
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် သရုပ်ဆောင် မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ Pamela Anderson ကိုတော့ ဒီက ပုရိသယောကျာ်းတော်တော်များများ သိရှိကြမှပါ။ Pamela ဆိုတာ တစ်ချိန်တုန်းက Playboy မဂ္ဂဇင်းရဲ့ နာမည်ကြီး အဖော်အချွတ်မော်ဒယ်တစ်ဦး ဖြစ်သလို ပုရိသယောကျာ်းတော်တော်များများရဲ့ အသည်းစွဲမင်းသမီးတစ်ယောက် ဖြစ်ခဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းက တီဗီချန်နယ်ကနေ ပြသခဲ့ဖူးတဲ့ Pamela ရဲ့ Baywatch စီးရီးကို တော်တော်များများ ကြည့်ခဲ့ဖူးကြမှာပါ။ အခုလည်း Pamela အကြောင်းပြန်လည်ရိုက်ကူးမယ့် စီးရီးဇာတ်ကားမှာ Pamela အဖြစ် မင်းသမီး Liliy James က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း Skynews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lily James ဟာ Mamma Mia! Here We Go Again, Cinderella, Baby Driver, Yesterday, War of the Titans, The Expection အစရှိတဲ့ နာမည်ကျော် Hollywood ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလည်း Lily ဟာ Pamela အဖြစ် Pam & Tommy လို့ အမည်ရတဲ့ စီးရီးမှာ Pamela အဖြစ် သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စီးရီးဟာ Pamela နဲ့ နာမည်ကျော် Rock star တစ်ယောက်ဖြစ်သူ Tommy Lee တို့အကြောင်း ရိုက်ကူးသွားမယ့် ရုပ်သံစီးရီးတစ်ခုပါ။
View this post on Instagram
View this post on Instagram
Pamela နဲ့ Tommy တို့ဟာ ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၃ နှစ်ကြာ ပေါင်းသင်းခဲ့ကာ ၁၉၉၈ ခုနှစ်မှာ ၂ ဦးသဘောတူ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ Pam & Tommy စီးရီးဟာ Pamela နဲ့ Tommy တို့ရဲ့ ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝအကြောင်းကို အဓိကထားပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ စီးရီးကိုတော့ I, Tonya ဇာတ်ကားရိုက်သူ နာမည်ကြီးဒါရိုက်တာ Tom Gillespie က ရိုက်ကူးမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။
View this post on Instagram
Pyi Hein Kyaw