သင်မနက်ဆို ရုံးမတက်ချင်တာ ဒီလိုအချက်တွေကြောင့်ပါ

AN Photographer2463/Shutterstock

တချို့က စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေပြီးလို့ တနင်္လာနေ့ရောက်ပြီဆိုရင် ရုံးမတက်ချင်ကြဘူး။ သူတို့က ပိတ်ရက်မှာ ပျော်ရွှင်ခဲ့ကြပြီဆိုတော့ ဆက်ပြီးပျော်ချင်ကြသေးတာ။ တချို့ကတော့ တနင်္လာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရုံးကိုမတက်ချင်တာ။ မနက်ဖက် အိပ်ယာနိုးတယ်ဆိုတာနဲ့ ဆက်အိပ်ရမလိုလို၊ ရုံးကိုခွင့်တိုင်ရတော့မလိုလို နဲ့ အရမ်းတွေ လမ်းပျောက်ကုန်ကြတာ။ အဲဒါဘာကြောင့်လဲဆိုတော့ ……

(၁)။ ညတုန်းကအိပ်ရေးမ၀ခဲ့လို့

သင့်အတွက် လုံလောက်တဲ့အိပ်စက်ချိန်တစ်ခု မရခဲ့ဘူးဆိုရင် မနက်ရောက်တဲ့အခါ အိပ်ယာထချင်စိတ်ရှိမှာမဟုတ်ပါဘူး။ သင့်စိတ်ထဲကနေ တွေးနေမိလိမ့်မယ်။ “ငါ ဘယ်လောက်မှ မအိပ်ရသေးပါလား” ဆိုပြီးတော့။ အဲဒီနောက်မှာတော့ ဒီတစ်ရက် ရုံးမသွားတော့ပဲ ခွင့်တိုင်ပြီး ဆက်အိပ်လိုက်မယ်လို့ စိတ်ကူးမိမှာ အသေအချာပါပဲ။

Lia Koltyrina/Shutterstock
(၂)။ သင့်အတွက် ပိုက်ဆံကသိပ်အရေးမကြီးလို့

ပိုက်ဆံဆိုတာက  သင့်အတွက် သိပ်အရေးမကြီးဘူး၊ သင့်ဆီမှာ ဒီလအတွက် သုံးစရာလုံလုံလောက်လောက်ရှိသေးတယ်၊ ဒါ့အပြင် ရုံးမတက်လို့ ပိုက်ဆံအဖြတ်ခံရမယ်ဆိုလည်း စိတ်ထဲမှာ ဘယ်လိုမှ ခံစားရမှာမဟုတ်ဘူး စသဖြင့် သင်က ပိုက်ဆံနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတဲ့အခြေအနေတွေမှာ ရုံးမတက်ဖို့၊ ခွင့်ယူဖို့ စဉ်းစားမိတတ်ကြပါတယ်။ တစ်ရက်လောက်ပျက်လိုက်တာက ဘာမှမဖြစ်ပါဘူးလေ လို့ သင်တွေးကောင်းတွေးမိလိမ့်မယ်။ ခွင့်ယူတဲ့အတွက် သင်ဆုံးရှုံးရမယ့် ပိုက်ဆံပမာဏကို တွေးမိပြီး စိတ်မသက်မသာဖြစ်တာမျိုး မရှိဘူးဆိုရင် သင် ရုံးပျက်ဖို့သေချာသလောက်ဖြစ်နေပါပြီ။

READ
အိမ်တွင်းက ကြွက်တွေကို သဘာဝနည်းနဲ့ အလွယ်တကူ မောင်းထုတ်နည်း
Dean Drobot/Shutterstock
(၃)။ အလုပ်က ပျော်စရာမကောင်းလို့

အလုပ်လုပ်ရတာ ပျော်စရာမကောင်းဘူး၊ အလုပ်ထဲမှာ ဆွဲဆောင်မှုရှိတာလေးတွေ မရှိသလို ၊ ကိုယ့်အတွက် ပျော်စရာတွေလည်း ဘာမှမရှိဘူး လို့လည်း ခံစားနေရပြီဆိုရင် မကြာခဏ ရုံးပျက်တာမျိုးတွေ ဖြစ်လာမှာပါ။ မနက်ဆို အလုပ်သွားဖို့အတွက် ကိုယ့်ဘာသာကိုယ် အတင်းကို အားပေးနေရပြီး အလုပ်သွားရမှာ စိတ်ညစ်တဲ့စိတ်မျိုးတွေ ၀င်နေရင်လည်း မကြာခဏဆိုသလို ရုံးပျက်မိနေပါလိမ့်မယ်။

(၄)။ ပျင်းလို့

ဒီအချက်က အရေးအကြီးဆုံးပါ။ တချို့တွေက ပျင်းရင်ရုံးမတက်ချင်ကြပါဘူး။ သူတို့ရဲ့အကြောင်းပြချက်က ရိုင်းကောင်းရိုင်းမှာဖြစ်ပေမယ့် သူတို့ဟာ အမှန်တကယ်ကို ပျင်းနေကြသူတွေပါ။ အိပ်ယာက ထရမှာကို ပျင်းတယ်၊ ရုံးသွားဖို့ ကားစီးရမှာ၊ မနက်စာ ပြင်ဆင်ရမှာ စတာတွေကို ပျင်းနေတဲ့နောက် ရုံးတစ်ရက်လောက် မတက်ရဖို့အတွက်ပဲ အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပါတယ်။

READ
မကြာခင်မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေ Pre-Wedding ရိုက်တဲ့အခါ လှနေစေဖို့
Stokkete/Shutterstock
(၅)။ ကိုယ့်ကိုယ်ကိုယ်သနားလို့

မနက်အိပ်ယာနိုးလို့ မျက်လုံးနှစ်လုံးပွင့်လိုက်ပြီဆိုတာနဲ့ ဟိုနားက နာသလိုလို၊ ဒီနားက နာသလိုလို၊ ခေါင်းကိုက်နေသလိုလို၊ ကိုယ်ပူနေသလိုလို နဲ့ ဘာလိုလိုတွေဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် နေမကောင်းဖြစ်တော့မယ်လို့ ထင်မိကြသူတွေက သပ်သပ်ရှိပါတယ်။ အဲဒီလို ထင်မိကြပြီဆိုတာနဲ့ သူတို့ပထမဆုံးတွေးကြတာက ရုံးပျက်ဖို့ပါပဲ။ “ဒီနေ့မှ လက်တွေနာလိုက်တာ” “ခြေထောက်တွေညောင်းနေလိုက်တာ” စသဖြင့် ကိုယ့်ကိုယ်ကိုယ် သနားနေမိကြမှာဖြစ်ပြီး တချို့ဆိုရင် ခေါင်းလေးနည်းနည်းကိုက်တာတောင် ရုံးမသွားဖို့ ဆုံးဖြတ်လိုက်ကြတာမျိုးပါ။

Linn

SHARE