ချောကလက် ချစ်သူတွေ လည်ပတ်နိုင်မယ့် ဆွစ်ဇာလန်နိုင်ငံက ချောကလက်ရေပန်းကြီး

[email protected] lindt

ကျွန်တော်တို့ ငယ်ငယ်တုန်းက Charlie and the chocolate factory လို့အမည်ရတဲ့ ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီအချိန်တုန်းကတော့ Charlie ရဲ့ ချောကလက်စက်ရုံထဲမှာရှိတဲ့ ချောကလက်ကန်ကြီးဟာ အရမ်းကိုလှပပြီး စိတ်ကူးယဉ်လို့ အရမ်းကောင်ခဲ့တာပါ။ အသက်ကြီးလာတဲ့အချိန်မှ ဒါမျိုးတွေဟာ တစ်ကယ်မရှိမှန်း သိလာခဲ့ရတာပါ။ ဒါပေမယ့် မကြာသေးခင်အချိန်ကပဲ ကမ္ဘာကျော် ချောကလက်ကုမ္ပဏီတစ်ခေုဖြစ်တဲ့ Lindt ကနေပြီးတော့ ကိုယ်ပိုင် ချောကလက်ပြတိုက်တစ်ခုဖွင့်လှစ်ခဲ့ပြီး အဲဒီချောကလက်ပြတိုက်ထဲမှာ ကမ္ဘာ့အကြီးဆုံး ချောကလက်ရေပန်းကြီးကို ထည့်သွင်းဆောက်လုပ်ခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ Lindt ချောကလက်ပြတိုက်ကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က Switzerland(ဆွစ်ဇာလန်) နိုင်ငံ၊ Kilchberg မြို့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Lindt ချောကလက်ပြတိုက်ကြီးကိုတော့ Switzerland နိုင်ငံရဲ့ နာမည်ကြီး တင်းနစ်ချန်ပီယံ Roger Federer ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့သလို Lindt ချောကလက်ပြတိုက်ကြော်ညာမှာလည်း သူကိုယ်တိုင် သရုပ်ဆောင်ပြီး ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပြတိုက်ထဲမှာတော့ ချောကလက်တွေရဲ့ အရသာတွေ၊ ချောကလက်သမိုင်း၊ ချောကလက်ကို ဘယ်လိုမျိုးတွေ ပြုလုပ်ရလဲဆိုတဲ့ အဆင့်တွေအပြင် Lindt က ထုတ်လုပ်ခဲ့တဲ့ ချောကလက်တွေကိုပါ ခမ်းခမ်းနားနား ပြသထားပါတယ်။ ပိုပြီးထူခြားတာကတော့ အဆိုပါပြတိုက်ရဲ့ အလယ်တည့်တည့်မှာ ကမ္ဘာ့အကြီးဆုံး ချောကလက်ရေပန်းကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

READ
ခရီးသွားစဉ် တစ်ကိုယ်ရည်တစ်ကာယ လုံခြုံရေးအတွက် သတိပြုရမယ့်အချက်များ

 

 

အဆိုပါ ချောကလက်ရေပန်းကြီးဟာ ပေ ၃၀ အထိမြင့်မားပြီး ရေပန်းအပေါ်မှာတော့ မွှေတဲ့စတီးဇွန်းတစ်ချောင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဆိုပါ ရေပန်းထဲမှာ လီတာ ၁၅၀၀ ကျော်ရှိတဲ့ ချောကလက်တွေဟာ စီးဆင်းနေပြီး တစ်စက္ကန့်ကို ၂.၂ ပေါင်နဲ့ စီးဆင်းနေတာပဲ ဖြစ်ပါတယ်။ ဒီချောကလက် ရေပန်းထဲက ချောကလက်အရည်တွေဟာလည်း တစ်ကယ့် အစစ်တွေဖြစ်ပြီး အရသာကတော့ Lindt ကထုတ်လုပ်တဲ့ ချောကလက်အရသာပဲဖြစ်ကြောင်း သိရှိရပါတယ်။

READ
သဘာဝတရားရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို လက်ဆောင်ရထားတဲ့ အံ့ဖွယ်ကမ်းခြေများ

Pyi Hein Kyaw

SHARE