MTV ရိုက်ကူးစဉ်၊ မြွေကိုက်ခံလိုက်ရတဲ့ Rapper Lil Pump

instagram/LilPump

အမေရိကန် Rapper တစ်ဦးဖြစ်တဲ့ Lil Pump ကတော့ MTV တစ်ခု ရိုက်ကူးစဉ်မှာ ထင်မှတ်မထားဘဲ မြွေကိုက်တာကို ခံလိုက်ရပါတယ်။ သူဟာ မြွေကို လက်ကနေကိုင်ပြီး သရုပ်ဆောင်ဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ဒါပေမယ့် မြွေက ဒေါသထွက်ပြီး Lil Pump ရဲ့ လက်ကို မိမိရရ လှမ်းကိုက်လိုက်တာပါ။

ဒီဗွီဒီယိုဟာ စတင်တဲ့ (၁)ရက်အတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းလောက် ရှိသွားပြီး JB ကတောင် မှတ်ချက် ဝင်ရေးရသည်အထိ ဖြစ်ခဲ့ပါတယ်။ Lil Pump ဟာ အသက်(၁၉)နှစ်သာရှိသေးတဲ့ Rapper တစ်ယောက်ဖြစ်ပြီး၊ နာမည်အရင်ကတော့ Gazzy Garcia ပါ။ သူရဲ့ သီချင်းထဲမှာ မြွေတွေကို ပါစေချင်တဲ့အတွက် အခုလို ဖန်တီးခဲ့တာပါ။

 

 

View this post on Instagram

 

I JUST GOT BIT BY A SNAKE 🐍 WTF 😂😂😂😂I CANT FUCK W NO SNAKES I HOPE I DONT DIE

A post shared by Lil Pump Jetski (@lilpump) on

ဗွီဒီယိုထဲမှာတော့ သူဟာ လှေကားထစ်မှာ ထိုင်နေရင်း မြွေကို ကိုင်ထားပါတယ်။ သူ့အနေနဲ့လည်း မြွေက ရန်မမူနိုင်လောက်ဘူးထင်ပြီး ရဲရဲတင်းတင်း ကိုင်တွယ်ခဲ့တာပါ။ ဒါပေမယ့် မြွေက ရုတ်တရက် လက်ကို မိမိရရ လှမ်းပေါက်လိုက်တော့ Lil Pump ဟာ ကြောက်လန့်တကြား မြွေကို လွှင့်ပစ်လိုက်ရပါတယ်။

အခုဆိုရင် ဒီဗွီဒီယိုဟာ ကြည့်ရှုသူ (၄.၂)သန်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ မြွေကိုက်ခံရပြီးနောက် သူက သွေးတွေရဲနေတဲ့လက်ကို ပြပြီး “ ကြည့်စမ်းပါဦး .. .ဒီမှာ ကျွန်တော် အကိုက်ခံလိုက်ရပြီ … ”လို့ ပြောခဲ့ပါတယ်။ JB ကလည်း ဒီပို့စ်မှာ “ “Bro, can’t f*** with snakes.”ဆိုပြီး မှတ်ချက်ရေးခဲ့ါပါတယ်။ တစ်ခြားသူတွေကလည်း အဆင်ပြေဖို့ မျှော်လင့်တယ်လို့ ရေးခဲ့ပါတယ်။

YouTube/Gucci Gang

 Lil Pump ဟာ (၂၀၁၇)တုန်းကတည်းက အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာသူဖြစ်ပြီး၊ Gucci Gang အမည်ရ သီချင်းတစ်ပုဒ်တည်းနဲ့ တေးချစ်သူတွေရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့သူပါ။ US Billboard Hot 100 စာရင်းကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ အခု ကိုက်တဲ့မြွေက အဆိပ်ရှိမြွေ ဟုတ်ပုံမရပါဘူး။ နောက်ပြီး မြွေကိုင်ဆရာကိုတောင် ဒီမြွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကို မြင်ရပါတယ်။

လင်းသူရိန်

SHARE