ဗစ်တိုးရီးယားလေးအမှုမှာ ပါဝင်ရတဲ့ အကြောင်းအရင်းကို လင်းလင်းဖွင့်ဟ

Image:fb/Lin Lin

နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ်လေးရဲ့ အမှုကိုတော့ လက်တလောမှာ အားလုံးက စိတ် ၀င်တစား စောင့် ကြည့် နေကြပါတယ်။အမှုမှန်ပေါ်ပေါက်ရေးကိုလည်း ပြည်သူတစ်ရပ်လုံး ပါဝင် ပေးနေကြပေမယ့်လည်း အမှုသွား အမှု လာ နဲ့ လက်ရှိ ထွက်ပေါ် နေတဲ့ ရလဒ် အဖြေတွေကတော့ အားလုံးကျေနပ်လောက်တဲ့ အဖြေ မဟုတ်ခဲ့ပါဘူး။ဒီအမှု မှာ ပါဝင် ပေးနေတဲ့ လင်းလင်းကတော့ အခုဆိုရင် နေပြည်တော်ကို ကိုယ်တိုင်သွားရောက်ပြီး အမှု အတွက် ကြိုး စား နေပါတယ်။

Image:fb/Lin Lin
Image:fb/Lin Lin

လင်းလင်းကတော့ ဒီအမှုမှာ သူပါဝင်ရတဲ့ အကြောင်းအရင်းကို လည်း ထုတ်ပြောခဲ့ပါတယ်။ဘယ်သူ့ကိုမှ အမုန်း တရား ရှိလို့ ပါဝင်တာမျိုးမဟုတ်ပဲ  “တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မေ ပ်ါဘူး ဆိုရင်,,ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ..” ဆိုပြီး သူဒီအမှုမှာ ပါဝင် ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့ပါတယ်။အမှုမှန်ပေါ်ပေါက်ရေးကိုလည်း တက်နိုင်သလောက် ကြိုးစား သွား မယ်လို့ ပြောခဲ့ပါတယ်။

READ
၂၀၁၉ ခုနှစ်မှာ ပြန်လည်ရိုက်ကူးတော့မယ့်"အောင်ဆန်းရုပ်ရှင်"အတွက် ပြင်ဆင်မှုများစတင်

“နေ့လည်ကတည်းက နေပြည်တော်ကိုရောက်ပါတယ်။
သေချာတာကိုပြောရမယ်ဆိုရင်,,
ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ ကိုယ့်တာဝန်ကိုထမ်း တာဝန်သိမိတ်ဆွေအချို့ နှင့် ကျွန်တော်အပြင် မွန်မြတ်တဲ့နှလုံးသားတစ်စုံ အရင်းခံပြီးပါဝင်ကြမယ့် ရှေ့နေ ကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ တက်နိုင်တဲ့အား, နိုင်တဲ့ဝန် နဲ့ ပြီးဆုံးတဲ့အထိ လုပ်စရာရှိတာများကို တရားနည်းလမ်း ဥပဒေဘောင်အတွင်းမှ အတက်နိုင်ဆုံး ရွက်လွှင့်ကြပါမယ်။

ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှု တကယ်ဖြစ်ခဲ့တယ်။ တရားခံအစစ် တကယ်ရှိရမယ်။ တစ်ဦးထဲလား ?။ တစ်ဦးထက်ပိုလား ? လက်ရှိစွဲချက်တင်ခံထားရတဲ့သူဟာ အစစ်လား? ဒီအမှုတွင်ဖုံးကွယ်မှုများရှိလား? ရှိရင် ဘယ်လိုလူများနဲ့ ဘယ်လိုအသိုင်းအဝိုင်းလဲ? အဲဒီမေးခွန်းတွေအတွက် ဒီနေ့ နေပြည်တော်ကိုရောက်ပါတယ်။ ဗစ်တိုးရီးယားလေးရဲ့အမှု မပြီးမချင်း ကျွန်တော့် wall မှာ ဘာမှတင်ဖို့မရှိပါဘူး။ ဆိုလိုတာက ကျွန်တော်ဘာတင်တင် ဗစ်တိုးရီးယားလေးရဲ့အမှုနဲ့ ပတ်သတ်တယ်လို့ ဆိုလိုတာပါ။

Image:fb/Lin Lin
Image:fb/Lin Lin

ဒီအတွက်လဲ ကျွန်တော့်ကို မချီးကျူးပါနဲ့။
ကျွန်တော့်ကိုချီးကျူးထောပနာပြုတာထပ်
ဒီအမှု အစ,ကနေ ယခုထိ နည်းမျိုးစုံနဲ့ စေတနာသန့်သန့်ပါဝင်ရပ်တည်ကြတဲ့ မိတ်ဆွေမိသားစုများကိုသာ ချီးကျူးစေချင်ပါတယ်။

READ
ချစ်သူ Joe Alwyn ဆီက မွေးနေ့လက်ဆောင်ရခဲ့တဲ့ Taylor Swift

ဒီအမှုကို ကိုယ်ထူကိုယ်ထ ဒီလိုပါဝင်ရတာဟာ
ဘယ်သူ့ကိုမှ အမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။
ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။
ပါဝင်ရတဲ့အကြောင်းရင်ကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင်,,
ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။

ယခုမှစပြီး အများသိသင့်တယ်ဟု ထင်သောအရာများကိုသာ
တင်ပါမည်။
အစွန်းများကိုဆင်ခြင်ရေးပါမည်။
အတက်နိုင်ဆုံးဒေါသကို ဖယ်ရေးပါမည်….” ဆိုပြီး တင်ထားပါတယ်။

Image:fb/Lin Lin

Source လင်းလင်း

SHARE