ကမ္ဘာကျော် ရက်ပ်အဆိုတော် Lil Wayne ကိုတော့ Hiphop ပရိသတ်တော်တော်များများ သိရှိကြပြီးဖြစ်သလို ရက်ပ်ပါလူငယ်အများစုရဲ့ လေးစားအားကျရတဲ့ ရကပ်ပါတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအစကတည်းလောက်က Lil Wayne ဟာ သူ့ရဲ့ ချစ်သူအသစ်တစ်ဦးဖြစ်တဲ့ plus-size မော်ဒယ် Denise Bidot နဲ့ လူသိရှင်ကြား တရားဝင်တွဲခဲ့သလို နှစ်ယောက်သား မိုးမမြင်လေမမြင်နဲ့ တော်တော်လေးကို ချစ်ခဲ့ကြပါတယ်။ အခုလည်း မကြာသေးခင် အချိန်ကမှ Denise ဟာ သူမရဲ့ IG မှာ Lil Wayne နဲ့ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း ပို့စ်တင်ခဲ့တယ်လို့ Hiphopdx သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အပေါ်က ပုံထဲမှာ မြင်တွေ့ရတာကတော့ Denise တစ်ယောက် သူမရဲ့ IG မှာ တင်ခဲ့တဲ့ ပို့စ်ဖြစ်ပြီး အသည်းကွဲနေတဲ့ emoji လေးတောင် ပါရှိခဲ့ပါသေးတယ်။ Denise တစ်ယောက် ဒီလိုမျိုးတင်ခဲ့တာကြောင့် Lil Wayne နဲ့ Denise တို့နှစ်ယောက်ပြတ်သွားပြီလို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒီထက်ပိုသေချာတာ တစ်ခုကတော့ Lil Wayne ရဲ့ IG ကို ဝင်ကြည့်လိုက်တာပါပဲ။ Lil Wayne ဟာ သူ့ရဲ့ IG မှာတော့ Denise နဲ့ ပြတ်သွားကြောင်း ဘာပို့စ်မှမတင်ခဲ့ပါဘူး။ ဒါပေမယ့် Lil Wayne တစ်ယောက် following လုပ်ထားတဲ့ သူနေရာဟာ သုညဖြစ်နေတာကို ကြည့်တာနဲ့တင် သူတို့နှစ်ယောက် တစ်ကယ်ပြတ်သွားကြပြီမှန်း ပရိသတ်တွေ သိခဲ့ကြပါတယ်။
BABE CITY Say hello to our collection with @denisebidot (if you haven’t already). Online right now. #NastyGalsDoItBetter shop now!!! —> https://t.co/ea7jK36iun pic.twitter.com/bzUzog45iR
— NASTY GAL (@NastyGal) October 21, 2020
အကြောင်းကတော့ Lil Wayne ဟာ သူ့ရဲ့ IG မှာ Denise တစ်ယောက်တည်းကိုပဲ follow လုပ်ထားတာဖြစ်တာကြောင့်ပဲဖြစ် အခု Lil Wayne ရဲ့ IG အကောင့်ထဲကို ဝင်ကြည့်ရင် following က သုညဖြစ်နေတာကြောင့်ပါပဲ။ ပရိသတ် အများစုကတော့ Denise တစ်ယောက် Lil Wayne ကို လမ်းခွဲခဲ့ရခြင်းအကြောင်းအရင်းကတော့ Lil Wayne တစ်ယောက် လက်ရှိ အမေရိကန်သမ္မတ Trump ကို ထောက်ခံအားပေးခဲ့တာကြောင့်ပဲလို့ ထင်ကြေးပေးခဲ့ကြပါတယ်။ အကြောင်းကတော့ Lil Wayne ဟာ Donald Trump ကို ထောက်ခံကြောင်း ပို့စ်တွေတင်ခဲ့တဲ့ တောက်လျှောက်မှာ လူတော်တော်မျာများရဲ့ ဝေဖန်ခြင်းကို တောက်လျှောက်ခံနေခဲ့ရပြီး သိပ်မကြာခင်အချိန်အတွင်းမှာ Denise နဲ့ Lil Wayne တို့ လမ်းခွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။
Just had a great meeting with @realdonaldtrump @potus besides what he’s done so far with criminal reform, the platinum plan is going to give the community real ownership. He listened to what we had to say today and assured he will and can get it done. pic.twitter.com/Q9c5k1yMWf
— Lil Wayne WEEZY F (@LilTunechi) October 29, 2020
Pyi Hein Kyaw