိုးနေတာတောင်မထသေးပဲ တစ်ခုခုကိုတွေးနေတတ်တဲ့သူ

အိပ်ယာနိုးလာပေမယ့် မထသေးပဲ တစ်ခုခုကို တွေးနေတတ်တာက သင့်ရဲ့အကျင့်ဆိုရင် သင်က ရည်မှန်းချက်မရှိပဲ တွေဝေနေတတ်တဲ့သူမျိုးပါ။ တစ်ခုခုကို တွေးနေတယ်လို့ သင့်ကိုယ်သင်ထင်မိမှာဖြစ်ပေမယ့် တစ်ခါတစ်လေကျရင် သင့်စိတ်ထဲမှာ ဘာမှ ရှိမနေပဲ မျက်နှာကျက်ကို ဒီအတိုင်းကြည့်နေမိတာမျိုး ဖြစ်ဖူးတယ်မို့လား။ ဒီအခြေအနေက သင်ဟာ တက်တက်ကြွကြွမရှိတဲ့သူတစ်ယောက်၊ အချိန်တော်တော်များများမှာ ပျင်းနေတတ်ပြီး ပုံမှန်အလုပ်လေးတွေကိုလုပ်ရင်း ဘ၀ကို ကျေနပ်နေသူတစ်ယောက်လို့ ဖော်ပြရာရောက်ပါတယ်။

tommaso79/Shutterstock
(၄)။ အိပ်ယာနိုးတာနဲ့ဖုန်းကြည့်တတ်တဲ့သူ

အိပ်ယာနိုးတာနဲ့ ကျန်တာဘာမှ ဂရုမစိုက်ပဲ အင်တာနက်ကိုဖွင့်ပြီး ဖုန်းကြည့်နေတတ်တဲ့သူဆိုရင်တော့ သင်က သင့်ရဲ့လူမှုဘ၀ကို အာရုံစိုက်လွန်းသူပါ။ သင့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာ အမြဲသိချင်နေမယ်၊ သင့်မိတ်ဆွေတွေရဲ့အပြောင်းအလဲကို လိုက်ပြီးလေ့လာနေမိမယ်၊ သင်က ဘ၀မှာ ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်ချင်နေလိမ့်မယ်။ အဲဒါကြောင့်ပဲ တခြားအရာတွေထက် ဆိုရှယ်မီဒီယာပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ အမြဲအာရုံစိုက်နေလေ့ရှိပြီး အပြောင်းအလဲတွေကို အမြဲစောင့်ကြည့်နေတတ်တာပါ။

READ
လူတစ်ယောက်ဘ၀မှာ လိုအပ်တဲ့ မိတ်ဆွေအမျိုးအစား(၅)မျိုး
Trendsetter Images/Shuttertock
(၅)။ ဘာစားရမလဲတွေးတတ်တဲ့သူ

အိပ်ယာနိုးလို့ မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ ဒီနေ့ဘာစားရမလဲဆိုတာ တွေးနေပြီဆိုရင်တော့ သင်ဟာ ဘယ်လိုလူလဲဆိုတာ ပြောဖို့တောင်လိုမယ်မထင်တော့ပါဘူး။ အဲဒီလိုလူမျိုးတွေဟာ တစ်ကိုယ်တည်းသမားတွေဖြစ်တတ်ကြပြီး အခြားအရာတွေထက် အစားအသောက်ကို ပိုလို့ ချစ်မြတ်နိုးသူတွေ ဖြစ်တတ်ပါတယ်။ သူတို့က ပိုက်ဆံကို စည်းစနစ်တကျ သုံးတတ်သူတွေဖြစ်ပြီး သူတို့ စားချင်တာတွေ ပုံမှန်စားနိုင်ဖို့ ပိုက်ဆံကို ကောင်းကောင်းရှာနိုင်ကြသူတွေလည်း ဖြစ်ကြတယ်။

Linn

 

SHARE