ဥာဏ်ကောင်းသူတွေဟာ ဒီအချက်(၄)ချက်ကြောင့် ပျော်ရွှင်မှုနဲ့ဝေးကွာနေတတ်ကြတယ်

PDPics /Pixabay

သင့်ဘ၀မှာ ဥာဏ်ကောင်းတဲ့သူတွေအများကြီးနဲ့ တွေ့ဖူးကောင်းတွေ့ဖူးလိမ့်မယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ဥာဏ်ကောင်းတဲ့သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ဥာဏ်ကောင်းတဲ့သူတွေဆိုတာ သူများထက်ပိုပြီး အောင်မြင်ကြသူတွေ၊ ပိုပြီး ချမ်းသာကြသူတွေ၊ ရာထူးမြင့်မြင့်တွေ ရတတ်သူတွေပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဥာဏ်ကောင်းသူတွေဟာ မပျော်ရွှင်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအချက်(၄)ချက်ကြောင့်ပါ။

(၁)။ ရည်မှန်းချက်ကြီးလွန်းတာကြောင့်

ဥာဏ်ကောင်းတဲ့သူတွေဟာ ရည်မှန်းချက်ကြီးကြသူတွေပါ။ သူတို့မှာ ကြီးမားတဲ့ မျှော်မှန်းချက်တွေရှိနေတတ်ပြီး အဲဒါတွေကို အောင်မြင်ဖို့ ကြိုးစားနေကြရတာကြောင့် တချို့ပျော်ရွှင်မှုတွေကို မခံစားနိုင်ကြပါဘူး။ သူတို့ရဲ့ဦးနှောက်က ဘာပြီးရင် ဘာလုပ်မယ်ဆိုတာတွေနဲ့ပဲ ပြည့်နေပြီး တကယ့်ပျော်ရွှင်မှု ဆိုတာနဲ့တော့ ဝေးကွာနေတတ်ကြပါတယ်။

rawpixel/Pixabay
(၂)။ တစ်ခုခုဆို မယုံတတ်တဲ့အကျင့်

ဥာဏ်ကောင်းတဲ့သူတွေရဲ့ ပြဿနာက လွယ်လွယ်နဲ့ မယုံတတ်တာပါ။ သတင်းတစ်ခုခုကြားတာပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် သူတို့က လွယ်လွယ်နဲ့မယုံတတ်ကြပဲ အဲဒါတွေက မှန်ရောမှန်ရဲ့လားဆိုပြီး စစ်ဆေးဖို့၊ သက်သေပြဖို့ ကြိုးစားတတ်ကြပါတယ်။ သူတို့ စိတ်ထဲမှာ ဒါမျိုးကဖြစ်နိုင်ပါ့မလား ဆိုတာမျိုး အမြဲတွေးနေတတ်ကြပြီး အဲဒီလို တွေးတတ်တာကြောင့်လည်း မပျော်မရွှင် ဖြစ်နေကြရတာပါ။

READ
မွေးချင်းထဲမှာ အကြီးဆုံးကလေးတွေဟာ တကယ်ပဲ ဥာဏ်ရည်အထက်မြက်ဆုံးလား....
Free-Photos/Pixabay
(၃)။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လွန်းသူတွေ

သူတို့က ရှုံးနိမ့်မှုတစ်ခုခုအတွက်၊ ဒါမှမဟုတ် လွဲချော်မှုတစ်ခုခုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လွန်းကြသူတွေပါ။ အသေးအဖွဲကိစ္စလေးမှာ အဆင်မပြေဖြစ်သွားတာတောင်မှပဲ တစ်ရက်နှစ်ရက်လောက်ကတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လို့ မပြီးအောင် ဖြစ်နေတတ်သူတွေပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဥာဏ်ရည်နဲ့ဆိုရင် ဒီလို လွဲချော်စရာ၊ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ခံယူထားကြတာကြောင့်ပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လွန်းရာကနေတစ်ဆင့် မပျော်မရွှင် ဖြစ်နေတတ်သူတွေပါ။

(၄)။ သူတို့ကိုနားလည်နိုင်မယ့်သူရှားပါးတာ

ဥာဏ်ကောင်းတဲ့သူတွေက တခြားသူတွေနဲ့ မတူပဲ ကွဲပြားတဲ့အမူအကျင့်တွေ၊ အလေ့အထတွေ ရှိတာကြောင့် သူတို့ကို နားလည်နိုင်မယ့်သူက ရှားပါတယ်။ သူတို့က လက်တွဲဖော်တစ်ယောက်တွေ့ဖို့ ခက်ခက်ခဲခဲ ရှာကြရသူတွေဖြစ်ပြီး များသောအားဖြင့် ဘ၀ကို အထီးကျန်စွာနဲ့ ဖြတ်သန်းကြရသူတွေပါ။

xusenru/Pixabay

Linn

SHARE