Limited Edition အဖြစ် ထွက်ရှိလာမယ့် (၂၄)ကာရက်ရွှေနဲ့ စီခြယ်ထားတဲ့ PS5 ဂိမ်းစက်

Truly Exquisite.com

PS ပရိသတ်တွေအတွက် အခုဆိုရင် PS5 ဂိမ်းစက်တွေ လာတော့မှာ ဖြစ်ပါတယ်။ PS4 ဗားရှင်းမှာတောင် ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြတာမို့ PS5 က ဘယ်လိုပဲစံ ပွဲထွက်လာမယ်ဆိုတာကတော့ ကြိုတင်စိတ်ကူးယဉ်ကြည့်လို့ ရပါတယ်။ အခုနှစ် နှောင်းပိုင်းမှာ ထွက်ဖို့ရှိပါတယ်။

PS5 မှာ ဘာတွေထူးခြားမလဲဆိုတော့ မန်မိုရီက 16GB နဲ့ လာမှာဖြစ်ပြီး၊ သိုလှောင်ပမာဏက 825GB ဖြစ်ပါတယ်။ PS4 နဲ့ ကွာခြားချက်တွေကတော့ အများကြီးပါဘဲ။ အခုဆိုရင် PS4 က ထွက်ထားတာ (၇)နှစ်တောင်ရှိပြီမို့ အတော်လေး ညည်းငွေ့စ ပြုနေလောက်ပါပြီ။

Truly Exquisite.com

အထူးသတင်းအနေနဲ့ကတော့ PS5 စက်တွေကို Limited Edition အနေနဲ့ ရွှေသားစစ်စစ်နဲ့ ဖန်တီးထားတဲ့စက်တွေ ထုတ်လုပ်ရောင်းချဦးမယ်လို့ သိရပါတယ်။ ငွေကြေး မြောက်မြောက်များများ တက်နိုင်ရင်တော့ ဒီဂိမ်းစက်က သင့်အိမ်ကို ရောက်လာဖို့ ရှိပါတယ်။

ဒီဖန်တီးမှုကိုတော့ ဗြိတိန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Truly Exquisite က Customize ပြုလုပ်သွားမှာလို့ သိရပါတယ်။ (၂၄)ကာရက်ရှိတဲ့ ရွှေပြားတွေအပြင်၊ ပလက်တီနမ်နဲ့ (၁၈)ကာရက်အဆင့်ရှိ ရွှေနီတို့ကိုပါ အသုံးပြုပြီး PS5 ကို စီခြယ်ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။ နောက်ပြီး၊ ဝယ်သူအလိုကျ နားကြပ်နဲ့ Gamepad တွေကိုလည်း မိမိသဘောကျ ပြင်ဆင်ဖန်တီးခိုင်းလို့ ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ PS5 စက်တွေ ဘယ်အချိန်မှာ စတင်ရောင်းချမယ်ဆိုတာ Date တိတိကျကျ မထွက်သေးပါဘူး။ သို့သော်လည်း သေချာတာကတော့ ယခုနှစ်ထဲမှာပဲ ဖြစ်မှာပါ။ နောက်ပြီး အထူးထုတ် ဂိမ်းစက်တွေက ဘယ်ဈေးရှိနိုင်မယ်ဆိုတာကိုလည်း သက်ဆိုင်ရာက တစ်စွန်းတစ်စ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ကျွမ်းကျင်သူတွေရဲ့သုံးသပ်မှုမှာတော့ PS5 က PS4 ထက် ဂိမ်းတွေကို Load လုပ်ရာမှာ အဆ(၁၀၀)လောက်ထိ ပိုမြန်ဖို့ရှိနေပါတယ်။ SSD drive ရဲ့မောင်နှင်အားဟာ Raw mode မှာ တစ်စက္ကန့်ကို 5.5GB နှုန်းနဲ့မောင်းနှင်မှာမို့ မြန်နှုန်းကြီးကတော့ ကြောက်ခမန်းလိလိပါ။ Compress အနေအထားနဲ့ဆိုရင် တစ်စက္ကန့်မှာ 8 to 9GB အထိ Run ပေးမယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE