
ကမ္ဘာကျော် Rapper တစ်ဦး ဖြစ်တဲ့ Lil Wayne ကိုတော့ Hiphop ပရိသတ်တိုင်းလိုလို သိရှိကြပြီ ဖြစ်မှာပါ။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Lil Wayne ဟာ ကမ္ဘာ့ Hiphop Industry မှာ လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို လက်ရှိ နာမည်ကြီး ရက်ပ်ပါတော်တော်များများကို စင်ပေါ်တင်ပေးခဲ့တဲ့ Rapper ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ပိုင် Flow တွေ၊ အမိုက်စားသီချင်းတွေနဲ့ သီဆိုဟန်တွေကြောင့်လည်း Hiphop ပရိသတ်များစွာကို ပိုင်ဆိုင်ထားသူတစ်ဦးဆိုလည်း မမှားပါဘူး။
View this post on Instagram
Grammy ဆို ၅ ဆုကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ Lil Wayne ဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် ၆၃ နှစ်မြောက် Grammy ဆုပေးပွဲကို တက်ရောက်ဖို့အတွက် ဘယ်သူမှ လာရောက်ဖိတ်ကြားခြင်းကို မခံခဲ့ရပါဘူး။ ဒီလိုပုံစံမျိုးနဲ့ သူ့ကို ဆက်ဆံတဲ့အတွက် သူ့အနေနဲ့ Grammy ဆုပေးပွဲ တာဝန်ရှိသူတွေကို တော်တော်လေး စိတ်ပျက်ပြီး ဒေါသထွက်နေတဲ့အကြောင်းကို သူ့ရဲ့ Twitter မှာ ပေါက်ကွဲပြီး ပို့စ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ Grammy ဆုပေးပွဲမှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလက ထွက်ရှိထားတဲ့ Lil Wayne ရဲ့ Album ဖြစ်တဲ့ Funeral အမည်ရ အယ်လ်ဘမ်ဟာ ဆုပေးပွဲ ဆန်ကာတင်စာရင်းမှာ မပါဝင်ခဲ့တဲ့အတွက်ကြောင့်လည်း တော်တော်လေးကို စိတ်ပျက်နေခဲ့ကြောင်း People ၀က်ဘ်ဆိုင်ဒ်က ဖော်ပြခဲ့ပါတယ်။
As an artist, when I see da Grammys coming up & I’m not involved nor invited; I wonder. Is it me , my musik, or just another technicality? I look around w respect & wonder competitively am I not worthy?! Then I look around & see 5 Grammys looking bak at me & I go to the studio.
— Lil Wayne WEEZY F (@LilTunechi) December 20, 2020
“ကျွန်တော့်ကို ဘာကြောင့် Grammy ဆုပေးပွဲ မဖိတ်လဲဆိုတာကို စဉ်းစားလို့ မရပါဘူး။ ဘယ်လိုမျိုးတွေကြောင့်လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါဘူး။ ပြီးတော့ ကျွန်တော်ဟာ Grammy ဆု ၅ ဆုအထိတောင် ရထားတဲ့ Rapper တစ်ယောက်ပါ။ ကျွန်တော့် အယ်လ်ဘမ် ဆုပေးပွဲ ဆန်ကာတင်စာရင်းမှာ မပါဝင်လို့ စိတ်မကောင်ဖြစ်နေတာတောင် မကြာသေးဘူး။ အခုလည်း Grammy ဆုပေးပွဲကို ကျွန်တော့်ကို မဖိတ်တာ ဘာသဘောလဲဗျာ။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ Lil Wayne က သူ့ရဲ့ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw