စေ့စပ်ပွဲပျက်ပြီး (၁)လအကြာမှာ ရည်စားအသစ်ကို ပရိသတ်ရှေ့ ချပြလိုက်တဲ့ Lil Wayne

[email protected] [email protected]

Lil Wayne လို့ပြောလိုက်တာနဲ့ လူကောင်သေးသေး၊ တစ်ကိုယ်လုံးတက်တူးအပြည့်နဲ့  ခပ်မိုက်မိုက်ရက်ပ်ပါတစ်ယောက်ကို Hiphop ပရိသတ်တော်တော်များများ မျက်လုံးထဲမှာ မြင်ယောင်မိကြမှာပါ။ Hiphop လောကရဲ့ အမိုက်စား ရက်ပ်ပါတစ်ယောက်ဖြစ်ရုံသာမက Old Skool ရက်ပါတစ်ယောက်လဲ ဖြစ်ပါတယ်။ အခုလည်း Lil Wayne ဟာ လွန်ခဲ့တဲ့ တစ်လလောက်ကမှ စေ့စပ်ပွဲပျက်သွားပြီး သိပ်မကြာခင်မှာပဲ အမိုက်စား မော်ဒယ်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Denise Bidot နဲ့ တရားဝင်တွဲနေတယ်ဆိုတာကို  ပရိသတ်တွေသိအောင် သူ့ရဲ့ Instagram အကောင့်ရှိ Story မှာပို့စ်တင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပုံထဲမှာတွေ့ရတဲ့အတိုင်း ပထမဦးဆုံးပုံမှာတော့ Lil Wayne ဟာ Bidot ရဲ့ ပါးလေးကို ရုတ်တရက်နမ်းလိုက်ပြီး Bidot က ရှက်ပြုံးလေးပြုံးနေတဲ့ ပုံပဲဖြစ်ပါတယ်။ ဒုတိယပုံမှာတော့ Lil Wayne ကော၊ Bidot ကော တစ်ယောက်နဲ့တစ်ယောက် နမ်းရှုံ့နေပြီး နောက်ဆုံးပုံမှာတော့ နှစ်ယောက်စလုံး camera ကကကို ပြုံးပြီး စိုက်ကြည့်နေကြတာဖြစ်ပါတယ်။

READ
နယ်သာလန်နိုင်ငံ အထိလိုက်သွားပြီး အောင်ဆန်းစုကြည်ကို ဝန်းရံနေကြတဲ့ အနုပညာရှင်များ

https://www.instagram.com/p/B9Pqx9ZnUJ5/

https://www.instagram.com/p/B_dnY92jdfE/

Lily Wayne နဲ့ စေ့စပ်ပွဲ ပျက်သွားတဲ့ မော်ဒယ် La’Tecia ဟာဆိုရင်လည်း plus size model တစ်ယောက်ဖြစ်တဲ့အပြင် အခုလက်ရှိတွဲနေတဲ့ Bidot ကလည်း plus size မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Lil Wayne ကြိုက်တဲ့ မိန်းကလေးတွေရဲ့ ပုံစံကိုက plus size လေးတွေပါလားလို့ သူ့ရဲ့ပရိသတ်တော်တော်များများက ထင်ကြေးပေးနေပါတယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ လက်ရှိ အချိန် Lil Wayne ရဲ့ Instagram မှာ follow လုပ်ထားတဲ့ တစ်ယောက်တည်းသောသူက Bidot ဖြစ်နေတာပါပဲ။

[email protected]

Pyi Hein Kyaw

SHARE