အနုပညာဖျော်ဖြေပွဲက ရရှိခဲ့တဲ့ အခကြေးငွေတွေကို လှူဒါန်းခဲ့တဲ့ ချစ်သုဝေနဲ့ လင်းလင်း

နာမည်ကျော် အဆိုတော်၊မင်းသမီးတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ အဆိုတော် လင်းလင်းတို့စုံတွဲကတော့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။သူတို့ကတော့ စိတ်တူကိုယ်တူ၊ဝါသနာတူတဲ့ စုံတွဲလေးဖြစ်ပြီး အရမ်းကိုမှ လိုက်ဖက်တဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေ အားကျရတဲ့ သူနှစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာလည်း လိုအပ်တဲ့ နေရာလေးတစ်ခုအတွက် အနုပညာအခကြေးငွေတွေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။ လင်းလင်းကတော့ သူ့ရဲ့ ဖေစ်ဘုတ်ေပါ်မှာ “မန္တလေး အောင်မြေသာစံရုံးဆောက်ရန် ရံပုံငွေဖျော်ဖြေပွဲတွင် ဂီတနှင့် ပူးပေါင်းပါဝင်ရင်း အနုပညာခ သိန်း ၆၀ အား ပြန်လည် လှူဒါန်း” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်ပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Lin Lin

SHARE