သင်သိဦးမှာ မဟုတ်တဲ့ အလေးမခြင်းကြောင့်ရရှိနိုင်မယ့် ခန္ဓာကိုယ်အကျိုးကျေးဇူးများ

Freepik- freepik

Gym သွားတဲ့အခါ လူတွေက  အလေးမရမှာ ကြောက်လေ့ရှိတတ်ကြပါတယ်။ အလေးမရင် ငါ့ခန္ဓာကိုယ်ကြီးက ဗလတွေ တောင့်လာပြီး အကြီးကြီးများ ဖြစ်သွားမလားဘာလားဆိုပြီး ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အလေးလေးမရုံနဲ့တော့် ဗလကြီးဖြစ်လာမှာမဟုတ်ပါဘူး။ အလေးရဲ့ အလေးချိန်၊ ဆော့နည်း၊ နေထိုင်စားသောက်ပုံတွေလည်း လိုအပ်တာကို။ ဒီတော့ အလေးမကြီးကြောင့် ရလာနိုင်တဲ့ ခန္ဓာကိုယ်ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

Freepik- master1305

အရိုးကျန်းမာရေး

အလေးမခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို တည်ဆောက်ပေးတဲ့အပြင်ကိုမှ တစ်ပြိုင်နက်တည်း အရိုးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်လာစေပါတယ်တဲ့။ အဓိကကတော့ အရိုးရဲ့ သိပ်သည်းဆပေါ့။ အဲဒါကြောင့် အလေးမတဲ့ အားကစားလုပ်တဲ့လူတွေဟာ အသက် ၄၅ နောက်ပိုင်း သာမန်လူတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပိုပြီး သန်မာနေတာကို တွေ့ရမှာပါ။

Freepik- senivpetro

ကိုယ်ခံအားကောင်းစေတယ်

READ
သင့်အိပ်မက်ကပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း

အလေးမခြင်းဟာ တော်ရုံတန်ရုံ နှာစေချောင်းဆိုးနဲ့ ရာသီတုပ်ငွေးတွေကိုပါ ခံနိုင်ရည်ရှိစေဖို့အတွက် တိုက်ထုတ်ပေးနိုင်ပါတယ်။ကြွသားတွေကိုပါ အားရှိစေရုံမကဘဲ သွေးလှည့်ပတ်မှုအားကောင်းပြီးတော့ ဆဲလ်တွေကိုပါ သန်စွမ်းစေတာကြောင့် အလေးမတဲ့လူတွေဟာ တော်ရုံ နေမကောင်းမဖြစ်တတ်ကြပါဘူး။

Freepik- freepik

Metabolism နှုန်း

ကိုယ်အလေးချိန် လျော့ကျဖို့၊ ခန္ဓာကိုယ်ကျစ်လျစ်ပြီး အချိုးကျဖို့ဆိုတာ လူတစ်ယောက်ရဲ့ metabolism နဲ့ အနားကြီးသက်ဆိုင်နေပါတယ်။ ဥပမာဆိုရရင် လူတစ်ယောက် ဝရာမှ ပိန်ချင်တယ်ဆိုရင် ခုန်ပေါက်နေရတဲ့ cardio အသားအပေး လေ့ကျင့်ခန်းတွေချည်း လုပ်နေလို့မဖြစ်ပါဘူး။ အလေးပါတွဲမကာမှ အဆီတွေ ကျသွားတဲ့အခါ အသားက ကျစ်လျစ်ပြီး ပုံမှန်အတိုင်း ဖြစ်နေမှာပါ။ ဒီလိုဖြစ်ဖို့အတွက် အလေးမခြင်းဟာ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ဆောင်ချက်တွေကို အားကောင်းစေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းပါသေးတယ်။

penny

SHARE