သင် အသက်ကြီးလာတဲ့အခါ ဒီအချက်တွေကိုနောင်တ မရမိဖို့ လိုပါတယ်

geralt/Pixabay

သင် အသက်တွေကြီးပြီး အိုမင်းလာတဲ့အခါ ဘာမှမလုပ်နိုင်တော့ဘူး။ အဲဒီအခါကျရင် သင်လုပ်နိုင်တာက တစ်နေရာရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး တွေးနေဖို့ပဲ။ အဲဒီလို အချိန်ကျရင် သင့်ဘ၀မှာ မလုပ်မိခဲ့တဲ့အရာတွေ၊ မလုပ်နိုင်ခဲ့တဲ့ အရာတွေအတွက် သင် နောင်တရနေလိမ့်မယ်။ အထူးသဖြင့် ဒီအချက်တွေကို သင့်ရဲ့ငယ်ရွယ်စဉ်အချိန်မှာ မလုပ်နိုင်ခဲ့ဘူးဆိုရင် သင် အသက်ကြီးလာတဲ့အခါ နောင်တရမိနေမှာပါ။

(၁)။ မစွန့်စားရဲခဲ့တာတွေ

သင့်ရဲ့ငယ်ဘ၀မှာ စွန့်စားရမယ့် ကိစ္စတွေကြုံခဲ့တိုင်း ရှောင်ဖယ်ခဲ့တာ၊ အဝေးထွက်ပြေးခဲ့တာတွေက သင် အသက်ကြီးလာတဲ့အခါ ပြန်တွေးမိပြီး နောင်တရစေမယ့်အရာတွေပါ။ ဘ၀နဲ့ပတ်သက်တဲ့ စွန့်စားမှုတွေ၊ အတွေ့အကြုံသစ်တွေနဲ့ ပတ်သက်တဲ့ စွန့်စားမှုတွေဆိုတာ သင်ခွန်အားရှိတဲ့အချိန်၊ ဥာဏ်ပညာနဲ့စွမ်းဆောင်ရည်ကောင်းတွေ ရှိတဲ့အချိန်တွေမှာသာ လုပ်ကိုင်နိုင်မှာဖြစ်လို့ စွန့်စားရမယ့်ကိစ္စတွေကို ကျောခိုင်းဖို့ မကြိုးစားပါနဲ့။

Simon/Pixabay
(၂)။ ကိုယ်ဝါသနာပါတဲ့လမ်းကို မရွေးချယ်ရဲခဲ့တာ

သင့်ရဲ့ဘ၀မှာ ၀ါသနာပါတဲ့၊ သင်လုပ်ချင်တဲ့ အရာတွေကိုမလုပ်ဖြစ်ခဲ့တာကလည်း အသက်ကြီးလာတဲ့အချိန်မှာ သင့်ကို နောင်တရစေမှာပါ။ သင့်ရဲ့ဘ၀အခြေအနေကြောင့် ၀ါသနာပါတဲ့အလုပ်ကို ရွေးချယ်ခွင့်မရှိဘူးလို့ ပြောကောင်းပြောမှာဖြစ်ပေမယ့် သင့်အနေနဲ့ ကြိုးစားခွင့်တော့ ရှိနေသေးတယ်လေ။ သင် ၀ါသနာပါတာတွေကို လုပ်ဖို့ အမြဲကြိုးစားစမ်းပါ။ အဲဒီအတွက် နောင်တမရမိပါစေနဲ့။

READ
ဘာမှမဖြစ်သလိုနေတတ်ပေမယ့် ရင်ထဲမှာအမြဲတမ်းနာကျင်နေတဲ့လူတွေရဲ့ အကျင့် (၅)မျိုး
FotografieLink/Pixabay
(၃)။ သင့်မိဘတွေအတွက် အချိန်များများမပေးဖြစ်ခဲ့တာ

သင် ငယ်ရွယ်စဉ်အချိန်မှာ သင့်မိဘတွေအတွက် အချိန်များများမပေးဖြစ်ခဲ့တာက သင်အသက်ကြီးလာတဲ့အချိန်မှာ နောင်တရမိမှာတွေထဲက တစ်ခုပါ။ သင့်အနေနဲ့ သူငယ်ချင်းတွေအတွက်၊ ချစ်သူအတွက်၊ အလုပ်အတွက် အချိန်တွေအများကြီး ပေးကောင်းပေးမှာဖြစ်ပေမယ့် သင့်မိဘတွေအတွက်တော့ ပေးခဲ့တဲ့အချိန်က အရမ်းကို နည်းခဲ့တယ်လို့ ခံစားရလိမ့်မယ်။ ဒီတော့ အဲဒီလို နောင်တမရဖို့ဆိုရင် သင့်မိဘတွေအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။

sathyatripodi/Pixabay
(၄)။ ချစ်တယ် လို့ပြောဖို့ကြောက်နေခဲ့တာ

သင် ချစ်တဲ့သူကို ချစ်တယ် လို့ပြောဖို့ ကြောက်နေခဲ့တာ၊ သင့်အနေနဲ့ ကြိုးစားကြည့်ဖို့ မ၀ံ့မရဲဖြစ်ပြီး ဆုံးရှုံးလိုက်ရတာတွေက သင့်ကို နောင်တရစေမယ့် ကိစ္စတွေပါ။ သင် အသက်ကြီးလာတဲ့အချိန်မှာ အဲဒီလို မပြောရဲခဲ့တာတွေ၊ မပြောဖြစ်ခဲ့တာတွေအတွက် နောင်တ ရမိလိမ့်မယ်။ သူ့ကိုသာ ချစ်တယ် လို့ပြောလိုက်ရင် သင့်ဘ၀ဟာ ဒီ့ထက်ပိုပြီး ပျော်ဖို့ကောင်းခဲ့မှာပဲလို့လည်းတွေးမိလိမ့်မယ်။ ဒီတော့ ချစ်တယ် လို့ပြောဖို့ မကြောက်ပါနဲ့။ သင် နောင်တရနေမှာကို မလိုချင်ဘူးမို့လား။

READ
စိတ်ပျံ့လွင့်မှု နည်းပါးသူများဟာ ဘ၀မှာ ပို၍ပျော်ရွှင်သူများဖြစ်ကြ
(၅)။ သင်သွားချင်တဲ့ခရီးတွေဆီ မသွားဖြစ်ခဲ့တာ

သင့်မှာ သွားချင်တဲ့ ခရီးစဉ်တွေ ရှိနေပါရက်နဲ့ မသွားဖြစ်ခဲ့တာတွေဟာ ပြန်တွေးကြည့်ရင် နောင်တ ရစရာပါ။ သင် သွားမယ်လို့ စိတ်ကူးထားပေမယ့် အသက်ကြီးလာပြီး အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်အထိ အဲဒီခရီးကို မသွားဖြစ်ဖူးဆိုရင် ပြန်တွေးပြီး နောင်တရနေဖို့ သေချာသလောက်ပါပဲ။ ဒီတော့ သင် ငယ်ရွယ်တဲ့အချိန်၊ စိတ်သွားတိုင်းကိုယ်ပါတဲ့အချိန်မှာ သင်သွားချင်တဲ့ခရီးတွေကို သွားဖြစ်အောင်သာသွားလိုက်ပါ။

(၆)။ ကိုယ့်အပေါ်မကောင်းတဲ့ချစ်သူကို မပြတ်နိုင်ခဲ့တာ

သင့်အပေါ်မကောင်းတဲ့ချစ်သူ၊ သင့်ကိုအမြဲအနိုင်ယူပြီး သူ့ရဲ့ပျော်ရွှင်မှုကို ရှာတတ်တဲ့ ချစ်သူမျိုးကို မပြတ်နိုင်ပဲ ချစ်နေမိခဲ့တာက နောင်တချိန်ကျရင် နောင်တရစရာပါ။ သင့်အနေနဲ့ သင်နဲ့တကယ်လိုက်ဖက်မယ့် လက်တွဲဖော်ကို မရှာနိုင်ခဲ့ပဲ သင့်အပေါ်မကောင်းတဲ့ ချစ်သူအတွက် အချိန်တွေအများကြီး ပေးနေမိခဲ့လိမ့်မယ်။ သင့်အပေါ်မကောင်းတဲ့ချစ်သူအတွက် ဘာလို့အချိန်တွေအကုန်ခံနေမှာလဲ။ သင်နဲ့လိုက်ဖက်မယ့် တစ်ယောက်ကိုသာ အမြန်ဆုံးပြောင်းလဲလိုက်စမ်းပါ။ သင့်ဘ၀မှာ နောင်တတွေနဲ့မပျော်မရွှင် မဖြစ်ချင်ဘူးမို့လား။

Linn

SHARE