Victoria အမှုကို ကူညီပေးဖို့အတွက် နေပြည်တော်မှာ ရှိနေဆဲဖြစ်တဲ့ လင်းလင်း

linlin facebook

Victoria ရဲ့ အမှုကိစ္စကတော့ လက်ရှိအချိန်အထိ ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေဆဲအမှုတစ်ခုဖြစ်ပြီး တရားခံအစစ်အမှန်ပေါ်ပေါက်ဖို့အတွက် ပြည်သူလူထုကပါ ပါဝင် လှုပ်ရှားနေကြတဲ့ အမှုတစ်ခုလည်းဖြစ်ပါတယ်။ သမီးလေး Victoria  အတွက် ရပ်တည်ပေးကြတဲ့ သူတွေအများကြီးထဲမှာတော့ အနယ်နယ်အရပ်ရပ်ကလူတွေ အပြင်အနုပညာအသိုင်းအဝိုင်းပ လူတွေလည်း ပါဝင်လာတာဖြစ်ပါတယ်။

linlin facebook

အဆိုတော် လင်းလင်းကလည်း Victoria အတွက် တရားမျှတမှုရရှိနိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပါတယ်။ လင်းလင်းကတော့ “ကျွန်တော်ကတော့ သမီးလေးဗစ်တိုးရီးယားရဲ့ အမှုနဲ့ပတ်သတ်ပြီး လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည် ရဲ့လမ်းစဉ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်မှ တရားဥပဒေနည်းလမ်းများနဲ့အညီ တရားဥပဒေမူဘောင်အတွင်းမှ ပြုမူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ” ဆိုပြီးတော့ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ အတိအလင်းပြောထားတာဖြစ်ပါတယ်။

linlin facebook
linlin facebook

လင်းလင်းကတော့ လက်ရှိမှာလည်း နေပြည်တော်မှာ ဆက်ရှိနေဆဲဖြစ်ပြီး Victoria  ရဲ့ မိသားစုဝင်တွေနဲ့အတူ ကူညီပေးနေတာဖြစ်ပါတယ်။ စစ်မှန်တဲ့အမှန်တရားအတွက် ကြိုးစားပေးနေတဲ့ လင်းလင်း နဲ့ Victoria အတွက်လည်း ပရိသတ်တွေက ဆက်ပြီးတော့ ဝန်းရံပေးလိုက်ပါဦးနော်။ စစ်မှန်တဲ့ အမှန်တရားရရှိဖို့အတွက်လည်း ဆုတောင်းပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
သရုပ်ဆောင်ကစ်ကစ် ဆုံးပြီဆိုတဲ့သတင်း မမှန်ကန်ဟု ယုန်လေးနဲ့ ခင်သဇင်ပြော
linlin facebook

Source: Lin Lin facebook

SHARE